Lotayamm

search
မာတိကာ

contents

သတင်းများ

ပြင်သစ်မှာ ပြန်ပေးဆွဲခံရသူတွေကို ရဲတပ်ဖွဲ့ စီနင်းကယ်ထုတ်၊ ၂ ဦးပြန်လွှတ်ပေး

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
နိုင်ငံတကာ
Akonthi

ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၄ နာရီကြာပြန်ပေးဆွဲခံရသူတွေကို ကယ်ထုတ်ခဲ့ပြီး အနည်းဆုံး ၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ကပြောပါတယ်။



ပြည်ထဲရေးဝန်ကြီး ဟာ ဖမ်းဆီးခဲ့တဲ့ ပြန်ပေးဆွဲမှုလုပ်ခဲ့သူအမည်ကို ထုတ်ဖော်မှုမရှိပေမယ့် ပြန်ပေးဆွဲသူကို ဖမ်းထားတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ လူတစ်ဦး ဟာ ပဲရစ်မြို့ လယ်ခေါင်ရှိ Petites Ecuries အဆောက်အဦမှာ လူသုံးဦးကို ဖမ်းဆီးထားခဲ့ပါတယ်။ ပြန်ပေးဆွဲခံသူတွေထဲမှာ ကိုယ်ဝန်သည်အမျိုးသမီး ပါဝင်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။


ပြင်သစ်မှာ ပြန်ပေးဆွဲခံရသူတွေကို ရဲတပ်ဖွဲ့ စီနင်းကယ်ထုတ်၊ ၂ ဦးပြန်လွှတ်ပေး

ပြန်ပေးဆွဲခံရသူတွေကို ပြန်ကယ်ဖို့ လက်နက် အပြည့်အစုံတပ်ဆင်ထားတဲ့ရဲတပ်ဖွဲ့ ၊ ကယ်ဆယ်ရေးအဖွဲ့တွေအပြင် မီးသတ်သမားတွေ နဲ့ အဆောက်အဦ ၀င်ပေါက်ကို ဝင်ခဲ့ကာ ကယ်ထုတ်ခဲ့ရတာဖြစ်ပြီး လမ်းတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြန်ပေးဆွဲသူ ဟာ အီရန်သံရုံးကို ဆက်သွယ်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ရဲတွေက အတည်ပြုခဲ့ခြင်းမရှိခဲ့ပါဘူး၊ ဒါ့အပြင်  ပြန်ပေးဆွဲခံရသူတစ်ဦး ဒဏ်ရာရခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း အတည်ပြုခဲ့တာမရှိပါဘူး။





  • သားဖိုးကောင်း (အကုန်သိ သတင်းဌာန)



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။