Lotayamm

search
မာတိကာ

contents

သတင်းများ

ရောင်စုံဓာတ်ပုံများအဖြစ် ပြောင်းလဲထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ပုံရိပ်များ

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ဒုတိယကမ္ဘာစစ်အတွင်း ပင်လယ်ထဲက စစ်သူရဲကောင်းတို့ရဲ့ အဖြူအမည်းဓာတ်ပုံများကို ဘာမင်ဂန်မြို့မှ ဒီဇိုင်းအင်ဂျင်နီယာ Paul Reynolds က ရောင်စုံဓာတ်ပုံများအဖြစ် အရောင်ပြန်သွင်းခဲ့ပါတယ်။ စစ်ပွဲတွေရဲ့ ဓာတ်ပုံတိုင်းဟာ နောက်ခံဇာတ်လမ်းတွေ အဓိပ္ပာယ်တွေ အမြဲရှိတာကြောင့် အရောင်ပြန်သွင်းရခြင်းဖြစ်ကြောင့် Paul က ပြောခဲ့ပါတယ်။



ဓာတ်ပုံပညာရှင်တော်တော်များများဟာ မြေပြင်တိုက်ပွဲတွေကိုသာ အရောင်ပြန်သွင်းလေ့ရှိပြီး Paul ကတော့ ကြီး၊ ရေ၊ လေ (၃)မျိုးလုံးရဲ့ ဓာတ်ပုံတွေကို အရောင်သွင်းချင်တာဖြစ်ကြောင်းဆိုပါတယ်။ သူအကြိုက်ဆုံးဓာတ်ပုံကတော့ ကာကွယ်ရေးသင်္ဘောကြီးကို ရေခဲတွေဖုံးနေခဲ့တဲ့ ဓာတ်ပုံပါ။



ကာကွယ်ရေးသင်္ဘောတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ခဲ့ပြီး ဇာတ်လမ်းတွေ စာတွေထဲမှာတော့ သူတို့ကို ဂုဏ်ပြုဖော်ပြတာတွေ ရှားတဲ့အတွက် ရွေးချယ်အရောင်သွင်းခြင်းဖြစ်ကြောင်းဆိုပါတယ်။ “ဒီဓာတ်ပုံတွေကို အရောင်ပြန်သွင်းတာက ဒုတိယကမ္ဘာစစ်အတွင်း ပင်လယ်ထဲမှာ စွန့်လွှတ်စွန့်စားခဲ့ရတဲ့ သင်္ဘောသားတို့ရဲ့ ဘဝတွေကို ယခုလူတွေ နားလည်စေဖို့ရည်ရွယ်ပါတယ်” လို့ Paul က ပြောခဲ့ပါတယ်။












White (Shwemom)


Ref: The Sun


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။