Lotayamm

search
မာတိကာ

contents

သတင်းများ

ဂျပန် အနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း ၊ ရေကြီးမြေပြိုမှုများဖြစ်ပွားပြီး လူ ၁၇၆ဦး သေဆုံး

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ကယ်ဆယ်ရေးအဖွဲ့များသည် မြေများပိကျနေသော အိမ်အပြိုအပျက်များကြောင့် လမ်းများပိတ်ဆို့နေသည့်ကြားမှ ဒုက္ခသည်များအား ခက်ခဲစွာ ရှာဖွေနေကြဆဲဖြစ်သည်။ ဒေသတွင်း လူထောင်ပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ရပြီး အထူးသဖြင့် သောက် ရေများ ပြတ်လပ်နေခဲ့ရသည်။ မိုးသည်းထန်စွာရွာ၍ ရေကြီးခြင်းနှင့် တောင်ပြိုခြင်းများအား ဟီရိုရှီးမား၊ အယ်မီနှင့် အိုကာယာမာစီရင်စုများတွင် အပျက်အစီးများ အထူးသဖြင့် များပြားခဲ့ရသည်။ ယင်းစီရင်စုများတွင် အိမ်ပေါင်း ၂၅၄ဝ၈၄ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။
အိုဆာကာ၊ ယာမာဂူချီနှင့် တိုကူရှီမာ စီရင်စုများတွင် အိမ်ခြေ ၁၁ဝဝ ပျက်စီးခဲ့ရပြီး အထူးသဖြင့် သောက်ရေများ ရှားပါးပြတ်လပ်နေရသည်။ ဂျပန်အစိုးရ၏ ကိုယ်ပိုင်ကာ ကွယ်ရေးတပ်ဖွဲ့များသည် သောက် ရေသန့်နှင့် အခြားလိုအပ်ပစ္စည်းများအား ယင်းဒေသများ၌ ဖြန့်ဝေပေး နေရသည်။ ဂျပန်နိုင်ငံအနောက်ပိုင်းစီရင်စု ၁၅ ခုတွင် ဘေးသင့်လူဦးရေ ၇၂ဝဝ တို့သည် အစိုးရကယ်ဆယ်ရေးခိုလှုံ နေရာများတွင် ခိုလှုံနေကြရသည်ဟု ဒေသန္တရဆိုင်ရာ မြူနီစီပယ်အဖွဲ့များက ပြောဆိုလိုက်သည်။
Ref: Japan Times ,Xinhua/Thiha
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။