contents

သတင်းများ

ဆီးရီးယားတွင် အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပ

နေ့ရက်:
Apr 10, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ဓာတုအဆိပ်လက်နက်များ သုံးစွဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများရှိခဲ့ရတယ်လို့ အစီရင်ခံစာ များအရသိရှိရပါတယ်''ဟု လုံခြုံရေးကောင်စီသတင်းထုတ်ပြန်လွှာတွင် ဖော်ပြလိုက်သည်။ ''ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကိုသေသေချာချာစုံစမ်းစစ်ဆေးမှာပါ''ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နီကီဟာလေက ထုတ်ဖော်ပြောဆိုလိုက်သည်။ 
''ဓာတုအဆိပ်ဓာတ်ငွေ့များသုံးပြီး တိုက်ခိုက်ခဲ့လို့ လူ ၄ဝ လောက် သေဆုံးခဲ့ရပါတယ်''ဟု တက်ကြွလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဆီးရီးယားအစိုးရကမူ ယင်းစွပ်စွဲချက်အား ငြင်းဆိုထားသည်။ ယင်းသို့စွပ်စွဲခြင်းသည် ဒိုမာမြို့တွင်းရှိ အကြမ်းဖက်သမားများ၏ ကြိုတင်ကြံစည်ထားမှုဖြစ်သည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးရုံးက ဧပြီ ၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
Ref:Xinhua
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။