Lotayamm

search
မာတိကာ

contents

သတင်းများ

အညာသား

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
ဘေးလူတွေအမြင် လက်ဖက်ရည်ဆိုင်လေးတောင် မထိုင်တာ ကပ်စေးနှဲစရာပေါ့။ ကျွန်တော်ကတော့ ဒါတွေအပိုအလုပ် တွေလို့မြင်သလိုပိုက်ဆံကို အလဟဿသုံးဖြုန်းချင်လို့ မြင်မိတယ်ဗျ။ ကြည့်လေ။ နံနက်ဆို လက်ဖက်ရည်ဆိုင်မှာ လူတွေစုပြုံ နေကြပြီ။ အခြေခံလူတန်းစားတွေကလည်း အလုပ်မသွားခင် လက်ဖက်ရည်ဆိုင်ကို မိန်းမနဲ့လာထိုင်ပြီးစားတယ်။ ပြန်တော့ အိမ်က ကလေးတွေအတွက် ပါဆယ်ဆိုပြီး ထုပ်သွားလိုက်သေးတယ်။ ထင်တယ် နံနက်စာတင် တစ်မိသားစုလုံးစာအတွက် ကျပ်နှစ်ထောင်လောက်တော့ ကုန်လိမ့်မယ်ထင်တယ်။ တကယ်ဆို ညကတည်းက ထမင်းချက်ထား။ နံနက်ရောက်ရင်ပဲပြုတ်လေး ဒါမှမဟုတ် ဘဲဥသုံးလုံးလောက်ပြုတ်ပြီး ကြက်သွန်နီလေးနဲ့ သုပ် ကျွေးလိုက်ရင် ကျန်းမာရေးရှုထောင့်ကနေ ကြည့်ကြည့်၊ ကုန်ကျမှုဘက်ကနေကြည့်ကြည့် အကောင်းဘက်ကချည်းပဲ။ အခုတော့ လင်ယောက်ျားတစ်ယောက်ရဲ့ လစာတစ်ခုအပေါ်မှီခိုပြီး စား သောက်နေလိုက်ကြတာ။ ငွေပိုငွေလျှံဆိုတာ ဘယ်ထွက်လာပါ့မလဲ။ ဒီကြားထဲ ကျန်းမာရေးမကောင်းလာရင် မျက်လုံးပြူးရပြီ။ ဒီလိုလူတွေများလာရင် မြန်မာပြည်ကြီးဘယ်လိုလုပ်ချမ်းသာနိုင်ပါ့မလဲ။
ကျွန်တော်သိရသလောက် ရန်ကုန်မှာအညာသားတွေကြီးပွားနေကြတာများပါတယ်။ လက်ဖက်ရည်ဆိုင် တွေကိုကြည့်ရင်လည်း အညာသားပိုင်တဲ့ဆိုင်တွေများတယ်။ သူတို့ဘာကြောင့်ချမ်းသာသွားကြသလဲ။  ဘာလို့လဲဆိုတော့ ဒီရန်ကုန်စတဲ့ အောက်ပြည် အောက်ရွာမှာ ရေတစ်ခွက်ရဖို့ ခြေသုံးလေးလှမ်းနဲ့ ရနိုင်ပေမယ့် အညာမှာကမိုင်နဲ့ချီပြီးရေသွားခပ်ကြရတယ်။ ဒီလိုခပ်တဲ့အခါမှာလည်း ရေက လုံလောက်အောင် မရတော့ သူ့ထက်ငါအရင်ရောက်အောင် ဝီရိယထားပြီး ကြိုးစားရပြန်တယ်။ ဒါကြောင့် ဝီရိယထားတတ် အောင် ဘဝကသင်ပေးတယ်။ ပြီးတော့ အညာမှာက တစ်နေ့လုံးအလုပ်လုပ်မှ ကျပ်နှစ်ထောင်လောက်ပဲရတာ။ လုပ်ရတာကနေပူကြီးမှာ။ ဘယ်လောက်အားစိုက်လုပ်လုပ် တစ်နေ့လုပ်ခက ကျပ်နှစ်ထောင်လောက်ထက် ပိုမရကြပါဘူး။ ဒီအညာသားလေးက ရန်ကုန်ရောက်လာတော့ ရန်ကုန်ကအလုပ်တွေက ကြိုးစားရင်ကြိုးစားသလောက် ပိုက်ဆံရတယ်။ ဒါကြောင့် ပိုက်ဆံရ တော့ အလုပ်ကိုမနေမနားလုပ်ပြန်တယ်။ လုပ်သလောက် ပိုက်ဆံတွေအများကြီး ရလာတယ်။
