Lotayamm

search
မာတိကာ

contents

သတင်းများ

ဗြိတိန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများကို အကျဉ်းထောင်နှင့်တူသော နေရာများတွင် ထိန်းသိမ်းထား

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
နိုင်ငံခြားသားများကို ထိန်းသိမ်းထား သော Harmondsworth Centre ကို လေ့လာစစ်ဆေးသူများက ''နိုင်ငံတွင်းဝင် ရောက်လာသူတွေက ဒီနေရာကနေထွက်ခွာဖို့စီစဉ်ပေမယ့် ဥပဒေရေးရာအခက်အခဲများနဲ့ ခရီးသွားလာခွင့်စာရွက်စာတမ်းများ မရှိခြင်း စသည့်အကြောင်းများကြောင့် ထို နေရာမှ မထွက်ခွာနိုင်ကြ''ဟုဆိုသည်။ ဗြိတိန်အစိုးရ၏ အကျဉ်းထောင်များ စစ် ဆေးရေးအဖွဲ့ကရေးသားခဲ့သော အစီရင်ခံစာတွင် ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန၏ အားနည်းပျက်ကွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းမှုများ ကြန့်ကြာနေသည်ဟု ၎င်းအစီရင်ခံစာကဆိုသည်။
''ဖမ်းဆီးထိန်းသိမ်းရာမှာ အချိန်ကန့်သတ်ချက်မရှိတာဟာ တချို့သူတွေကို အချိန်အကြာကြီး ထိန်းသိမ်းထားရမှုကို ဖြစ်စေတယ်''ဟု အကျဉ်းထောင်စစ်ဆေး ရေးမှူးပီတာကလစ်ကဆိုသည်။ သုံးကြိမ်ဆက်တိုက် စစ်ဆေးမှုပြု လုပ်ခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနသည် လုံခြုံရေးနှင့် လေးစားစွာဆက်ဆံမှုတွင် ပျက်ကွက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။
Ref: AFP
#democracytoday

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။