Lotayamm

search
မာတိကာ

contents

သတင်းများ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်း ခရီးစတင်၊ ကိုင်ရိုသို့ ရောက်ရှိ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
တီလာဆင်သည် အီဂျစ်သမ္မတ အဗ္ဗဒဲလ်ဖာတာအယ်လ်စီစီနှင့် တွေ့ဆုံမည်ဖြစ်သည်။ ၎င်းတို့သည် ၂ဝ၁၈ ရွေးကောက်ပွဲတွင် အမေရိကန်၏ထောက်ပံ့မှုဖြင့် အလွယ်တကူလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ မတ်လနှောင်းပိုင်းတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် စီစီမှာ ကြီးကြီးမားမားအခက်အခဲမရှိနိုင်ဟုဆိုသည်။ ဇန်နဝါရီလက အမေရိကန်ဒုသမ္မတမိုက်ပင့်စ် အရှေ့အလယ်ပိုင်းသို့ လာရောက်ပြီးနောက် ရက်စ်တီလာဆင်မှာ အမေရိကန်အဆင့် မြင့်အရာရှိတစ်ဦး ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် ကြေညာခဲ့ပြီးနောက် ဒေသတွင်းနှင့် နိုင်ငံတကာမှ ဒေါသထွက်ခဲ့ကြသည်။
ပါလက်စတိုင်း-အစ္စရေးပဋိပက္ခမှာ အနောက်နိုင်ငံများက ထောက်ခံသည့် အစ္စရေးနိုင်ငံ ၁၉၄၈ခုနှစ်တွင် ပေါ်ပေါက်လာကတည်းက စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂက ၁၉၆၇ခုနှစ် နယ်ခြားကိုအတည်ပြု၍ အာရပ်- အစ္စရေး နှစ်နိုင်ငံဖော်ဆောင်ရန် အဆိုပြုပြီးနောက် ပါလက်စတိုင်း တို့က အရှေ့ဂျေရုဆလင်အား ¤င်းတို့၏မြို့တော်အဖြစ်သတ်မှတ်ရန် လျာထားခဲ့ကြသည်။ 
 
Ref: Xinhua

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။