Lotayamm

search
မာတိကာ

contents

သတင်းများ

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမြင့်ဆုံးပိတ်ဆို့မှုအသစ်ချမှတ်

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
နိုင်ငံတကာ
yangonmedia
ပြီးခဲ့သည့်လက မြောက်ကိုရီးယား ICBM တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သဖြင့် မြောက်ကိုရီးယားမှ ကျောက်မီးသွေး၊ ခဲသတ္တု ရိုင်းနှင့် ပင်လယ်ထွက်ကုန်တင်သွင်း ခြင်းပိတ်ဆို့အရေးယူခဲ့သည်။
မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးပိတ်ဆို့အရေးယူမှုအသစ် ပြုလုပ်ရန် တရုတ်နှင့်ရုရှားကလက်  ခံခဲ့ကြောင်း သိရသည်။
''ကမ္ဘာက မြောက်ကိုရီးယား နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ကို ဘယ်တော့မှလက်ခံလိမ့်မယ်မဟုတ်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မြောက်ကိုရီးယားကိုကြိုဆိုပါတယ်။ မြောက်ကိုရီးယားအနေနှင့် နျူကလီးယား အစီအစဉ်ကိုရပ်တန့်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်မယ်ဆိုရင် ပိတ်ဆို့အရေး ယူမှုများပြေလျော့သွားပါလိမ့်မယ်'' ဟု အမေရိကန်ကုလသမဂ္ဂသံတ မန် ငြုငံေူနပ က သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။
မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် သံတမန်ရေးပိတ်ဆို့ဒဏ်ခတ်ခြင်းကို ကြိုဆိုကြောင်း တောင်ကိုရီးယားကပြောသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မြောက်ကိုရီးယားသို့သင်္ဘောဖြင့် လောင်စာဆီတင် ပို့ခြင်းကို ရပ်ဆိုင်းရန်နှင့် မြောက်ကို ရီးယားခေါင်းဆောင်ကင်ဂျုံအန် ၏ပိုင်ဆိုင်မှုများကို တားဆီးကန့် သတ်ထားရန် အမေရိကန်ကတင် သွင်းခဲ့သောအဆိုကို မြောက်ကိုရီး  ယားနှင့် သံတမန်ဆက်ဆံရေး ကောင်းမွန်သော တရုတ်နှင့်ရုရှား ကထောက်ခံခဲ့သည်။ မြောက်ကိုရီးယားမှ အထည်အလိပ်တင်ပို့ခြင်းကို ပိတ်ဆို့အရေးယူရန်နှင့် နိုင်ငံ ခြားသို့ မြောက်ကိုရီးယားအလုပ် သမားများစေလွှတ်ခြင်းကိုပိတ်ပင်ရန်ဆွေးနွေးခဲ့သည်။
နိုင်ငံခြားသို့ ရောက်ရှိနေသော မြောက်ကိုရီးယား အလုပ်သမားများ၏ ကန်ထရိုက် သက်တမ်းကုန်ဆုံးမည့်ရက်ကို ကုလသမဂ္ဂသို့ အစီရင်ခံရန်နှင့် မြောက်ကိုရီးယား အလုပ်သမား အား ငှားရမ်းခြင်းမပြုရန် ကုလသ မဂ္ဂလုံခြုံရေးကောင်စီတွင် သဘော တူညီခဲ့သည်။
နိုင်ငံရပ်ခြားတွင်အလုပ်လုပ်၍ မြောက်ကိုရီးယား၏ဒုံးကျည် နှင့်နျူကလီးယားလက်နက်အစီအစဉ်တွင် ရန်ပုံငွေရှာဖွေပေးနေ သော မြောက်ကိုရီးယားအလုပ်သမား ၉၃ဝဝဝ ကျော်ရှိသည်ဟု သိရသည်။ တားမြစ်ထားသော မြောက်ကိုရီးယား ကုန် ပစ္စည်းများကို သင်္ဘောဖြင့် သယ်ဆောင်ပေး ခြင်းနှင့် မြောက်ကိုရီးယားနှင့် စီးပွားရေးပြုလုပ်သည့်နိုင်ငံများကို ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်မည်ဟု အမေရိကန်ကပြောကြားခဲ့သည်။
မြောက်ကိုရီးယားကိုလုံးဝ အထီးကျန်ဖြစ်သွားစေရန်နှင့် ရန်ပုံငွေ၊ စွမ်းအင်ပြတ်တောက်ပြီး နျူကလီးယားလက်နက်အစီအစဉ် လက်လျှော့သွားစေရန် ပိတ်ဆို့ဒဏ် ခတ်ရခြင်းဖြစ်သည်ဟု အမေရိကန် သံတမန် Haley ကပြောသည်။
မြောက်ကိုရီးယားက အမေရိကန်ဦးဆောင်၍ ကုလသမဂ္ဂတွင်  ပိတ်ဆို့အရေးယူမှုအသစ်ပြုလုပ်လျှင် ယခင်က မကြုံဖူးသော တုံ့ ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မြောက်ကိုရီးယားက စက်တင်ဘာ ၁၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
Ref : AFP