Lotayamm

search
မာတိကာ

contents

သတင်းများ

သင့်မှာရော ဒီလိုသူငယ်ချင်းတွေရှိနေပြီလား…

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

သူငယ်ချင်းဆိုတာ အသွင်ပြင်တူပေမယ့် အချိုးစားတွေ၊ စိတ်ဓာတ်တွေကွာသေးတယ်…


လောကကြီးကပေးတဲ့ အကောင်းဆုံးလက်ဆောင်တွေထဲမှာ သူငယ်ချင်း လည်းပါပါတယ်။ သူငယ်ချင်းကောင်းတစ်ယောက်ရရင် သင့်ဘ၀အများကြီး ပြောင်းလဲသွားနိုင်သလို၊ မကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် သင့်ဘ၀ပျက်သွားနိုင်တယ်။ လောကကြီးထဲနေရင်းနဲ့ လိုမှလာပေါင်းတဲ့

သူငယ်ချင်းအယောင်ဆောင်တွေရှိသလို၊ ကိုယ်အခက်ခဲဖြစ်နေချိန်မှ မထင်မှတ်ထားဘဲ ကူညီပေးတတ်တဲ့ သူငယ်ချင်းတွေကို တွေ့ရမယ်။ အသွင်ပြင်တော့တူပေမယ့် စိတ်ဓာတ်တွေက ကွာသေးတယ်။ သင်ရောဘယ်လို သူငယ်ချင်းမျိုးလဲ.. ကြည့်ကြည့်လိုက်ပါဦး!


အသံကျယ်ကြီး အော်ပြောသူ




သူငယ်ချင်းတွေထဲမှာရှိတယ်.. စကားပြောရင် အသံအကျယ်ကြီး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။ အတော်လည်းစကားများသလို၊ အားလည်းတော်တော်ရှိတယ်။ ရယ်ရင်လည်း အားရပါးရ။ တစ်ခါတစ်လေ သူတို့အသံကြီးတွေကြောင့် စိတ်တိုရပေမယ့် အဲ့ဒီအကျင့်ကိုပဲ ကျွန်တော်တို့ခင်နေရတာပဲ

မလား?


ဂရုတစိုက်ရှိသူ




သူငယ်ချင်းတွေထဲမှာ တကယ့် အစ်မကြီးတွေလို ၊ အစ်ကိုကြီးတွေလို နွေးထွေးစွာဆက်ဆံပေးတဲ့ လူတွေရှိတယ်။ တစ်ခါတစ်လေ သူတို့မွေးထားတဲ့ကလေးတွေအတိုင်းပဲ..ကိုယ်တွေကို ဆုံးမနေတာ။ လမ်းကောင်းပြပေးတာပါ…အပေါ်စီးကနေ ဟောက်စားလုပ်တာမျိုးမဟုတ်ပါဘူး။ ဒီလို သူငယ်ချင်းမျိုးက ရှားတယ်။ သင့်မှာ ဒီလိုသူငယ်ချင်းရှိတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။


ဘုကလန့်တိုက်သူ




သူငယ်ချင်းတွေထဲ ဘုကလန့် တစ်ကောင်ပါမှ ပျော်ဖို့ကောင်းတယ်ဆိုတာ သင်သိပါသလား။ ဘယ်သွားသွား ၊ ဘာလုပ်လုပ် အမြဲကလန့်တိုက်ရမှာ ။ မစားဘူးလား .. မသွားဘူးလား.. ဆိုတော့လည်းမဟုတ်ဘူး။ စားမှာပဲ.. သွားမှာပဲကို အမြဲ ကလန်ကဆန်လုပ်ရမှ ကျေနပ်ကြတယ်။ ဒီလူလူတွေရှိတော့လည်း မပျင်းရတော့ဘူးပေါ့။


အတင်းတုတ်လွန်းသူ




တွေ့လိုက်တိုင်း တစ်ယောက်ယောက်အတင်းကို ထိုင်ပြောနေရမှ နေသာထိုင်သာရှိတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ သူငယ်ချင်း အချင်းချင်းထဲက သူကြည့်မရတဲ့လူဆို သေပြီပဲ..အတင်းပြောလို့မဆုံးတော့ဘူး။ တစ်ခါတစ်ခါ အနုပညာရှင်အကြောင်းတွေကလည်း ပါသေး။ တစ်ခါတစ်လေ ဒီလိုသူငယ်ချင်းရှိတာလည်း အပျင်းတော့ပြေပါတယ်လေ။


စိတ်အားငယ်လွန်းသူ




ထစ်ခနဲရှိ မျက်ရည်ကျဖို့ပဲ တာဆူနေတဲ့ အကောင်းစားသူငယ်ချင်းလေးတွေရှိတယ်။ ရည်းစားနဲ့ရန်ဖြစ်လာပြန်ပြီဆို ငိုလိုက်တာ၊ဘယ်လိုချော့ချော့မရဘူး။ပြန်အဆင်ပြေသွားရင်တော့ စပ်ဖြဲဖြဲနဲ့။ ရည်စားနဲ့မှမဟုတ်ဘူး.. ကိုယ်တွေလည်းတစ်ခါတစ်လေ စိတ်မရှည်လို့ နည်းနည်းလေသံမာသွားရင် စိတ်ကကောက်ချင်ပါသေးတယ်။ စိတ်မကောင်းဖြစ်နိုင်လွန်းသူလေးတွေ… xD


ဥာဏ်ပြေးလွန်းသူ




ဥာဏ်အရမ်းကောင်းတဲ့ သူငယ်ချင်းကိုပိုင်ဆိုင်ထားရတာ ဂုဏ်ယူလိုက်ပါ။ ပြဿနာတက်လို့ သူ့ကိုအကူညီသွားတောင်းရင် သင့်ကိုဖြေရှင်းပေးဖို့အသင့်ပဲ။ ခေါင်းထဲမှာ အိုင်ဒီယာတွေအပြည့်ရှိတယ်။ စာခိုးချမလား.. ကူညီပေးတယ်။ စိတ်ဓာတ်ကျနေလား.. အမြဲအားပေးနှစ်သိမ့်တတ်တယ်။ သူတို့က လက်တွေ့ကျတာကို ပိုကြိုက်ပါတယ်။


အမြဲနောက်ကျသူ




ချိန်းထားရင် ဘယ်တော့မှ အချိန်ကွက်တိမလာ။ ဘယ်လောက်ပဲပြောပြော မနာဘူး။ နောက်ကျမှ လာရတာကိုက သူ့ရဲ့စတိုင်လ်လိုဖြစ်နေပြီ။ နောက်ကျမှ ကြိုပြီးချိန်းလည်း နောက်ကျမြဲပဲ။ အချိန်လေးစားတတ်အောင် သူ့ကို နာရီလက်ဆောင်ပေးထားလည်း အလှပဲထိုင်ကြည့်နေမယ်ထင်ပါရဲ့။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။