contents

သတင်းများ

သြဂုတ်လ ၁၀ ရက်နေ့ ပျိုရွယ်သူတို့အတွက် ဘဝတွက်တာနှင့် ချစ်ရေးချစ်ရာဗေဒင်

နေ့ရက်:
Aug 10, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

ဆရာမ ဒေါက်တာဒေါ်စောယုနွယ် ဟောစာတမ်း                         



နေ့စွဲ၊  ၁၀-၈-၂၀၁၈



 



            လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ဘ၀တွက်တာ နှင့် ချစ်ရေးချစ်ရာ ဗေဒင်ကို သြဂုတ်လ ၁၀ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



          ဒီရက်မှာ လုပ်ငန်းနှင့်ပတ်သက်သော အကြံအစည်သစ်များ လက်တွေ့အကောင်အထည် ဖော်သင့်သော ကာလမျိုးပါ။ မြေတစ်ကွက်လည်း ဝင်လာတတ်ပါတယ်။ မိမိအတွက် အကျိုးပေးမည့် မြေမျိုးလည်း ဖြစ်တတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့် အချစ်ရေးနှင့်ပတ်သက်၍ အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဘက်ထံမှ ကောင်းသောသတင်းများ  ကြားသိ ရတတ်ပါတယ်။ ကျန်းမာရေးမှာ မတော်တဆထိခိုက်ဒဏ်ရာ ဂရုစိုက်ပါ။



ကံကောင်းသောနံပါတ်   ။         ။         ၉, ၇, ၄   ကံကောင်းသောအရောင် ။  ။ ငွေရောင်



ယတြာ ။         ။         မိမိနေအိမ်ဘုရားမှာ ရွှေထမင်း ကပ်လှူပါ။



မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



          ဒီရက်မှာ မဖြစ်သင့်တဲ့ အလိုဆန္ဒများဖြစ်ပေါ်နေလိမ့်မယ်။ စိတ်မငြိမ်၊ လူမငြိမ်ဖြစ်နေတာမျိုး ခံစားရတတ်တယ်။ စက်ကိစ္စ၊ ဆန်ကိစ္စ၊ စပ်တူကိစ္စ၊ စာချုပ်စာတမ်းကိစ္စတွေ မလုပ်သင့်သေးပါဘူး။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အတော်စိတ်ရှုပ်ရမဲ့ကာလပါပဲ။ လုပ်ငန်းစီမံခန့်ခွဲရာ၌ ပေါ့ပျက်ပျက်လုပ်ဆောင် မှုကြောင့် အဆင်မပြေမှုများ ကြုံရတတ်သည်။ အရောင်းအဝယ်ကိစ္စများ အောင်မြင်ရန် နည်းလမ်း ကောင်းများ ရှာဖွေတွေ့ရှိလိမ့်မည်။ စက်မှုနှင့် ဆေးဝါးလုပ်ငန်းများ၌ အကြီးအကျယ်ရင်းနှီးရန် မသင့် လျော်သေးပါ။ ဆွေမျိုး၊ အပေါင်းအသင်းကိစ္စများလည်း ကူညီလုပ်ဆောင်ရတတ်ပါတယ်။ ပျိုရွယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ ရန်ဖြစ်ရတဲ့အလုပ်မျိုး မလုပ်ပါနဲ့။ ကျန်းမာရေးမှာ အဆိပ်ရှိသော သတ္တဝါတစ် ကောင်၏ ကိုက်ခြင်းခံရတတ်သည်။



ကံကောင်းသောနံပါတ်   ။         ။         ၄, ၆, ၇   ကံကောင်းသောအရောင် ။  ။ အဝါရင့်ရောင်    



ယတြာ ။         ။         မိမိအိမ်ဘုရားတွင် ရွှေဖယောင်းတိုင် (၃)တိုင်ကပ်လှူပြီး လိုရာဆုတောင်းပါ။



မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ဒီရက်မှာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ ရပ်ဆိုင်းထားသော လုပ်ငန်းများပင် ပြန်လည်လည်ပတ်လာ၍ အကျိုးအမြတ်ကောင်းများ ပေါ်ထွက်လာ ဦးမည်။ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း ဝင်ငွေကောင်းပြီး အဆင်ပြေ အောင်မြင်နေလိမ့်မည်။ ဝန်ထမ်းများအနေဖြင့် လက်ရှိရာထူးထက် ပိုမိုကောင်းမွန်သော နေရာဌာနမှ ကမ်းလှမ်းခေါ်ယူခံရတတ်ပါတယ်။ ပညာရေးအနေဖြင့် အထူးဂရုစိုက် လေ့လာအားထုတ် ရမည့် အချိန်ကာလမျိုး ဖြစ်တတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး အဆင်ပြေနေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်၏ ကောင်းသတင်းများ ကြားသိရတတ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းနေလိမ့်မည်။



