Lotayamm

search
မာတိကာ

contents

သတင်းများ

သက်မွေးပညာသင်ကျောင်းများတွင် ရက်ကန်းပညာရပ် ထည့်သွင်းသင်ကြားသွားမည်

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
ပညာရပ်အဖြစ် သီးသန့်ရေး ဆွဲရခြင်းမှာ နိုင်ငံတစ်ဝန်းရှိသက် မွေးပညာသင်ကျောင်း ၁၄ ကျောင်း မှ ဆရာ၊ ဆရာမများ၏ သင်ကြား ရေးအပိုင်းများတွင် အဆင့်မြင့်သင် ကြားရေးနည်းလမ်းများဖြင့် သင် ကြားပြသနိုင်ရန်အပြင် ကျောင်း သား၊ ကျောင်းသူများဒီဇိုင်းအပိုင်း နှင့် ပတ်သက်ပြီးပိုမိုဗဟုသုတရရှိ လာရန်အတွက်ပါ ရည်ရွယ်ရေးဆွဲ တာဖြစ်သည်ဟု သိရသည်။
''ပညာရပ်ကိုတက်ရောက် သင်ကြားထားသူတွေ အနေနဲ့ရက် ကန်းပညာရပ်နဲ့ ပတ်သက်ပြီးဒီဇိုင်း ပညာရှင်တစ်ယောက်အထိ ရေ ရှည်ရပ်တည်သွားဖို့အတွက်ပါ အ ဓိကရည်ရွယ်လုပ်ဆောင်ပေးသွား မှာဖြစ်တယ်''ဟု ဗြိတိသျှကောင်စီ (မြန်မာ)ရဲ့စီစဉ်ညှိနှိုင်းရေးမှူးဒေါ် နေခြည်သွင်ကပြောသည်။
ခေတ်နှင့်အညီရေးဆွဲနေ သည့် ရက်ကန်းပညာရပ်မှာစက် ရက်ကန်း၊ လက်ရက်ကန်း၊ လွန်း ပျံရက်ကန်း၊ ဂျပ်ခုတ်ရက်ကန်း၊ ဆေးဆိုး၊ ဒီဇိုင်း၊ ချည်မျှင်အမျိုးအစား များအကြောင်း၊ ချည်မျှည်လုပ်ငန်း အကြောင်း၊ ရိုးရာလွန်းရာချိတ်အ ကြောင်းစသည့်ဘာသာရပ် ၁ဝ ခု ကို ထည့်သွင်းသွားမည်ဟု သိရ သည်။
''အမျိုးသမီးရက်ကန်းပညာ ရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် မျိုးဆက်တွေကို ပျိုးထောင်ကာမျိုး ဆက်ဒီဇိုင်းပညာရှင်တွေကတစ် ဆင့် အထည်အလိပ်လုပ်ငန်းရေ ရှည်တည်တံ့ဖွံ့ဖြိုးစေဖို့ ပံ့ပိုးဆောင် ရွက်သွားမှာလည်းဖြစ်တယ်လို့ သိ ရပါတယ်။ ရက်ကန်းကျောင်းတွေ အတွက် ရက်ကန်းနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းစာအုပ်ကရှားပါးတဲ့အတွက် ရက်ကန်းပညာရပ်ကိုရေးဆွဲနေ တာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ လက်ရက်ကန်းနဲ့ရိုးရာထည်ဂျပ် ခုတ်တွေပျောက်ကွယ်မသွားဖို့ကို လည်းအဓိကထိန်းသိမ်းလုပ်ဆောင် နေတယ်''ဟု အမရပူရမြို့နယ် ဆောင်းဒါးရက်ကန်းနှင့် အသက် မွေးပညာသိပ္ပံကထိက၊ ဌာနမှူး ဒေါ်ခင်ဝင်းကြည်က ပြောသည်။
CNB