contents

သတင်းများ

ချစ်သူဆီက အချစ်တွေကို ပိုပြီးရအောင် ဘယ်လိုလုပ်ရမလဲ……

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ချစ်သူကို အရမ်းချစ်လာပြီဆိုရင် လူတော်တော်များများဟာ အမှားတွေ လုပ်မိတတ်ပြီး ဒီလိုအမှားတွေ မလုပ်မိအောင်အတတ်နိုင်ဆုံးထိန်းပြီး သင့်ချစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေ ပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့….


(၁) ပျော်ပျော်နေပါ။


သင်ရဲ့ လူမှုပတ်ဝန်းကျင် နယ်ပယ်ထဲမှာ အတတ်နိုင်ဆုံး ပျော်ပျော်နေတတ်အောင် ကျင့်ထားပါ..ပျော်ပျော်နေတတ်အောင် ကျင့်ထားလို့ဆိုတာက အတင်းလုပ်ယူထားတာပျော်ရွှင်မှုမျိုးမဟုတ်ပဲ ပျော်စရာရှိတဲ့ အခိုက်အတန့်အချိန်မျိုးတွေမှာ စိတ်လွတ်လက်လွတ်ပျော်စေချင်တာပါ..ပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ကို လူတိုင်းက သဘောကျသလို သင့်ချစ်သူကလည်း သင့်အပေါ် အချစ်တွေပိုတိုးလာမှာသေချာပါတယ်….


(၂) ချစ်သူကို လွတ်လပ်စွာနေခိုင်းပါ…



လူတွေက သူတို့ကို ချုပ်နှောင်ထားတဲ့သူတွေကို သဘောမကျတတ်ကျပါဘူး။ သင့်ချစ်သူကို ချစ်တဲ့စိတ် တစ်ခုထဲနဲပ အစစအရာရာ ချုပ်ကိုင်ထားမယ်ဆိုရင်တော့ အချစ်တွေတိုးလာမယ့်အစား စိတ်ထွက်ပေါက်မရှိပဲ သင်ဆီက ထွက်ပြေးချင်စိတ်တွေ ဖြစ်လာအောင် လုပ်နေသလို ဖြစ်ပါလိမ့်မယ်။ သင့်အပေါ်ကို အချစ်တွေ တစ်နေ့ပြီးတစ်နေ့တိုးလာစေချင်ရင် ချစ်သူကို ချုပ်နှောင်မယ့်အစား လွပ်လပ်စွာနေခိုင်းပြီး စိတ်ထွက်ပေါက်ပေးသင့်ပါတယ်။


(၃) ခဏခဏ ဂျီမကျပါနဲ့….



ချစ်သူအပေါ်အမြဲဂျီကျ အနိုင်ယူနေတဲ့လုပ်ရပ်တွေကို သင့်အပေါ်အချစ်တွေအချစ်တွေပိုတိုးလာစေမှာမဟုတ်ဘူးနော်…ခဏခဏဂျီကျအနိုင်ယူနေမယ့်အစား အတတ်နိုင်ဆုံး နားလည်ပေးပါ။ အနိုင်ယူလိုစိတ်လေးတွေလျော့ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေစွာနားလည်ပေးလိုက်ရင် ချစ်သူက သင်အပေါ် အချစ်တွေတိုးလာစေမှာပါ…


(၄) ချစ်သူအပေါ် အကောင်းဆုံးဆိုတဲ့ အရာတွေ လုပ်ပေးပါ။



သင့်ချစ်သူက အလုပ်မှာ အဆင်ပြေတာတွေ ၊ အောင်မြင်မှုတွေ၊ ပျော်ရွှင်စရာတွေရှိလို့ သင့်ကို အရင်ဆုံးပြောပြတာက သူရဲ့ ပျော်ရွှင်မှုတွေကို မျှဝေပေးချင်လို့ဖြစ်ပြီး အဲဒီအတွက် သူ့ကို ချီးကျူးဂုဏ်ပြုမှုလေးတွေပြုလုပ်ပေးသင့်ပါတယ်။ဘယ်ချစ်သူမဆိုပါ သူတို့ရဲ့ အောင်မြင်မှုအပေါ် အကောင်းမမြင်တတ်တဲ့သူတွေရဲ့ အနားမှာ မနေချင်ကြပါဘူး…ဒါကြောင့် သင့်ချစ်သူ သင့်ကို အချစ်တွေတိုးလာစေချင်ရင် သူ့ကို ကောင်းပေးပါ။ မေတ္တာဆိုတာ အသွား၊ အပြန်ရှိမှ ပိုတိုးတာပါ။


 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။