Lotayamm

search
မာတိကာ

contents

သတင်းများ

စာမေးပွဲများအတွက် ကျောင်းသားများထံမှ အခကြေးငွေများ ကောက်ခံခြင်းမပြုလုပ်ရန် ညွှန်ကြားထား

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းအသီးသီး၏ ပထမနှစ်ဝက်စာမေးပွဲများကို ယခုလကုန်ပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျင်းပတော့မည်ဖြစ်ပြီး မိမိတို့ကျောင်းအလိုက် မေးမြန်းမည့် မေးခွန်းများ မှန်ကန်တိကျရေးနှင့် လုံခြုံမှုရှိစေရန် အဆင့်ဆင့်တာဝန် ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ သည် ကျောင်းအုပ်ကြီးများအားညွှန် ကြားချက်အတိုင်း စာမေးပွဲစစ်ဆေး ရန်နှင့် ကျောင်းသားကျောင်းသူများ ထံမှ စာမေးပွဲစစ်ဆေးခြင်းများအ တွက် ငွေကြေး(လုံးဝ)မကောက်ခံ ရန်ကြီးကြပ်ဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန် ကြားထားကြောင်း သိရသည်။
''မလိုလားအပ်တာတွေဖြစ်မှာ စိုးလို့''ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက စက်တင်ဘာ ၁၂ ရက် တွင်ပြောကြားသည်။
ပထမနှစ်ဝက် စာမေးပွဲတွင် မိမိတို့ကျောင်းအလိုက် ပြုစုသော မေးခွန်းများဖြင့် စစ်ဆေးသွားရမည် ဖြစ်ပြီး ကျောင်းအုပ်ကြီးများသည် စာမေးပွဲအဖွဲ့ဖြင့် မေးခွန်းအမှတ်ပေးစဉ်းမျဉ်းများကို သတ်မှတ်ပုံစံများအတိုင်း ပြုစုသွားရမည်ဖြစ်ကြောင်း၊ ဒုတိယတန်း အတွက် သြဂုတ်လနှင့် စက်တင်ဘာလ သင်ခန်းစာများကို အခြေခံ၍ လပတ်ပုံစံဖြင့် ၂၅မှတ်ဖိုး စာသင်ချိန်တစ်ချိန်စာဖြင့် မိနစ်၃ဝ စာစစ်ဆေးသွားရမည်ဖြစ်သည်။
''ပထမတန်းနဲ့ သူငယ်တန်းက စာမေးပွဲမလုပ်ပါဘူး။ အဲဒီအတန်း တွေကိုစာမေးပွဲလုပ်ပြီး ငွေကြေး ကောက်ခံလို့လည်း မရပါဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။
ပထမနှစ်ဝက် စာမေးပွဲတွင် အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမ တန်းမေးခွန်းများကို အဋ္ဌမတန်းအ တွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးရုံး၊ စတုတ္ထတန်းအတွက် ခရိုင် ပညာရေးမှူးရုံးများမှ မေးခွန်းထုတ် နေရာ အခြားအတန်းများ၏မေးခွန်း များကိုလည်း အဆိုပါပညာရေးမှူး ရုံးများ၏ မေးခွန်းပုံစံများအတိုင်း ထုတ်နှုတ်မေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
ပထမနှစ်ဝက် စာမေးပွဲများပြီး ဆုံးပါက အခြေခံပညာကျောင်းများ ကို တစ်ပတ်ခန့်ပိတ်မည်ဖြစ်သည်။
ATK, GC , DemocracyToay