contents

သတင်းများ

ပါကစ္စတန် ဂြိုဟ်တုနှစ်လုံးအား တရုတ် ဒရုန်းဖြင့် လွှတ်တင်ရေး စခန်းမှ လွှတ်တင်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
PakTES-1A  မှာ ပါကစ္စတန် ထုတ်လုပ်သည့်ဂြိုဟ်တုဖြစ်ပြီး PRSS-1 မှာ တရုတ်က ထုတ်လုပ်ပြီး ပါကစ္စတန်သို့ ရောင်းချထားခြင်းဖြစ်သည်။ PRSS-1 မှာ သက်တမ်းခုနစ်နှစ် ထမ်းဆောင်နိုင်ရန် ပြုလုပ်ထားကြောင်း သိရသည်။ ''ပါကစ္စတန်ဟာ တောင်ထူထပ်ပြီး ထူးခြားတဲ့ ပထဝီဝင်အနေအထားမှာရှိတဲ့ နိုင်ငံပါ။ အဲဒီလိုအနေအထားတွေကြောင့် သုတေသနတွေ၊ လေ့လာထောက်လှမ်းမှုတွေ လုပ်တဲ့အခါမှာ မြေပြင်ကနေ လုပ်ရတဲ့အခါ အခက်အခဲတွေရှိပါတယ်။ ဂြိုဟ်တုက အပေါ်စီးကနေ လေ့လာစုံစမ်းတဲ့နည်းလမ်းက အကောင်းဆုံးနည်းလမ်းပါပဲ''ဟု သုတေသီ ဟူဇီယောင်က ပြောဆိုသည်။ ၂ဝ၁၁ ခုနှစ်တွင် ပါကစ္စတန်၏ PAK SAT-1R ကို တရုတ်က လွှတ်တင်ပေးခဲ့အပြီး ယခုအကြိမ်မှာ နှစ်နိုင်ငံ ဒုတိယအကြိမ်မြောက် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။
Ref: Global Times/Thiha
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။