Lotayamm

search
မာတိကာ

contents

သတင်းများ

(၂၀၁၇)ခုနှစ်ရဲ့ ပရိသတ်ရင်ဘတ်ကို အထိခတ်ဆုံး ဓာတ်ပုံရိုက်ချက်များ

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ဓာတ်ပုံဆရာဆိုတာ အချိန်တိုင်း ပုံကောင်းရနိုင်တာ မဟုတ်ပါဘူး။ တစ်ခါတလေ သဘာဝပတ်ဝန်းကျင် ဓာတ်ပုံတွေကို ရိုက်တဲ့အခါမှာ ရာသီဥတုနဲ့ နေရဲ့အလင်းအမှောင်အချိန်ကို အချိန်ကုန်ခံပြီး စောင့်ဆိုင်းနေရတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါတလေကျပြန်တော့လည်း ထင်မှတ်မထားတဲ့ ဓာတ်ပုံရိုက်ချက်တွေကလည်း ကမ္ဘာကျော်သွားနိုင်ပါတယ်။


အောက်မှာ ဖော်ပြထားတာတွေကတော့ The Sun သတင်းစာကနေ စုစည်းဖော်ပြထားတဲ့ 2017 Siena International Photo Awards မှာ ဆုရခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ပရိသတ်ရင်ဘတ်ကို အထိခတ်ဆုံးရသတွေ ပေးစွမ်းနိုင်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ Shwemom ပရိသတ်ကြီး ရှုစားကြည့်ပါဦး။


(၁) ပေါ်တူဂီလူငယ်ပွဲတော်


Joao Taborda

Fascinating Faces and Characters category မှာ ဆုရခဲ့တဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံဟာ သာမန်ရိုက်ချက်တစ်ခုလို့ ထင်ရပေမယ့် မတူညီတဲ့အရောင်တွေကြားမှာ ရှင်းလင်းတဲ့ Subject ကို ပုံဖော်နိုင်ခဲ့တဲ့ ဓာတ်ပုံပါ။ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာကတော့ Joao Taborda ဖြစ်ပါတယ်။


(၂) Athabasca Cave


Juan Pablo

ကနေဒါနိုင်ငံက Athabasca Cave  ရဲ့ ဂူအတွင်းပိုင်းကနေ ပုံဖော်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံလက်ရာရှင်ကတော့ Juan Pablo ဖြစ်ပါတယ်။


(၃) ကလေးတို့ရဲ့ ပျော်ရွှင်မှု


Pietro Di

ဒီဓာတ်ပုံကတော့ Monochrome mood နဲ့ ရိုက်ကူးထားတဲ့ သာမန်ဓာတ်ပုံလေးပါဘဲ။ ဓာတ်ပုံဆရာ Pietro Di ရဲ့ လက်ရာတစ်ခုပါ။ ပုံက တမင် Focus ပျောက်ရိုက်ထားတာဆိုပေမယ့် ကလေးတွေရဲ့ သီးခြားဆီရှိတဲ့အမူအယာလေးတွေကိုတော့ ဖော်ကျူးနိုင်ခဲ့ပါတယ်။


(၄) မြန်မာလုပ်သားတစ်ဦး


Aristeidis Apostolo

ဒီဓာတ်ပုံလက်ရာရှင်ကတော့ မြန်မာလုပ်သားတစ်ဦးရဲ့ လုပ်ငန်းခွင်ဝင်နေပုံကို အမိအရ ဖော်ကျူးထားတာပါ။ ဓာတ်ပုံဆရာကတော့ Aristeidis Apostolo ဖြစ်ပါတယ်။


(၅) မနက်စာ


Peter Sabol

ဓာတ်ပုံဆရာ Peter Sabol ရဲ့ ကောင်းမွန်သေသပ်တဲ့ လက်ရာလေးပါ။ ဓာတ်ပုံထဲမှာ အရောင်သွေးစုံလင်လှတဲ့ မြင်ကွင်တစ်ခုကို ရိုးရိုးလေးပုံဖော်ထားပါတယ်။


(၆) ဘင်္ဂလားဒေ့ရှ်လုပ်သားတစ်ဦး


Yousuf Tushar

လူငယ်တစ်ယောက် အခွံမာသီးတွေ (ကွမ်းသီးဟု စာရေးသူယူဆ) ဈေးကွက်အတွင်း တင်ပို့ဖို့ပြင်ဆင်နေတာကို ဓာတ်ပုံဆရာ Yousuf Tushar က ရိုက်ကူးထားတာ ဖြစ်ပါတယ်။


(၇) New York’s Flatiron


Michele Palzzo

နှင်းမုန်တိုင်းအတွင်းမှာ Flatiron အဆောက်အဦကြီးရဲ့ ကြံ့ကြံ့ခံနိုင်မှုကို အမိအရ ပုံဖော်ထားတာပါ။ ဒီဓာတ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ Share တွေများစွာ ရခဲ့ပေမယ့် ဆန်ကာတင်စာရင်းမှာသာ ပါဝင်နိုင်ခဲ့ပါတယ်။ Michele Palzzo ရဲ့ လက်ရာတစ်ခုပါ။


