Lotayamm

search
မာတိကာ

contents

သတင်းများ

ထိုင်းနိုင်ငံ ချိုင်နက်ထောင် အဖောက်ခံရ၊ ထောင်သားများကို လိုက်ရှာနေ

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ချိုင်နက်နယ်မြေရှိ ရဲ ၁၉၁ ဦးတို့သည် အဆိုပါထောင်ပြေးအား ဖမ်းမိရန်အဖွဲ့များခွဲကာ လိုက်လံရှာဖွေမှုကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ ထောင်ဖောက်ထွက်ပြေးသွားသူမှာ အသက် ၂၈ နှစ်ရှိဆို ဖွန်ဆွီဆောင်နွန်ဖြစ်ပြီး မောင်းခရိုင် ဟတ်သာဆိုင်အရပ်မှဖြစ်ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။
ညနေ ၄ နာရီတွင် ထောင်သားများ ထောင်နံရံအနီး၌ စုဝေးနေကြကြောင်း၊ အဆိုပါထောင် ဖောက်သူမှာ ထိုအချိန်တွင် ထောင်ပြင်သို့ ရောက်အောင်ထွက်ကာ တောထဲသို့ ဝင်ပြေးသွားခဲ့ကြောင်း၊ ယင်းထောင်မှာ တောင်ခြေ၌ တည်ရှိသည်။ နှစ်နာရီကြာရှာသော်လည်း မတွေ့သဖြင့် ထောင်တာဝန်ရှိသူများက အနီးအနားရှိ ပြည်သူများအား အသိပေးကာ တွေ့ ရှိက သတင်းပေးရန် နှိုးဆော်ထားခဲ့သည်။
ဆိုဖွန်မှ အရပ် ၁၇၈ စင်တီမီတာရှိပြီး ပိန်ပိန်ပါးပါးရှိသည်။ ရဲက ၎င်း၏နေအိမ်သို့ သွားရှာသော်လည်း မတွေ့ခဲ့ပေ။ ၎င်းကို အကူအညီပေးသူမှာ ထောင်ဒဏ် နှစ်နှစ်ကျခံရမည့် အပြင် ဒဏ်ငွေဘတ် ၂ဝဝဝဝ ပေးဆောင်ရမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: Bangkok Post/Thiha
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။