contents

သတင်းများ

ဥရောပနိုင်ငံသားများ အသက်ရှည်ကြသော်လည်း အဝလွန်နေမှုများက အဟန့်အတားဖြစ်နေ  

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ဥရောပနိုင်ငံသားများသည် ၂ဝ၁ဝ ခုနှစ်က ပျမ်းမျှအသက် ၇၆ ဒသမ ၇ နှစ်ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ၇၇ ဒသမ ၈ နှစ်အထိ ပျမ်းမျှအသက်ရှည်လာခဲ့ကြသည်။ အမျိုးသမီးများသည်မူ ၇၄ ဒသမ ၆ နှစ်မှ ပျမ်းမျှ ၈၁ ဒသမ ၁ နှစ်အထိ ယောက်ျားများထက်ပိုမိုအသက်ရှည်ခဲ့ကြသည်။ နိုင်ငံအလိုက်နှိုင်းယှဉ်ပါက ကာဇက်စတန်နိုင်ငံသည် ပျမ်းမျှ ၆၅ ဒသမ ၇ နှင့် အိုက်စလန်နိုင်ငံက ၈၁ ဒသမ ၄ နှစ်ရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့သည် ဟု WHO အဖွဲ့ကြီး၏ ဥရောပတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူးဆူဆန်နာဂျာကတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
''လူတို့အသက်ရှည်မှုဟာ နေထိုင်၊ စားသောက်မှုပုံစံပေါ်မူတည်၍ ခြားနားခြင်း ဖြစ်ရသော်လည်း ရှိသင့်သည်ထက် ကိုယ်အလေးချိန်ပိုကာ ဝဖြိုးနေမှုနှင့်လည်း အသက်ရှည်/တိုမှုသက်ဆိုင်နေသည်'' ဟုလည်း ၎င်းကပြောဆိုလိုက်သည်။  ၂ဝ၁၆ ခုနှစ်တွင် အဝလွန် သူ ၂၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခင်ခြောက် နှစ်က ၅၈ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သည်ဟု သုတေသနဇယားများအရ တွေ့ရှိရသည်ဟုလည်း ပြောကြားလိုက်သည်။

Ref:The Bangkok Post
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။