ကံကောင်းသောနံပါတ်   ။         ။         ၂, ၄, ၇   ကံကောင်းသောအရောင် ။  ။ နီညိုရောင်       



ယတြာ ။         ။         ဘုန်းတော်ကြီးကျောင်းများသို့ ခြေသုတ်ခုံ ၂ ခု လှူဒါန်းပါ။



မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ဒီရက်မှာ အလုပ်အကိုင် အကြံအစည်များ အောင်မြင်နေတတ်သည်။ မမျှော်လင့်ဘဲ ငွေဝင်နေ မည့်ကာလဖြစ်သည်။ ကြိုးစားသလောက် ပစ္စည်းဥစ္စာ တိုးတက်ကြီးပွားနိုင်သည်။ စီးပွားရေးပညာရှင်များ၊ အယ်ဒီတာများ၊ ထုတ်ဝေသူများ၊ ကောက်ပဲသီးနှံရောင်းဝယ်သူများအဖို့ အကျိုးပေး ထက်သန်နေမည့် ကာလဖြစ်သည်။ ကုသိုလ်ရေးအဓိဋ္ဌာန် အောင်မြင်မှုကြောင့် ဆုလာဘ်ကောင်းများ ရရှိလိမ့်မည်။ ယာယီရောင်းဝယ်ဖောက်ကားမှု အပြိုင်အဆိုင်များနေမည်။ ပျိုရွယ်သူများ ပျော်ရွှင်မှုများဖြင့် မင်္ဂလာကိစ္စများကို ချစ်သူနှစ်ဦး စိတ်တိုင်းကျ ဆောင်ရွက်နေရတတ်သည်။ ကျန်းမာရေးမှာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်မည်။



ကံကောင်းသောနံပါတ်   ။         ။         ၇, ၉, ဝ   ကံကောင်းသောအရောင် ။  ။ အဖြူရောင်       



ယတြာ ။         ။         သစ်မြစ်၊ သစ်ဖု စသည်ဖြင့် ပြုလုပ်ထားသော ဆေးဝါးများကို အသက်ကြီးသူများအား လှူဒါန်းပါ။



မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ



          ဒီရက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းမွန် အဆင်ပြေနေပါလိမ့်မယ်။ လုပ်ငန်း တိုးချဲ့မယ်လို့ ကြံစည်ရင် ရဲရဲလုပ်ပါ။ မိသားစုအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု တိုးချဲ့လုပ်ကိုင်ရမည်။ ငွေကြေးတွေ တစ်ပါးသူထံ လက်မလွန်မိစေရန် အထူးသတိပြုပါ။ မိမိရဲ့လုပ်ငန်းအတွက် ဆွေမျိုးတွေက ကူညီမည်။ မိတ်ကောင်းဆွေကောင်း တိုးပွားမည်။ မသွားချင်တဲ့ခရီး သွားရမည်။ အချစ်နဲ့ အိမ်ထောင် ရေးမှာ ပျိုရွယ်သူတွေ ပျော်ရွှင်သလို အိမ်ထောင်ရှင်တွေ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရ ပါလိမ့်မည်။



ကံကောင်းသောနံပါတ်   ။         ။         ၂, ၇   ကံကောင်းသောအရောင် ။  ။ မရမ်းရောင် 



ယတြာ ။         ။         ကောက်ညှင်းပေါင်း ဆွမ်းတော်တင်ပေးပါ။



မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



          ဒီရက်မှာ စုပေါင်းလုပ်ဆောင်ထားသော စီးပွားရေးလုပ်ငန်းများမှ အကျိုးဆက်ကောင်းများ ရရှိလိမ့်မည်။ အလုပ်နေရာ၊ အိမ်နေရာပြောင်းခြင်းမျိုးနှင့်လည်း ကြုံတွေ့ရတတ်ပါတယ်။ ပတ်ဝန်းကျင် သစ်ကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးအနေဖြင့် စာမေးပွဲတစ်ခု ဝင်ရောက်ဖြေဆိုခြင်းမှ ထူးထူးချွန်ချွန်အောင်မြင်မှုများ ရရှိတတ်ပါတယ်။ ဝန်ထမ်းများ အနေဖြင့် ဌာနဆိုင်ရာအတွင်း နေရာအပြောင်းအရွှေ့ရှိခြင်းကြောင့် စိတ်ပင်ပန်းနေရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး ကံကောင်းနေမည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး ကံကောင်းနေသော်လည်း ဆွေမျိုးများကြောင့် စိတ်အနှောင့် အယှက်ဖြစ်စရာ ကြုံရတတ်သည်။



ကံကောင်းသောနံပါတ်   ။         ။         ၅, ၃, ၁   ကံကောင်းသောအရောင် ။  ။ နက်ပြာရောင်    



