contents

သတင်းများ

ဆော့စရာများ မှတ်နေသလား . . .

နေ့ရက်:
Aug 10, 2018


အမျိုးအစား :
နိုင်ငံတကာ
Weekly Headline

တရုတ်နိုင်ငံ၊ ဖူဂျီအန်ပြည်နယ်၊ ဖူဇောင်မြို့နေ အမျိုးသားတစ်ဦး ဟာ လိင်အင်္ဂါဆီးလမ်းကြောင်းထဲကို သော့ခလောက်အသေးတစ်လုံး ထည့်လိုက်ပြီး အထဲကိုထိုးထည့်လိုက်ရာက အောက်အထိကျသွားလို့ ဆီးအိမ်ထဲအထိ ၀င်သွားခဲ့ပါတယ်တဲ့။ ဘာကြောင့်များ ဒီလိုရူးသွပ်တဲ့လုပ် ရပ်များကို လုပ်ခဲ့မှန်းမသိရသေးဘဲ ဒီဖြစ်ရပ်ကို မိသားစုဝင်များသိသွား ကြချိန်မှာတော့ ၃၁ နှစ်အရွယ်အမျိုးသားကိုဆေးရုံပို့ကြရပါတော့တယ်။




ဆရာဝန်များက ဓါတ်မှန်ရိုက်ကူးကြည့်ခဲ့ရာမှာတော့ ဆီးအိမ်ထဲ ရောက်နေတဲ့ သော့ခလောက်အသေးစားကို တွေ့ခဲ့ကြရပြီး နည်းအမျိုးမျိုးစဉ်းစားခဲ့ကြပေမယ့် နောက်ဆုံး မှာ ခွဲစိတ်ဖို့ပဲဆုံးဖြတ်ခဲ့ကြရတယ် လို့ သိရပါတယ်။ သော့ခလောက်ကို ပြန်ထုတ်ဖို့အတွက် ဆီးအိမ်မှာ အပေါက်ငယ်တစ်ပေါက် ဖောက်ခဲ့ရ ပြီး အဆိုပါအမျိုးသားအနေနဲ့ ယခု အချိန်မှာ ဘယ်လိုအနေအထားရှိ သလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ရေရှည်ခံစားရဖို့ ရှိသလား ဒါတွေကို တော့ မသိရသေးပါဘူး။




ဒီနှစ်အစောပိုင်းကလည်း အမျိုးသားတစ်ဦးဟာ လိင်အင်္ဂါထဲကို အပ် ၁၅ ချောင်းထိုးထည့်ထားခဲ့တာ ကြောင့်ဆေးရုံတက်ရောက်ကာ ပြန် လည်ထုတ်ယူခဲ့ရမှု ဖြစ်ပွားခဲ့ပါသေး တယ်။အမည်မဖော်လိုသူ ၃၅ နှစ် သားဟာ မိသားစုရဲ့ဖိအားပေးမှု ကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီး လိင်အင်္ဂါနာကျင်နေတယ်လို့ ပြောပြ တဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ခဲ့တဲ့ အခါ ၁၀ စင်တီမီတာ အရှည်ရှိတဲ့ အပ်များကို လိင်အင်္ဂါအတွင်း တွေ့ခဲ့ ကြရပါသေးတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။