contents

သတင်းများ

ကိုရီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင် အားပေးထောက်ခံ

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ဇန်နဝါရီ ၉ ရက် တွေ့ဆုံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံသည် ဖေဖော်ဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တက်ရောက်မည်ဟု ပြောဆိုခဲ့ ပြီး နှစ်နိုင်ငံစလုံးက ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အ ဖြေရှာပြီး မတော်တဆပဋိပက္ခ ဖြစ်ပွားခြင်းကို ရှောင်ကြဉ်ရန် စစ်ဘက်ဆိုင်ရာအကြံဥာဏ်များရယူ သွားမည်ဟု နှစ်ဖက်စလုံးက သ ဘောတူညီခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်က မွန်ဂျေးအင်၏ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုနှင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စကို တစ်ပြိုင်တည်းဆောင်ရွက်ရမည်ဟု တရုတ်သမ္မတပြောဆိုခဲ့သည်ကို တောင်ကိုရီးယားသမ္မတ၏အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ 
 
Ref: Reuters
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။