contents

သတင်းများ

တစ်ချိန်တစ်ခါကယောက်ျားလေးဖြစ်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် ၇ယောက်

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

ဒီနေ့ခေတ်မှာတော့ ယောကျာ်းလေးကနေမိန်းကလေးအဖြစ်ခွဲစိတ်ကုသတာက ရှားပါးဖြစ်စဉ်မဟုတ်တော့ပါဘူး။နာမည်ကျော်အနုပညာရှင်တွေထဲမှာလည်း ယောကျာ်းလေးဘ၀ထက်မိန်းကလေးဘ၀ကိုပိုပြီးလိုချင်နှစ်သက်လို့ပြောင်းလဲခဲ့တဲသူတွေရှိပါတယ်။ဘယ်သူတွေလဲဆိုတော့….


၁) Andreja Pejic


သြစတေးလျမှာနာမည်ကြီးတဲ့လိင်ပြောင်းမော်ဒယ်Andreja Pejic ဟာ တစ်နှစ်တည်းမှာပဲ အမိုက်ဆုံးယောက်ျားလေးဆုနဲ့ အလန်းဆုံးမင်းသမီးဆုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးဖက်ရှင်ရှိုးရော၊အမျိုးသားဖက်ရှင်ရှိုးတွေမှာပါ ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်ကတော့သူမရဲ့ နာမည်ကို Andreja လို့ပြောင်းခဲ့ပါတယ်။



၂) Lili Elb


Lili Elb ဟာ ဒန်းနစ်ရှ်ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ၁၉၃၀မှာ အမျိုးသမီးတစ်ယောက် အဖြစ်ပြောင်းလဲခွဲစိတ်ခဲ့တာဖြစ်ပါတယ်။သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Danish Girl ဇာတ်ကားဟာ Venic ရုပ်ရှင်ပွဲတော်မှာ ချီးကျူးမှုများစွာရရှိခဲ့ပါတယ်။LGBT ရုပ်ရှင်ပွဲတော်မှာလည်း သူမရဲ့ နာမည်နဲ့ဆုလေးဆုတောင်ပေးခဲ့တယ်လို့သိရပါတယ်။



၃) Laverne Cox


အမေရိကန်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Laverne Cox ဟာ Emmy Award ဆုရရှိခဲ့တဲ့ပထမဆုံးလိင်ပြောင်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။အမေရိကန်မင်းသမီးဟာ LGBT လှုပ်ရှားမှုအဖွဲ့အစည်းမှာပါဝင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။



၎) Kim Petras


ဂျာမန်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Kim Petras ဟာ အသက် ၁၂နှစ်အရွယ်တည်းက အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲခွဲစိတ်ခဲ့တာဖြစ်ပါတယ်။အဆိုတော်တစ်ယောက် လည်းဖြစ်ပြီး နာမည်ကျော်မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။




၅) Amiyah Scott


အမေရိကန်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Amiyah Scott ဟာ Rihanna နဲ့ Lil’ Kim တို့ရဲ့ စတိုင်လ်ကိုနှစ်သက်သဘောကျသူတစ်ယောက်ပါ။သူမက မော်ဒယ်လ်လည်းဖြစ်သလို သရုပ်ဆောင်လောက ဘက်ကို ခြေဦးလှည့်နေပြီဖြစ်ပါတယ်။သူမဟာလည်း အသက် ၁၅နှစ်အရွယ်ကစပြီးမိန်းကလေးအဖြစ်ပြောင်းလဲခဲ့ပြီးအသက် ၁၇နှစ်မှာလုံးဝ မိန်းကလေးအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။



၆) Jenna Talackova


ကနေဒီယန်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Jenna Talackovaဟာ ၂၀၁၂မှာကျင်းပခဲ့တဲ့ Miss Universe Canada ပြိုင်ပွဲမှာ လိင်ပြောင်းမော်ဒယ်လ်တစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး မီဒီယာတွေရဲ့ အာရုံစိုက်မှုခံလာရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။



၇) Carmen Carrera


Carmen Carrera ဟာ နာမည်ကျော်အမေရိကန်မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ အရင်နာမည်က Christopher Roman လို့ခေါ်ပြီး အခုလက်ရှိမှာတော့မင်းသမီးမော်ဒယ်လ် တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။နာမည်ကျော် Victoria Secret ရဲ့ မော်ဒယ်လ် တစ်ယောက်လည်းဖြစ်ပါတယ်။



 


 


 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။