contents

သတင်းများ

အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်း စစ်စခန်းများရှိရာသို့ ဖလောရင့်စ် ဟာရီကိန်း ဝင်ပြီ၊ အပျက်အစီး ကြီးမားနိုင်

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
လီဇွန်စခန်းရှိ မရိမ်းတပ်ဖွဲ့ဝင်များနှင့် မိသားစုထောင်ပေါင်းများစွာတို့သည် မုန်တိုင်းလွတ်ကင်းနိုင်မည့် မိုင် ၅ဝဝ ဝေးသော မြောက်ကာရိုလိုင်းနားပြည်နယ် ဂျက်ဆန်ဗီးလ်သို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း၊ စခန်းတွင်ကျန်ရှိနေသူ တာဝန်ကျဝန်ထမ်းများအတွက် စားနပ်ရိက္ခာနှင့် သောက်ရေများ လုံလောက်စွာစီစဉ်ထားပြီးဖြစ်သည်ဟု စခန်းတာဝန်ခံဖြစ်သူ ဗိုလ်မှူးချုပ်ဂျူလီယန် ဒီအဲလ်ဖို့တ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ပဲရစ်ကျွန်းပေါ်တွင် မရိမ်းတပ်ဖွဲ့ဝင် ၈ဝဝဝ ကျော်တာဝန်ထမ်းဆောင်လျက်ရှိ နေကြသည်။
 
မြောက်ကာရိုလိုင်းနားရှိ ရက်ခန်းတပ်စခန်းတွင် အမှတ် (၈၂) လေတပ်ရဟတ်ယာဉ်တပ်မတစ်ခုထားပြီး မုန်တိုင်းတိုက်ခတ်မှု ပြင်းထန်လာပါက ကယ်ဆယ်ကူညီမှုပြုနိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။ ဖလောရင့်စ်မုန်တိုင်းသည် တစ်နာရီ မိုင် ၁၆ဝ နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်၍ ပျက်စီးဆုံးရှုံးမှုများပြားမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။
Ref ; AP
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။