(၈) အနိုင်မခံအရှုံးမပေး (နံပတ်-၁ ချိတ်ခဲ့သည့် ဓာတ်ပုံ)


Jonathan Bachman

ဓာတ်ပုံဆရာ Jonathan Bachman ရဲ့ General Colour Category မှာ နံပတ်(၁)ချိတ်ခဲ့တဲ့ ဓာတ်ပုံပါ။ ဆန္ဒပြပွဲတစ်ခုမှာ အဖမ်းအဆီးတွေကြားထဲ လဲကျနေပေမယ့်၊ မျက်လုံးတွေက ယုံကြည်ရာအတွက် စိတ်ဓာတ်တွေဘယ်လောက် ပြင်းထန်နေသလဲဆိုတာကို မြင်ရစေမှာပါ။


(၉) မုန်တိုင်း (နံပတ်-၁ ချိတ်ခဲ့သည့်ဓာတ်ပုံ)


James Smart

Beauty of Nature category ကဏ္ဍမှာ နံပတ်(၁)ချိတ်ခဲ့တဲ့ ဓာတ်ပုံပါ။ သဘာဝတရားကြီးရဲ့ ကြောက်စရာအလှတရားကို ရှင်းလင်းပြတ်သားတဲ့ အလင်းအမှောင်တွေနဲ့ ချိန်သားကိုက်ပုံဖော်ထားနိုင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ James Smart ရဲ့ လက်ရာပါ။


(၁၀) ကူးခတ်ခြင်း


Filippo Borghi

ပင်လယ်ရေအောက်က အလှတရားကို Filippo Borghi အမည်ရ ဓာတ်ပုံဆရာက ပေါင်းစပ်ပုံဖော်ထားတာ ဖြစ်ပါတယ်။


(၁၁) ကမ္ဘာမြေကြီးရဲ့အစွန်းမှာ


Allessandra Meniconzi

ကမ္ဘာမြေကြီးရဲ့ အစွန်းလို့ တင်စားခေါ်ဝေါ်ခံရတဲ့ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားရဲ့ အေးခဲလှတဲ့ ရာသီဥတုကြားမှာ ကလေးငယ်တစ်ဦးရဲ့ လှုပ်ရှားမှုပုံရိပ်ဖြစ်ပါတယ်။ Allessandra Meniconzi ရဲ့ ဓာတ်ပုံကောင်းတစ်ခုပါ။


(၁၂) အကြည့်


Ami Vitale

ဓာတ်ပုံဆရာ Ami Vitale ရဲ့ Storytelling category ကဏ္ဍမှာ ဆုရဓာတ်ပုံဖြစ်ပါတယ်။ ပန်ဒါဝက်ဝံလေးတစ်ကောင်ရဲ့ ရိုးရိုးအေးအေး အကြည့်လေးကို မိမိရရ ပုံဖော်ထားတာပါ။


(၁၃) ခရမ်းပြာရောင်ကောင်းကင်က ကြိုးကြာများ (အကောင်းဆုံးဆုရဓာတ်ပုံ)


Randy Olson

2017 Siena International Photo Awards ဓာတ်ပုံပြိုင်ပွဲမှာ အကောင်းဆုံးဆုရခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ လှပတဲ့ လျှပ်စီးကြောင်းကြီးကို အမိအရဖမ်းယူပြီး၊ ကြိုးကြာတွေရဲ့ လှုပ်ရှားမှုပုံရိပ်ကို သေသပ်လှပစွာ ရိုက်ယူနိုင်ခဲ့တဲ့ ပုံပါ။ ဓာတ်ပုံဆရာကတော့ Randy Olson ဖြစ်ပါတယ်။


(၁၄) ဖားမင်းသား


Yannick Gouguenheim

‘Prince of the Waters’ လို့ အမည်ပေးထားတဲ့ ဒီဓာတ်ပုံလေးကိုတော့ Yannick Gouguenheim က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ရိုက်ချက်လည်း ကောင်းသလို၊ သဘာဝလည်း အလွန်ကျတဲ့ ဓာတ်ပုံဖြစ်ပါတယ်။


(၁၅) နာကျင်မှုသွေးစက်များ


Nermesh Singh

ဆီးရီးယားပြည်တွင်းစစ်မှာ ကလေးငယ်တစ်ဦးရဲ့ ခံစားမှုတွေကို ထင်ဟပ်စေခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ရသပေါ်လွင်လွန်းပြီး ဆီးရီးယားပြည်သူတို့ရဲ့ လက်ရှိအခြေအနေကို မြင်သာစေမှာပါ။ ဓာတ်ပုံဆရာကတော့ Nermesh Singh ဖြစ်ပါတယ်။


နတ်စည်တော် (Shwemom)


Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။