ယတြာ ။         ။         မွေးနံထောင့်ဘုရားမှာ ထီးနီ (၁ဝ)လက် ကပ်လှူပါ။



မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



          ဒီရက်မှာ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေအကျိုးအမြတ်များ ယခင်ထက် ပိုမိုအကျိုး အမြတ်ဖြစ်ထွန်းအောင်မြင်တတ်သည်။ လုပ်ငန်းကျွမ်းကျင်မှုများကြောင့်လည်း ပိုမိုကောင်းမွန်သည့် လုပ်ငန်းကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရတတ်ပါသေးတယ်။ ယှဉ်ပြိုင်မှုများသော လုပ်ငန်းများပင် မိမိက အသာစီးနှင့် အနိုင်ယူနိုင်သော ကာလမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ ဝန်ထမ်းများအနေဖြင့် မိသားစုနှင့် ခွဲခွာ၍ အဝေးတစ်နေရာတွင် တာဝန်ထမ်းဆောင်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးအနေဖြင့်လည်း ကံတရားတို့ အထူးကောင်းမွန်သော ကာလမျိုးဖြစ်တတ်ပါတယ်။ ပညာရေး၌ ကြိုးစားသလောက် အရာရောက်နေပြီး Óဏ်ပညာများလည်း ထက်မြက်နေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာမှား၊ ဆေးမှားခြင်းမျိုးနှင့် ကြုံတွေ့နေရတတ်၍ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးမသောက်ပါနှင့်။



ကံကောင်းသောနံပါတ်   ။         ။         ၈, ၉, ၃   ကံကောင်းသောအရောင် ။  ။ အနက်ရောင်     



ယတြာ ။         ။         မိမိနေအိမ်ဘုရားမှာ နို့ထမင်းကပ်လှူပါ။



မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



          ဒီရက်မှာ စီးပွားရေးနှင့်ပတ်သက်သောကံ အထူးကောင်းမွန်နေတတ်ပါတယ်။ အစ်ကို၊ အစ်မများထံမှလည်း စီးပွားရေးနှင့် ပတ်သက်သော အကူအညီများ ရရှိတတ်ပါတယ်။ ဝါသနာပါသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အခွင့်အလမ်းကောင်းများ ရရှိလိမ့်မည်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြိုင်ဘက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပရပ်ဝေးခရီး အနေဖြင့်လည်း စာချုပ်စာတမ်းများ ပြုလုပ်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးအနေဖြင့် အထူးကံတရားတို့ ပွင့်လန်းနေတတ်ပြီး ကြိုးစားကျက်မှတ်သလောက် အရာရောက်နေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အဆစ်အမြစ်ကိုက်ခဲဝေဒနာ ခံစားရတတ်ပါတယ်။



ကံကောင်းသောနံပါတ်   ။         ။         ၆, ၃, ၁   ကံကောင်းသောအရောင် ။  ။ နီညိုရောင်       



ယတြာ ။         ။         ညောင်ပင်ရုက္ခစိုးအား ကောက်ညှင်းပေါင်း (၁)၊ သောက်တော်ရေ   (၁)၊ ဆီမီး (၁)တိုင်လှူပါ။



မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပြိုင်ဘက်များသော စီးပွားရေးလုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရရှိတတ် ပါတယ်။ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူများအဖို့ ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်းနေဦးမည်။ ဝန်ထမ်းများအနေဖြင့် အထက်လူကြီး၏ ချစ်ခင်ခြင်း၊ မျက်နှာသာပေးခြင်းမျိုးနှင့် ကြုံရတတ်ပါတယ်။ ပညာရေးအနေဖြင့် ကံကောင်းပြီး အလိုဆန္ဒများ ပြည့်ဝအောင်မြင်တတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးအနေ ဖြင့်လည်း ကံကောင်းသော်လည်း နှစ်ကြိမ်နှစ်ခါပြန်လုပ်နေရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့် ပျော်ရွှင်စရာအချိန်များ ရှိနိုင်သလို အခန့်မသင့်ရင် ချစ်သူနှင့် လမ်းခွဲရတတ်တဲ့ ကာလမျိုးလည်း ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး သာယာပါလိမ့်မည်။ ကျန်းမာရေး အနေဖြင့် သွား၊ သွေး ဒုက္ခပေးတတ်၍ အထူးဂရုစိုက်သင့်၏။



ကံကောင်းသောနံပါတ်   ။         ။         ၃, ၅, ၈   ကံကောင်းသောအရောင် ။  ။ အနီရဲရဲအရောင် 



ယတြာ ။         ။         နဂါးရုံဘုရားမှာ နွားနို့ (၁)ခွက်နှင့် ကိတ်မုန့် (၁)ချပ်လှူပါ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။