Lotayamm

search
မာတိကာ

contents

သတင်းများ

ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး ခင်ပွန်းကိုရထားပြီဖြစ်ကြောင်း သိနိုင်တဲ့ လက္ခဏာ(၁၀)ရပ်

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

အိမ်ထောင်အများစု ပြိုကွဲရတဲ့ အကြောင်းအရင်းကတော့ တန်ဖိုးမထားတတ်မှုတွေကြောင့်ပါ။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ စုံတွဲတွေဟာ သေးမွှားတဲ့ အရာလေးတွေအပေါ် တန်ဖိုးထားဖို့ မေ့လာတတ်ကြပါတယ်။ နေ့တိုင်း တစ်ဦးနဲ့ တစ်ဦးအပေါ် ကျေးဇူးတင်ပြီးနေကြခြင်းက ပိုမိုချိုမြိန်တဲ့ အိမ်ထောင်သည်ဘဝကို ရရှိစေမှာဖြစ်ပါတယ်။


သင့်ခင်ပွန်းကို အပြစ်တွေသာ လိုက်ကြည့်နေမယ့်အစား သူသင့်အပေါ် ဘာတွေ လုပ်ပေးသလဲဆိုတာကို အရင်ကြည့်ဖို့လိုပါတယ်။ သင့်ခင်ပွန်းက အောက်ပါအချက်တွေထဲက တော်တော်များများကို သင့်အတွက် လုပ်ပေးနေပြီးဆိုရင်တော့ သင်ဟာ အချစ်တတ်ဆုံးယောက်ျားတစ်ဦးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။


(၁) သင့်အပေါ် ယုံကြည်မှုရှိတယ်။



သင့်အပေါ် ယုံကြည်မှုရှိတဲ့ ခင်ပွန်းက သင့်ရဲ့ အပြုအမူတွေအပေါ် ဘယ်တော့မှ ဝင်မစွက်ဖက်တတ်သလို သံသယထားပြီးလည်း ဆက်ဆံမှာ မဟုတ်ပါဘူး။


(၂) သင့်အပေါ်သစ္စာရှိတယ်။



သူ့မှာ သင့်ကို ဘာမှ ဖုံးကွယ်ထားစရာမရှိပါဘူး။ သူ့ဘဝနဲ့ ပတ်သက်ပြီး သင်ဟာ အကုန်သိခွင့်ရှိကာ သူဘာတွေလုပ်နေလဲဆိုတာလည်း သင်အမြဲသိနေရမှာဖြစ်ပါတယ်။


(၃) သင်ဘာတွေ ကြိုက်တတ်လဲဆိုတာသိတယ်။



သင်ဘာအစားအသောက်တွေ ကြိုက်တတ်လဲဆိုတာ သူသိနေမှာပါ။ သင်ကြိုက်တတ်တဲ့ ရုပ်ရှင်တွေကိုလည်း သိပြီး သင်နဲ့ အတူလိုက်ကြည့်ကာ သင့်ဝါသနာတွေကိုလည်း နားလည်ပေးနိုင်ပါတယ်။


(၄) သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်ကို ပေးတယ်။



သင့်သူငယ်ချင်းနဲ့ အပြင်ထွက်လည်ချင်တာတွေ၊ ဆံပင်ညှပ်ချင်တာမျိုးတွေ၊ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ချင်တာမျိုးတွေကို သူလိုက်ပြီးနှောင့်ယှက်စွက်ဖက်နေမှာ မဟုတ်ပါဘူး။ သင့်ကိုယ်ပိုင်အချိန်လိုအပ်တယ်ဆိုတာ သူနားလည်ပါတယ်။


(၅) သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကူညီပေးတယ်။



သင်စိတ်ညစ်တဲ့အခါ သင့်ကိုယ်သင် မကောင်းပြောတာမျိုးတွေကို သူလက်ခံမှာ မဟုတ်ပါဘူး။ သင်အားငယ်တဲ့အခါတိုင်း ယုံကြည်မှုနဲ့ သတ္တိတွေပြန်လည်တည်ဆောက်လာနိုင်အောင် သူကူညီပေးမှာပါ။


(၆) သင့်ခံစားချက်တွေကို တန်ဖိုးထားတယ်။



သူဟာ သင့်အတွေးအမြင်တွေနဲ့ သင်ဘယ်လိုခံစားနေရလဲဆိုတာတွေကို အမြဲထည့်တွေးပေးပါလိမ့်မယ်။


(၇) သင်ရဲ့ ခက်ခဲတဲ့ဘဝကို လွယ်ကူသွားအောင် လုပ်ပေးတယ်။



သင့်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး အခက်အခဲတွေကို ရှောင်ဖယ်နိုင်ဖို့ ကြိုးစားပေးပါလိမ့်မယ်။


(၈) အရေးကြီးတဲ့နေ့ရက်တွေကို သတိတရအလေးထားတယ်။



သင့်အတွက် အရေးပါတဲ့ နေ့ရက်တွေကို အမြဲသိပြီး ထူးခြားမှု တစ်ခုခုအမြဲပြင်ဆင်ပေးပါလိမ့်မယ်။


(၉) အိမ်အလုပ်တွေကို ကူညီပေးတယ်။



ပန်းကန်ဆေးတာတွေနဲ့ ကလေးထိန်းတာမျိုးတွေကို သင်အကူအညီတောင်းစရာမလိုဘဲ အလိုက်တသိ အမြဲကူလုပ်ပေးပါတယ်။


(၁၀) သင်ဝမ်းနည်းတဲ့အခါတိုင်း အားပေးနှစ်သိမ့်တယ်။



 


သူဟာ သင်ဝမ်းနည်းနေတာကို ကြည့်မနေနိုင်တဲ့အတွက် သင်စိတ်ပြန်ပျော်လာဖို့ ဘာမဆိုလုပ်ပေးပါလိမ့်မယ်။


ဟုတ်ပါတယ်။ သင့်ခင်ပွန်းက အမှားတွေ လုပ်ပြီး သင့်ကို စိတ်မကောင်းအောင် လုပ်တာမျိုးတွေလည်း ရှိမှာပါ။ ဒါပေမယ့် သူဟာ ပိုကောင်းတဲ့လူဖြစ်လာအောင် နေ့တိုင်းကြိုးစားနေတယ်ဆိုတာလည်း သတိရပေးပါ။ အထက်ပါအချက်တွေထဲက အချို့ကို သင့်အတွက် လုပ်ပေးနေပြီဆိုရင်တော့ သင့်ကို သူချစ်တာ သေချာပါတယ်။


White (Shwemom)


Ref: familyshare