Lotayamm

search
မာတိကာ

contents

သတင်းများ

“မမ” တွေကိုမှ ရင်ခုန်တတ်တဲ့ ကောင်လေးတွေဆိုတာ … ဒီလိုမျိုးပါ

နေ့ရက်:
Dec 6, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

“မမ”တွေကိုမှ ရင်ခုန်တတ်တဲ့ ကောင်လေးတွေမှာတွေ့ရတဲ့ အပြုအမူတွေကတော့ ဒီလိုမျိုးတွေပါ။


၁။ “မ” လို့ခေါ်ရတာကို ပိုရင်ခုန်လို့



ကိုယ့်ထက် အသက်(၁)နှစ်ပဲကြီးတာပဲဖြစ်စေ၊ (၂)နှစ်ကြီးတာပဲဖြစ်စေ “မ” လို့ ခေါ်ရတာကိုကြိုက်ကြတာ မမ တွေကို ရင်ခုန်တတ်တဲ့ကောင်လေးတွေပါ။ သူတို့ကိုယ်တိုင်က “မ” လို့ခေါ်ပြီးချစ်နေရတာလေးကို ပိုရင်ခုန်တတ်ကြတယ်။ မမက “မင်းကလဲကွာ”လို့ပြောလိုက်ရင် ပိုပြီးရင်ခုန်ကြပါသေးတယ်။


၂။ ဆုံးမတာကိုခံချင်လို့



အသက်ကြီးတဲ့ မမ ကိုကြိုက်တဲ့ကောင်လေးတွေက ဆုံးမတာကိုခံချင်ကြလို့ပါ။ မမ တွေရဲ့ ပွစိပွစိလုပ်တာလေးကို ခံချင်တာရယ်၊ မမ တွေရဲ့ ပြုစုယုယမူတွေကိုခံချင်တာတွေကြောင့် မမ တွေကို ပိုရင်ခုန်ကြတာပါ။ ကိုယ့်ထက် အသက်ကြီးတဲ့မိန်းကလေးကိုချစ်မိရင် ပြုစုခံရတတ်လို့ပါ။


၃။ အနိုင်ယူလို့ရတယ်



“မ” လို့ခေါ်ပြီး အနိုင်ယူရတဲ့ခံစားချက်ကို ပိုရင်ခုန်တတ်ကြတယ်။ “မ” ကို ကလေးတစ်ယောက်လိုဆိုးပြီးအနိုင်ယူရလို့ “မ” ကိုချစ်ရတာ ပိုရင်ခုန်ကြတယ်။ အမြဲ “မ” အပေါ်ကိုဆိုးရင်လည်း ခွင့်လွှတ်တတ်လို့ပါ။ “မ” တွေက အသက်ကြီးတော့ အငယ်ကို နားလည်ပေးတတ်ကြတာပါ။


Hannwe Soe (Shwemom)


Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။