Lotayamm

search
မာတိကာ

contents

သတင်းများ

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆွေးနွေးပြောဆိုမှု ရပ်ဆိုင်း

နေ့ရက်:
May 17, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားသည့် လေ့ကျင့်မှုဖြစ်ပြီး ယင်းသည် ပန်မွန်ဂျုံ ထုတ်ဖော်ကြေညာချက်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ် မှုပြုခြင်း ဖြစ်သကဲ့သို့ ကိုရီးယားကျွန်းဆွယ်တွင် အပြုသဘောဆောင်နေသည့် နိုင်ငံရေး တိုးတက်မှုကို ဆန့်ကျင်မှုပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် အနေဖြင့်လည်း မြောက်ကိုရီးယားနိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြု ခြင်းကြောင့် စီစဉ်ထားသည့် မြောက်ကိုရီးယား -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကံကြမ္မာနှင့် ပတ်သက်၍ တွေးတွေးဆဆ ချင့်ချင့်ချိန်ချိန်နှင့် လုပ်ဆောင်ရမည့် တာဝန်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ အစိုးရပိုင် သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီး ဆွေးနွေးပွဲအတွက် ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: NHK, CNN, Reuters
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။