Lotayamm

search
မာတိကာ

contents

သတင်းများ

စိတ်ဓာတ်မကောင်းတဲ့ မိန်းမတွေမှာ တွေ့ရတတ်တဲ့ အချက် (၅) ချက်

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

လူကောင်းနဲ့လူဆိုးဆိုတာ ဒီလောကကြီးမှာ အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ်။ စိတ်ဓာတ်မကောင်းတဲ့ မိန်းမတွေမှာ တွေ့ရတတ်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး ဒီလို လူမျိုးတွေထဲမှာ သင်မပါအောင် အထူးဆင်ခြင်နေထိုင်ပါနော်။


(၁) လောဘကြီးလွန်းတယ်



လောဘဆိုတာ လူတိုင်းအတိုင်းအတာတစ်ခုထိ ရှိတတ်ကြပါတယ်..ဒါပေမယ့် စိတ်ဓာတ်မကောင်းတဲ့မိန်းကလေးတွေဟာ သူများတွေထက်ပိုပြီး လိုချင်တပ်မက်မှုကို မက်မောကြတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ မကျေနပ်မရောင့်ရဲနိုင်ဘဲ တစ်ခုရရင် နောက်တစ်ခုထပ်လိုချင်တဲ့သူမျိုးတွေပါ။ ဒီလိုလူမျိုးတွေဟာ သူတို့လိုချင်တာရဖို့ဆိုရင် ဘယ်လိုယုတ်ညံတဲ့အလုပ်ကို လုပ်ရရင်တောင်မှ တွန့်ဆုတ်မနေတတ်တဲ့သူတွေပါ။


(၂) စိတ်ဓာတ်မကောင်းဘူး


စိတ်ဓာတ်မကောင်းတဲ့မိန်းမတွေဟာ အဆင့်အတန်းရှိတဲ့ပုံဖမ်းပြီး တန်ဖိုးကြီးတဲ့အ၀တ်အစားတွေ ၀တ်ထားပေမယ့်  ပင်ကိုယ်စိတ်ဓာတ်မကောင်းတဲ့အတွက် သူတို့ရဲ့ အဆင့်အတန်းက  ကုန်းကောက်လို့ မရလောက်အောင် နိမ့်ကျသူတွေပါ။ ဥပမာ- သူထက်သာ မနာလိုတာ၊ ချောက်တွန်းတာ ၊ သူများကောင်းစားတာကို မမြင်ချင်တာ စတဲ့အချက်တွေကို စိတ်ဓာတ်မကောင်းတဲ့မိန်းမ အချို့မှာ တွေ့ရတတ်တယ်။


(၃) မာန်မာနထောင်လွှားနေတတ်တယ်။


ဒီလိုလူမျိုးတွေဟာ များသောအားဖြင့် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့ပြီး အချိန်ပြည့်ငွေစကားပဲပြောတတ်ကြပါတယ်။ချမ်းသာရင်ပဲဖြစ်ဖြစ်၊ သုံးနိုင်ဖြုန်းနိုင်ဖြစ်နေရင်ကို အလိုလိုနေရင်းမာန်တက်ပြီး သူတစ်ပါးကို နှိမ်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေကအသားလွတ်မာန်တက်နေတတ်ကြပြီး ယဉ်ကျေးမှုဆိုတာကိုလည်း သူတို့နားမလည်ပါဘူး။


(၄) ကိုယ်ကျင့်တရားမကောင်းဘူး။



စိတ်ဓာတ်မကောင်းတဲ့မိန်းမတွေက ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်မှုလည်း မရှိတတ်ကြပါဘူး။ သူများအိမ်ထောင်ရေးပျက်စီးအောင်လုပ်တာ၊ သူများစီပွားရေးပျက်စီးအောင်လုပ်ပြီး ကိုယ်ကျိုးရှာတာ၊ ခိုးတာဝှက်တာ အစရှိတဲ့ လုပ်ရပ်တွေကို လုပ်တတ်ကြတဲ့အတွက် ဒီထဲမှာ ကိုယ်မပါအောင် အထူးဂရုစိုက်ကြပါနော်….


(၅) ကိုယ့်အကြောင်းကို လူတွေသိမှာ ကြောက်ရွံတတ်ကြတယ်။



ဒီလိုလူမျိုးတွေက သူတို့အကြောင်းကို လူတွေသိမှာ အလွန်ကြောက်ရွံတတ်ကြပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကံမတူတဲ့အတွက်ကြောင့် ဆင်းရဲချို့တဲ့စွာ မွေးဖွားလာတဲ့အခါမျိုးမှာ သူတို့အကြောင်း လူသိမှာ ကြောက်တတ်ကြတယ်..ယုတ်စွအဆုံး ကိုယ့်မိဘက ဘယ်သူဆိုတာကိုတောင် လူသိမှာ ကြောက်တတ်ကြတယ်။ ကိုယ့်မိဘကို လူမသိအောင် ဖုံးကွယ်ထားတယ်ဆိုတာထက် ဆိုးတဲ့စိတ်ဓာတ် ယုတ်ညံ့မှုတော့ မရှိတော့ပါဘူးနော်။