contents

သတင်းများ

၂ဝ၁၈ မြန်မာ စတိုင်

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
လူငယ်တွေခဏထားပြီး လူကြီးပိုင်းကြည့်ရ အောင်ပါ။ အမျိုးသား၊ အမျိုးသမီးတွေကြည့်လိုက်ရင်လည်း ဝဖီး ခန္ဓာကိုယ်အချိုးအစားပုံမကျပန်းမကျ ဖြစ်နေပါတယ်။ အခုခေတ်အမျိုးသမီးအတော်များများဟာ စင်ပေါ်ကိုအားလုံးရောက်နေကြတဲ့သူတွေဖြစ် နေကြပါပြီ။ အားလုံးဟာ ကိုယ့်ခန္ဓာကိုယ်မသယ်နိုင် ဖြစ်နေသူတွေများပါတယ်။ ဝပုံဝနည်းက အလွန်အကျွံပါ။ အဝတ်အစားတောင်ဝတ်လို့မရတဲ့စတိုင် တွေဖြစ်နေပါတယ်။ ကဲဒါဘာကြောင့်လဲစေ့ငုလိုက်ရင် အစားအစာ ပြဿနာပါ။ အားလုံးကိုမေးကြည့်လိုက်ရင်အစားကို လျှော့စားပါတယ်။ ဒီထက်လျှော့စားရရင် အငတ်နေရုံ ပဲရှိပါတော့တယ်။ လေ့ကျင့်ခန်းကလည်းလမ်းအမြဲ လျှောက်ပါတယ်။ တစ်နေ့တစ်နေ့လည်း အိမ်မှုကိစ္စ၊ အပြင်ကိစ္စ၊ ရပ်ရွာကိစ္စတွေနဲ့လည်း အားရတယ်မရှိပါဘူး။ ညအိပ်တော့မှသာ အိပ်လိုက်ရတာပါ။ နံနက်လည်း ကျောင်းကိစ္စ၊ ရုံးကိစ္စတွေနဲ့ အစောကြီးထရပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ အားနေတဲ့အမျိုးသား၊ အမျိုးသမီးမရှိပါဘူး။ အစားအစာတွေမှာပါဝင်တဲ့ဓာတ်တွေမမှန်တာပါ။ ဟိုရှေးရှေးတုန်းကလိုအပင် တွေ၊ အသီးအရွက်တွေ၊ ဆန်တွေက သဘာဝတရား ကြီးမဟုတ်တော့လို့ပါ။ အဆိုးရွားဆုံးက စားအုန်းဆီ ပြဿနာလို့ယူဆပါတယ်။ ခေတ်ကြီးက အစားလျှော့ အဆီလျှော့တဲ့ခေတ်ပါ။ ၂၁ ရာစုမှာ နိုင်ငံတကာကို ပြတင်းပေါက်အမျိုးမျိုးက မြင်တွေ့နေရပြီမို့လို့ နိုင်ငံတကာစတိုင်ပါ။ အစားအစာတွေထဲမှာ မူမမှန်တာ တွေပါဝင်နေလို့ပါ။ သဘာဝအစားအစာတွေမဟုတ် တော့လို့ပါ။ နိုင်ငံတကာမှာ အသက်ကြီးကြီးငယ်ငယ် အမျိုးသား၊ အမျိုးသမီး လူငယ်လူရွယ်ကလေးအားလုံးဟာ ကိုယ်ခန္ဓာအချိုးအစား ကျကျနနပိုင်ဆိုင်ကြ ပါတယ်။ အဝေးကြီးမကြည့်ရပါဘူး။ ကိုရီးယားမင်းသား၊ မင်းသမီးတွေကိုကြည့်လို့ရပါတယ်။
မြန်မာပြည်ရဲ့အစားအသောက်ပြဿနာကကြီးလာနေပါပြီ။ နေထိုင်မှုပုံစံပြောင်းလဲဖို့လိုနေပါပြီ။ စစ်ပြီးခေတ်ဂျပန်တွေ စားသောက်နေထိုင်မှုပုံစံပြောင်းသွားတဲ့အတွက် အရင်က ဂျပန်ငပုဘဝကနေ နိုင်ငံတကာစံနှုန်းဖြစ်လာပါပြီ။ အစားအသောက်သဘာဝ အတိုင်းဖြစ်ဖို့ဆိုရင် စိုက်ပျိုးမှုသဘာဝအတိုင်းဖြစ်ရ မှာဖြစ်ပါတယ်။ သဘာဝစိုက်ပျိုးအစားအစာတွေ မြန်မာနိုင်ငံမှာစတင်နေပြီ၊ ရောင်းချနေပြီဆိုတာတွေ့ ရပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းမြောက်မြားစွာကျဆင်းခဲ့တဲ့ မြန်မာ့အစားအစာလောကကြီးကိုပြင်ဖို့ကတော့ လွယ်ဦးမှာမဟုတ်သေးပါဘူး။ ဆက်၍ပြောရမည်ဆိုလျှင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးကိစ္စဖြစ်ပါတယ်။ စာရေးသူနားလည် သလောက်ပြောရလျှင် မြန်မာပြည်တွင် ကလေးမွေး နှုန်းကျဆင်းလာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မွေးဖွားနှုန်းများတဲ့နေရာမှာတော့များနေဆဲဖြစ်ပါတယ်။ အချိုး အစားမညီမျှသေးတာပါ။ ရန်ကုန်ကိုပဲကြည့်၍ပြောပါမည်။ အခွင့်အလမ်းများစွာရှိသောမြို့ကြီးပြကြီးမှာ မွေးဖွားသည့်ကလေးများသည် ဦးနှောက်လူ့စွမ်းအား အရင်းအမြစ်များဖြစ်လာနိုင်လို့ပါ။ ရန်ကုန်တွင် အိမ် ထောင်သည်စုံတွဲတို့ဟာသားသမီးတစ်ယောက်၊ နှစ် ယောက်သာယူသော စုံတွဲတွေများလာပါတယ်။ မှန်ပါတယ်။ သားသမီးတစ်ယောက်စရိတ်ကမသေးပါ။ ကြီးပြင်းလာသည်အထိ လူလိုသူလိုစားဖို့လိုပါတယ်။ အစစအရာရာစရိတ်ကြီးလာပြီဖြစ်ပါတယ်။ ကျောင်း ကောင်းကောင်းနဲ့ အဆင့်မီမီကလေးများကို ထားနိုင်ရပါမယ်။ နောက်ပြီး မိခင်တွေကလည်း ၂၁ ရာစု လူသားများပီပီ အပြင်ထွက်၍အလုပ်လုပ်နိုင်ကြသော မိခင်များဖြစ်လာကြပါပြီ။ ဒစ်ဂျစ်တယ်ခေတ်ကြီးတွင် ပညာရပ်အမျိုးမျိုး၊ အလုပ်အကိုင်အခွင့်အလမ်းများ စွာရှိလာပြီဖြစ်တာကြောင့် မိန်းကလေးတွေဟာ မီးဖို ချောင်ထဲတွင်နေသည့်ခေတ်မဟုတ်တော့ပေ။ အမှောင် ခေတ်ထဲတွင်မွေးဖွားခဲ့တဲ့ စာရေးသူတို့ခေတ်မှာတောင် ပညာတတ်ဖြစ်အောင်လုပ်၍ ယခုပေါ်ပေါက်နေတဲ့ နိုင်ငံခြားကုမ္ပဏီကြီးများမှာ အောင်မြင်တိုးတက် ကြောင်းနည်းလမ်းအဖုံဖုံဖြင့် အလုပ်လုပ်နေကြပါတယ်။ ကမ္ဘာကြီးကပြားလာပြီ၊ ကျဉ်းလာနေပြီ။ အမျိုးသမီးများမှာလည်း ရှေ့တန်းမှာ စင်မြင့်ထက်မှာ ကြော့ကြော့ မော့မော့ ကော့ကော့နေသောခေတ်ဖြစ်လာနေပါပြီ။
သို့သော် ပြန်စဉ်းစားရန်မှာ လာမယ့်အနှစ် ၂ဝ ကိုဖြစ်ပါတယ်။ နောင်အနှစ် ၂ဝ မှာ လူ့စွမ်းအား အရင်းအမြစ်နည်းသွားနိုင်ပြီဖြစ်ပါတယ်။ အဲဒီအချိန် မြန်မာပြည်ကြီးဟာ လွန်စွာမှခေတ်မီတိုးတက်ပြီး ပေါကြွယ်ဝသောနိုင်ငံဖြစ်လာနေတော့မှာပါ။ လူ့စွမ်းအားအရင်းအမြစ်အလျှံပယ်လိုလာသောကာလတစ်ခု ကို ရောက်လာပေတော့မှာဖြစ်ပါတယ်။ လှေလှော်တုန်း တက်ကျိုးအဖြစ်ခံလို့မဖြစ်ပါ။ အမျိုးသမီးလေးများ အိမ်ထောင်ရှိသူတိုင်းစဉ်းစားသင့်ပါတယ်။ တိုင်းပြည်ကြီး၏ လူ့စွမ်းအားအရင်းအမြစ်တိုးတက် စေဖို့ အဓိကအရေးကြီးသူများမှာ အမျိုးသမီးလေးများ ဖြစ်နေကြပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေး မွေးခြင်း အဓိကကျသူမှာ မိန်းကလေးများဖြစ်နေကြပါတယ်။ ယခုခေတ်ကြီးတွင် အချိန်ကအလွန်နည်းနေပါတယ်။ အိမ်မှာလည်း