contents

သတင်းများ

ဇွန်လ ၁၄ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို ဇွန်လ ၁၄ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 



(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ မိမိစိတ်ဝင်စားနေသူမှ မိမိလိုချင်သော ချစ်အဖြေကို တောင်းသင့်သည်။



အိမ်ထောင်ရှိသူများအဖို့ အိမ်အနီးအနားတွင် မင်္ဂလာကိစ္စပေါ်ပေါက်ပါက ထီးပြေးထိုးလိုက်ပါလေ။



ကံကောင်းသောအရောင်(အနီရောင်)၊ ကံကောင်းသောနံပါတ်(၉,၇,၆)၊ ယတြာ(မိတ်ဆွေတစ်ဦးကို နို့စိမ်းတစ်ဗူး လက်ဆောင်ပေးပါ။ )



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့မူ အချစ်ရေးကို နှလုံးသားနှင့် မဆုံးဖြတ်ဘဲ ဦးနှောက်ဖြင့်သာ ဆုံးဖြတ်ပြီး စဉ်စားသင့်ပေသည်။ အိမ်ထောင်သည်များအဖို့ အချစ်ဟောင်းနှင့်ပတ်သက်၍ ပြဿနာဟောင်းများ ဖြေရှင်းရတတ်သည်။



ကံကောင်းသောအရောင်(အပြာရင့်ရောင်)၊ ကံကောင်းသောနံပါတ်(၇, ၈, ၂)၊ ယတြာ(မိဘများကို ကိတ်မုန့်နှင့် ကန်တော့လိုက်ပါ။)



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအဖို့ ချစ်သူနှင့် ပျော်ရွှင်စရာများ ကြုံမည်။အိမ်ထောင်ရှင်များ မိသားစုတွင် မင်္ဂလာကိစ္စကြုံမည်။



ကံကောင်းသောအရောင်(ငှက်ခါးရောင်)၊ ကံကောင်းသောနံပါတ်(၈, ၇, ၄)၊ ယတြာ(အချစ်ဆုံးတစ်ဦးကို နှင်းဆီပန်း လက်ဆောင်ပေးပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအဖို့ ချစ်သူ၏ အလိုလိုက်ခြင်းခံရမည်။ အိမ်ထောင်ရေး သုခခံစားရမည်ဖြစ်သည်။



ကံကောင်းသောအရောင်(ဖက်ဖူးစိမ်းရောင်)၊ ကံကောင်းသောနံပါတ်(၉, ၇, ဝ)၊ ယတြာ (နေအမည်ပါသောသူတစ်ဦးကို ဘောပင်တစ်ချောင်းလက်ဆောင်ပေးပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ အစစအရာရာ အဆင်ပြေမည်။ အိမ်ထောင်ရှင်များအဖို့ ငွေကြေးကိစ္စနှင့်ပတ်သက်၍ အိမ်ထောင်ဖက်နှင့် စကားများရတတ်ပါတယ်။



ကံကောင်းသောအရောင်(အဖြူရောင်)၊ ကံကောင်းသောနံပါတ်(၈, ၇, ၄)၊ ယတြာ(ရဟန်းတော်တစ်ပါးကို ထီးတစ်လက်လှူပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ ရုတ်တရက်ဆိုသလို အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက် ခရီးဝေးသို့ ထွက်သွားရတတ်သည်။



ကံကောင်းသောအရောင်(အညိုရောင်)၊ ကံကောင်းသောနံပါတ် (၉, ၇, ၄)၊ ယတြာ (မိမိနေအိမ်ဘုရားမှာ ပဲနို့ခေါက်ဆွဲကပ်လှူပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ စန်းပွင့်သောအချိန်ဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်ထံမှ သတင်းကောင်းကြား ရတတ်ပါတယ်။



ကံကောင်းသောအရောင်(ပန်းနုရောင်)၊ ကံကောင်းသောနံပါတ်(၆, ၇, ၁)၊ ယတြာ(မိတ်ဆွေတစ်ဦးကို ဆီချက်ခေါက်ဆွဲ ဝယ်ကျွေးပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ ချစ်သူသစ်ရနိုင်သည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်နှင့် ခရီးသွားရတတ်သည်။



ကံကောင်းသောအရောင်(ကြက်သွေးရောင်ရောင်)၊ ကံကောင်းသောနံပါတ်(၈, ၇, ၄)၊ ယတြာ (ရုက္ခစိုးနတ်မင်းကို ကောက်ညှင်းပေါင်း ကပ်လှူပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအဖို့ ချစ်သူနှင့် ဖူးစာစုံမည်။အိမ်ထောင်သည်များ သားသမီးရတနာရရှိတတ်သည်။     



ကံကောင်းသောအရောင်(အနက်စင်းရောင်)၊ ကံကောင်းသောနံပါတ် (၉ ,၈, ၂)၊ ယတြာ (အစ်မတော် မြနန်းနွယ်ကိုရည်စူးပြီး စပါယ် ၈ ကုံးလှူပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။