Lotayamm

search
မာတိကာ

contents

သတင်းများ

ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ၁ဝ ဦးသေဆုံးပြီး လူထောင်ပေါင်းများစွာကို ကယ်ဆယ်ထားရ

နေ့ရက်:
Oct 11, 2017


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
 
မီးသည်တစ်နာရီလျှင် မိုင် ၅ဝ (ကီလိုမီတာ ၈ဝ) နှုန်းဖြင့် ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာဒေသရှိ လူဦးရေ ၂ဝဝဝဝ ကျော်ကို ကယ်ဆယ်ကူညီမှုများပေးခဲ့ရသည်။ ကယ်လီဖိုးနီးယားမီးသတ် ဌာန၏ပြောကြားချက်အရ ဒေသ တွင်း ဧက ၇၃ဝဝဝ (ဟက်တာ ၃ဝဝဝဝ) အား မီးသင့်လောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။ ပြည်နယ် မြောက်ပိုင်းရှိ ဆိုနိုမာစီရင်စုမှရဲ အရာရှိရုံးက ''မီးသင့်လောင်ကျွမ်း ခံရ၍ သေဆုံးသူများအတွက်ဝမ်း နည်းကြေကွဲမှုခံစားရပါတယ်''ဟု တွစ်တာမှတစ်ဆင့်ရေးသားဖော် ပြခဲ့သည်။ တောမီးလောင်ကျွမ်းခံ ရသောဒေသများမှာ ဆန်ဖရန်စစ္စ ကိုပင်လယ်အော်မြောက်ပိုင်းရှိ ဒေသများဖြစ်ကြသည်။ မင်ဒိုစီနို နေရာ၌ လောင်ကျွမ်းနေသော တောမီးကိုမီးသတ်သမား ၄၁ဝ ခန့် ကကြိုးစားငြှိမ်းသတ်နေကြသည်။ အနာဟိန်းဒေသ၌ ဟက်တာ ၈ဝဝ အားတောမီးလောင်ကျွမ်းနေပြီး အနည်းဆုံးမီးသတ်သမား ၂ဝဝ ခန့်ကငြှိမ်းသတ်နေကြရသည်။
 
''တောမီးကူးစက်အလောင်ခံရလို့ ဘာမျှမကျန်တော့အောင်ကုန်ပါပြီဗျာ''ဟု အိမ်စွန့်ခွာထွက် ပြေးခဲ့ရသူ ဒရီမာဂိုးလ်ဘာ့ဂ်က မီး လောင်ကျွမ်းခံရသောအိမ်ရှေ့ တွင်ထိုင်လျက် NBC  သတင်းဌာန သို့ပြောဆိုလိုက်သည်။ ပူပြင်းခြောက် သွေ့သောနွေရာသီလများတွင် တောမီးလောင်ကျွမ်းမှုများသည် အမေရိကန်အနာက်ပိုင်းဒေသများတွင် ဖြစ်ရိုးဖြစ်စဉ်များသာဖြစ်ရသည်။
 
Ref:AFP