Lotayamm

search
မာတိကာ

contents

သတင်းများ

ရုရှား S- 400 ဒုံးခွင်းဒုံးများ တူရကီဝယ်ယူ

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
''ရုရှားဆီက S- 400 ဒုံးခွင်းဒုံးတွေဝယ်ဖို့ လက်မှတ်တွေထိုးပြီးသွားပြီ။ ကျွန်တော်သိရသလောက် တော့ စရန်ငွေလည်းပေးပြီးသွားပြီ'' ဟု သမ္မတအာဒိုဂန်ကပြောကြားသည်။  သမ္မတအာဒိုဂန်က မိမိတို့အနေဖြင့် လွတ်လွတ်လပ်လပ်ဆုံး ဖြတ်ပိုင် ခွင့်ရှိကြောင်း၊ တိုင်းပြည်ကို ကာကွယ်ရန်အတွက် လိုအပ်သလို လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။
ရုရှား၏ S- 400 ဒုံးခွင်းဒုံးမှာ ကမ္ဘာ့အကောင်းဆုံးစစ်လက်နက်များထဲတွင် တစ်ခုအပါအဝင်ဖြစ် ကြောင်း အဆင့်မြင့်နည်းပညာများ ဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း သမ္မတအာဒိုဂန်က ချီးကျူးပြောကြားသည်။ တူရကီ၏ ဒုံးခွင်းဒုံးဝယ် ယူမှုမှန်ကန်သည် ဟုလည်း ရုရှား အစိုးရက အတည်ပြုပြောကြားသည်။
တူရကီသို့ S- 400 ဒုံးခွင်းဒုံးများရောင်းချမှုသည် ရုရှား၏မဟာဗျူဟာ အကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိကြောင်း၊ တူရကီကို ဖိအား ပေးနေသော အနောက်နိုင်ငံများ၏ တုံ့ပြန်မှုကို အပြည့်အဝနားလည် ပေးနိုင်ကြောင်း ရုရှားသမ္မတပူတင်၏ စစ်ဘက် အကြံပေး ဗလာဒီမာ ကိုဇင်က ပြောသည်။
တူရကီသည် နေတိုးအဖွဲ့ဝင် ဖြစ်သော်လည်း ပြိုင်ဘက်ရန်သူ ရုရှားထံမှ စစ်လက်နက်ဝယ်ယူခြင်း မှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ ထိုသို့ဝယ်ယူမှုကို အမေရိကန်က လည်း အနည်းငယ်စိုးရိမ်ကြောင်း ပြသသည်။
တူရကီသည် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကြောင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ဆိုးရွားနေသည်။ ရုရှားမှာလည်း ခရိုင်းမီးယားကျွန်းဆွယ် ကျူးကျော် သိမ်းပိုက်မှုကြောင့် နေတိုးအဖွဲ့နှင့် တင်းမာနေရသည်။
Ref : AFP