အိမ်မှုကိစ္စ၊ အိမ်ထောင့်ကိစ္စ၊ သားသမီးကိစ္စ၊ ကိုယ်ဝါသနာပါတာလုပ်နေတဲ့ကိစ္စ၊ ကိုယ့်ရဲ့ဝင်ငွေရလမ်းအလုပ်ကိစ္စများမြောင်လှပါတယ်။ ကလေးတွေအများကြီးမွေးပြီး ကလေးတွေ ထိန်းခြင်းဖြင့်သာ အချိန်မဖြုန်းလိုကြတော့ အမျိုးသား၊ အမျိုးသမီးအိမ်ထောင်ပြုဖို့ကလည်း ခက်ခဲလာပါတယ်။ တိုင်းပြည်တည်ဆောက်ဆဲဖြစ်တာကြောင့် အလုပ်အကိုင်ကောင်းကောင်း၊ အိမ်ကောင်းကောင်း မရှိတာကြောင့် ခက်ခဲနေကြပါတယ်။ အပျိုကြီး၊ လူပျိုကြီးပေါများတဲ့အချိန်ကာလပါ။ ယနေ့စာရေးသူ တို့ခေတ် အမျိုးသမီးအများအပြား အပျိုကြီးဘဝတွင် ရှိနေတာကိုတွေ့မြင်ရပြီးဖြစ်ပါတယ်။ ယောက်ျား၊ မိန်းမ အချိုးအစားမညီတာ၊ ယောက်ျားလေးများ ပြည်ပနိုင်ငံထွက် အလုပ်လုပ်ရတာလည်းပါပါတယ်။
စာရေးသူတို့ကမ္ဘာကြီး အိမ်နီးချင်းနိုင်ငံတွေကို အနည်းငယ်ပြန်ကြည့်ရအောင်ပါ။ ကိုရီးယားကိုကြည့်ရင် အိမ်ထောင်ပြုနှုန်း၊ ကလေးမွေးဖွားနှုန်း အလွန်အမင်းကျဆင်းလာနေပြီဖြစ်ပါတယ်။ နောင်လာမယ့်နှစ်တွေအတွက် လူ့စွမ်းအားအရင်းအမြစ်အများချည်းလိုနေပါပြီ။ ဒါကြောင့် အိမ်ထောင်ပြုရန်၊ သားသမီး မွေးဖွားရန်အတွက် အစိုးရများကိုယ်တိုင်ကပြုလုပ် ပေးနေရပါပြီ။ သူတို့နိုင်ငံ ဒီနေ့လိုတိုးတက်ဖို့ နေ့ မအိပ်ညမအိပ်ကြိုးပမ်းခဲ့ကြလို့ အိမ်ထောင်ပြုချိန်၊ သားသမီးမွေးဖွားချိန်တွေကို မေ့လျော့ထားခဲ့ရတာ ပါ။ အခု လူ့စွမ်းအားအရင်းအမြစ်လျော့နည်းနေပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆို သက်ကြီးရွယ်အိုအရေအတွက် ကမ္ဘာမှာအများဆုံးနိုင်ငံဖြစ်နေပါပြီ။ လူငယ်လူရွယ် လုံးဝမရှိတော့ သက်ကြီးရွယ်အိုပြုစုရန် လူငယ်မလုံ လောက်။ ရှိသည့်လူငယ်များမှာလည်း တိုင်းပြည် အတွက်၊ ကိုယ့်အတွက် အလုပ်ထဲမှာနစ်နေကြတယ်။ ဒါကြောင့် ဦးနှောက်ဖန်တီးပြုပြင်ထားတဲ့ စက်ရုပ်တွေ နဲ့ နပန်းလုံးနေကြရပြီဖြစ်တယ်။ လူ့စွမ်းအားအရင်း အမြစ်အတွက် နိုင်ငံခြားသားအလုပ်သမားတွေနဲ့ အလုပ်လုပ်ကိုင်နေရပြီဖြစ်ပါတယ်။
အနောက်နိုင်ငံ ဥရောပကိုကြည့်ရင်လည်း လူ့စွမ်းအားအရင်းအမြစ်ကုန်ခန်းနေပြီ။ မငြိမ်းချမ်းတဲ့နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားမိသားစုများသွားနေသင့်တဲ့ ဥရောပအနောက်နိုင်ငံများတွင် အခြေချနေလိုကြပြီ။ မိမိတို့လူမျိုးမဟုတ်၊ လိုအပ်နေတဲ့လူ့စွမ်းအားအရင်းအမြစ်အတွက်အစားထိုးနေကြရတယ်။ အဲဒီအခါမှာ လူမျိုးရေးပြဿနာဖြစ်လာနေပါပြီ။ အနောက်နိုင်ငံသွေး၊ ဥရောပသွေးစစ်စစ်မရှိ တော့ သွေးရောလာပြီဖြစ်ပါတယ်။ အဲဒီအခါမှာ ရှေးလူကြီးများက