contents

သတင်းများ

ဇွန်လ ၁၅ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Jun 15, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို ဇွန်လ ၁၅ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 



(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာ ပြုံးရွှင်စရာတွေနဲ့ ကြုံတွေ့ရမည်။ အိမ်ထောင်သည် တွေအဖို့ အိမ်ထောင်ရေး သာယာနေမည်။



ကံကောင်းသောအရောင်(ရောင်စုံရောင်)၊ ကံကောင်းသောနံပါတ်(၃,၅,၂)၊ ယတြာ(နေအိမ်ဘုရားမှာ ဂန္ဓမာပန်း(၇)ပွင့်လှူဒါန်းပါ။ )



 



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူတွေအဖို့ မိမိချစ်သူ ခရီးဝေးသွားရတတ်ပါသည်။ အိမ်ထောင်သည်တွေအဖို့ မိမိသားသမီးများကြောင့် စိတ်ချမ်းမြေ့စရာနှင့် ကြုံတွေ့ရမည်။



ကံကောင်းသောအရောင်(နံ့သာရောင်)၊ ကံကောင်းသောနံပါတ်(၂, ၈, ၆)၊ ယတြာ(မိမိမွေးနေ့တွင် မေမြို့ပန်း (၁၁)ပွင့် လှူဒါန်းပါ။)



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေး ကံကောင်းပြီး အချစ်သစ်လည်း ရရှိတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဘက်နှင့် အစစအရာရာ အဆင်ပြေပါလိမ့်မည်။



ကံကောင်းသောအရောင်(ပန်းရောင်)၊ ကံကောင်းသောနံပါတ်(၂, ၅, ၃)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ ဆီထမင်းကပ်လှူပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံ အနည်းငယ်ညံ့နေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေးသာယာ၍ အိမ်တွင်းရေး အဆင်ပြေမည်။



ကံကောင်းသောအရောင်(အစိမ်းနုရောင်)၊ ကံကောင်းသောနံပါတ်(၄, ၆, ၁)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ လိမ္မော်သီး ကပ်လှူပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် ချစ်သူကြောင့် စိတ်ချမ်းမြေ့ရမည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဘက်ကြောင့် ဂုဏ်တက်မည်။



ကံကောင်းသောအရောင်(ဗေဒါရောင်)၊ ကံကောင်းသောနံပါတ်(၄, ၃, ၆)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ ပဲပေါက်စီကပ်လှူပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံကောင်းမည်။ ကျန်းမာရေးကောင်းနေမည်။ အိမ်ထောင်ရှင်များ စိတ်ချမ်းမြေ့စွာ နေရမည်။



ကံကောင်းသောအရောင်(ငွေရောင်)၊ ကံကောင်းသောနံပါတ် (၅, ၂, ၉)၊ ယတြာ (မိမိနေအိမ်ဘုရားမှာ သီဟိုဠ်ညွန့် (၆)ညွန့် ကပ်လှူပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများ ချစ်သူချင်း လက်ဆက်ရမည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်တွင်းရေးသာယာ၍ နှစ်ဘက်မိဘများနှင့် ပျော်ရွှင်စွာ ခရီးထွက်ရတတ်ပါတယ်။



ကံကောင်းသောအရောင်(အဖြူရောင်)၊ ကံကောင်းသောနံပါတ်(၆, ၉, ၁)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်းကပ်လှူပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံညံ့နေ တတ်ပါတယ်။ ဆွေမျိုးများကလည်း မိမိကိုချစ်သူနှင့်ပတ်သက်ပြီး ငြိုငြင်မှုများ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေး ရှုပ်ထွေးနေမည်။



ကံကောင်းသောအရောင်(လိမ္မော်ရောင်)၊ ကံကောင်းသောနံပါတ်(၆, ၁, ၃)၊ ယတြာ (မိမိမွေးနေ့တိုင်းမှာ မိဘမဲ့ကလေးများကို အာဟာရဒါနပြုပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေးသာယာမည်။ အိမ်ထောင်ရှင်များအနေဖြင့် မိဘပိုင်အမွေပစ္စည်းနှင့်ပတ်သက်ပြီး စကားများရတတ်ပါတယ်။



ကံကောင်းသောအရောင်(နက်ပြာရောင်)၊ ကံကောင်းသောနံပါတ် (၁ ,၇, ၃)၊ ယတြာ (မိမိမွေးနေ့ညနေပိုင်းမှာ ခွေးကိုထန်းလျက်ခဲ (၁၁)ခဲကျွေးပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။