ဒါပေမဲ့ အညာသားဆိုအောက်သားတွေက ရိုင်းတယ်။ ယဉ် ကျေးမှုမရှိဘူးဆိုပြီး အချို့ကပြောတတ်ကြပြန်တယ်။ ဥပမာ အလုပ်တစ်ခု လုပ်စရာရှိလို့ခိုင်းရင် ''ဒါလေးလုပ်ချင်တယ်ဆိုရင်'' ''ရပြီ ခင်ဗျားသွားတော့ လှည့်ကြည့်စရာမလိုတော့ဘူးဆိုပြီး ရင်ဝကိုဗုန်းခနဲနေအောင်ပုတ်ပြီး''ဘွင်းဘွင်းပဲပြောတယ်။ တစ်ဖက် လူ အမြင်တော့ ဒီစကားက ရိုင်းသလိုရှိတာပေါ့။ ထားတော့ ခုနစကားဆက်ရရင် အညာသားတွေက ဘဝနာကြတယ်။ ဒီတော့ကြိုးစားကြတယ်။ တကယ်မသုံးမဖြစ်တဲ့ အရာဆိုမသုံးကြဘူး။
ဒါကအညာသားတွေမှ မဟုတ်ပါဘူး။ အညာက သစ်ပင် လေးတွေကတောင် အညာမြေမှာ သူတို့ဘဝရှင်သန်ဖို့ ကြိုးစား ရုန်းကန်ရကြပါတယ်။ အညာမြေမှာ မိုးကခေါင်တော့ သစ်ပင် လေးတွေဟာ ရေကို အလုအယက်စုပ်ကြရတယ်။ အဲဒီအထဲကမှ ရေစုပ်နိုင်တဲ့အပင်က ရှင်သန်ခွင့်ရကြတာ။ ရှင်သန်ခွင့်ရပြန်တော့လည်း သူတို့ဘဝအမြဲရှင်သန်နိုင်ဖို့အတွက် ကြိုးစားကာကွယ်ရ ပြန်တယ်။ အညာမြေကိုရောက်ဖူးသူဆို တွေ့ကြပါလိမ့်မယ်။ အညာမှာ တမာပင်၊ ရှားပင်၊ ဆီးပင်တွေအပေါက်များတယ်။ ပေါက်တယ်ဆိုတာထက် သူတို့မှာ သူတို့ဘဝကို ကာကွယ်နိုင်လို့ြ<ွကင်းကျန်တဲ့ သစ်ပင်တွေပေါ့။ အခြားအပင်တွေက ငယ်ငယ်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားပြီး သူတို့ပဲ ကျန်နေခဲ့တာပါ။
ဘာဖြစ်လို့လဲဆိုတော့ အညာမြေမှာရှိတဲ့ ကျွဲနွားတွေဟာ စားစရာသစ်ပင်အများကြီးမရှိကြပါဘူး။ ဒါကြောင့်တွေ့ရာ အပင် တွေကိုပဲ သူ့ဝမ်းစာပြည့်ဖို့ အဝစားရရှာတယ်။ ဒီလိုစားတော့ တမာပင်လေးကလည်း သူ့မှာခါးတဲ့အရာလေးနဲ့ တစ်ပင်လုံးအကုန် မစားအောင် ကာကွယ်ပေးထားသလို ဆီးပင်လေးက လည်း ဆူး လေးနဲ့သူ့တစ်ပင်လုံး အစားမခံရအောင် ကာကွယ်ပေးထားပြန် တယ်။ အဲလိုပါပဲ။ ထနောင်းပင်လေးကလည်း သူ့တစ်ပင်လုံးအစား မခံရဖို့ ဆူးလေးတွေနဲ့ကာကွယ်ထားရရှာတယ်။ အောက်ပြည်မှာက သစ်ပင်တွေအများကြီးရှိကြတယ်။ ဒါကြောင့် တစ်ပင်တည်းကို အကုန်အစားမခံရဘူး။ ဟိုအပင်နည်းနည်း ဒီအပင်နည်းနည်းစားတော့ သူတို့မှာဘာနဲ့မှ ကာကွယ်ထားစရာမလိုပါဘူး။ အညာအပင်လေးတွေမှာတော့ သူတို့ဘဝအမြဲရှင်သန်ဖို့ ဆူးလေးတွေ၊ အခါးဓာတ်လေးတွေနဲ့ ကာကွယ်ရရှာတယ်။ ဒါကြောင့် အညာသားလေးတွေ လက်ဖက်ရည်ဆိုင် မထိုင်၊ အင်္ကျီအဝတ်အစား အသစ်တွေထည်လဲမဝတ်တာဟာ ကပ်စေးနှဲလို့ မဟုတ်ဘဲ သူတို့ဘဝအမြဲရှင်သန်နိုင်ဖို့နဲ့ ဆင်းရဲခြင်းကို ကာကွယ်ခြင်းသာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
 
မောင်မြင့်ဝင်း
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။