မျိုးရိုးစစ်စစ်ပြဿနာတွေပေါ်လာနေ ပြီဖြစ်ပါတယ်။ အဲဒါကတော့ တိုင်းပြည်တိုးတက် ကောင်းစားအောင် အမျိုးသမီးများလည်း ရှေ့တန်းမှာအလုပ်လုပ်ခဲ့ကြရလို့ အိမ်ထောင်သားမွေးဖွား အချိန်မပေးနိုင်ခဲ့ကြလို့ပါ။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံပါ။ အခုတတိယကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံ ဖြစ်နေပါပြီ။ နိုင်ငံတကာကုမ္ပဏီကြီးတွေဟာ လူ့စွမ်းအားအရင်းအမြစ်နည်းတဲ့နိုင်ငံတွေမှာအလုပ်လုပ်ရင် ထုတ်ကုန်ပစ္စည်းတွေအတွက် အချိန်အများကြီးပေးရမယ်။ ထုတ်ကုန်တွေဈေးကြီးမယ်။ လူ့စွမ်းအားအရင်း အမြစ်များတဲ့နိုင်ငံမှာထုတ်ရင် ကုန်ပစ္စည်းအများချည်း ပိုထွက်ပြီး ထုတ်ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့တန်ဖိုးဟာ ဈေးနှုန်းအများကြီးသက်သာသွားပြီ။ ဈေးနည်းတော့ လူတိုင်းဝယ်နိုင်တယ်။ ရောင်းအားကောင်း၊ အမြတ် ကောင်း အလုပ်ကိုတိုးချဲ့ကြီးပွားသထက်ကြီးပွားလာ ကြတယ်။ မိမိရဲ့ထုတ်ကုန်တွေ၊ စားသုံးကုန်တွေ လူ့ စွမ်းအားအရင်းအမြစ်များတဲ့နိုင်ငံတွေမှာ ပြန်ရောင်းချနိုင်လို့ ဈေးကွက်ကြီးမားကျယ်ပြန့်မှုကိုရလာကြတယ်။ ဥပမာအနေနဲ့ တယ်လီဖုန်းဈေးကွက်ကိုကြည့်နိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ကမ္ဘာ့ကုမ္ပဏီ ကြီးတွေ အလုပ်လုပ်ကြတယ်။ ဒီလိုနဲ့ တရုတ်ပြည် ကြီးထွန်းကားလာပြီး ဝင်ငွေတွေလည်းအများချည်းရ။ ကမ္ဘာမှာ ခရီးသွားလာနိုင်မှုအများဆုံးလူမျိုးတွေဖြစ် လာကြတယ်။ ဒါ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ကြောင့်ပါပဲ၊ အရင်အချိန်က တရုတ်နိုင်ငံက လူဦးရေများလွန်းလို့ တစ်မိသားစုမှာ ကလေးတစ်ယောက်ပဲ မွေးတဲ့ပေါ်လစီကျင့်သုံးခဲ့တယ်။ အခုနိုင်ငံတိုးတက် ထွန်းကား၊ ပြည်သူလူထုကိုလည်း ဝလင်စွာကျွေးနိုင် ပြီဖြစ်လို့၊ လူ့စွမ်းအားအရင်းအမြစ်ကောင်းတာလည်း သိသွားပြီဖြစ်လို့ နောင်အနာဂတ်မျိုးဆက်လိုလာပြီ ဖြစ်လို့ တစ်မိသားစုမှာ ကလေးနှစ်ယောက်မွေးတဲ့ ပေါ်လစီကျင့်သုံးလိုက်ပါပြီ။
အဲဒါကို နမူနာယူသင့်တယ်။ စာရေးသူတို့ မြန် မာပြည်မှာ နောင်အနှစ် ၂ဝ အတွက် ဦးနှောက်နဲ့ ကာယလူ့စွမ်းအားအရင်းအမြစ် အများကြီးလိုလာမှာ ဖြစ်တယ်။ အခုကတည်းကပြင်ဆင်သင့်ပြီ။ အိမ် ထောင်ပြုဖို့ အလွန်ခက်ခဲတဲ့အချိန်ပါ။ ဒါတွေကို တိုင်း ပြည်က အားလုံးအဆင်ပြေအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်ကစပြီး မြန်မာစတိုင်ကို ပြောင်းလဲကြပါစို့။ ။
 
ဝင်းမင်းဦး
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။