contents

သတင်းများ

ဇွန်လ ၁၃ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Jun 13, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို ဇွန်လ ၁၃  ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 



(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများ ချစ်သူ၏ အထင်ကြီးခြင်းခံရမည်။အိမ်ထောင်ဖက်၏ ဂုဏ်သတင်းကြောင့် စိတ်ချမ်းမြေ့မည်။



ကံကောင်းသောအရောင်(မီးခိုးရောင်)၊ ကံကောင်းသောနံပါတ်(၅,၆,၇)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ မုန့်ဖက်ထုပ် (၅)ထုပ်ကပ်လှူပါ။)



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများ အချစ်သစ်နှင့် ကြုံမည်။မိသားစုတွင် အလှူကြီး လှူရတတ်သည်။



ကံကောင်းသောအရောင်(ကြက်သွေးရောင်)၊ ကံကောင်းသောနံပါတ်(၂, ၃, ၅)၊ ယတြာ(မိမိမွေးနေ့နံနက်မှာ ကောက်ညှင်းပေါင်းလှူပါ။)



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအနေဖြင့် မိမိအပေါ် အရာရာသည်းခံနိုင်သော ချစ်သူမျိုးနှင့် ဖူးစာဆုံခွင့်ရှိမည်။



အိမ်ထောင်ဖက်၏ ဆွေမျိုးများရှိသည့် နေရာသို့ ခရီးသွားရတတ်သည်။



ကံကောင်းသောအရောင်(သနပ်ခါးရောင်)၊ ကံကောင်းသောနံပါတ်(၉, ဝ, ၈)၊ ယတြာ(မွေးနံထောင့်မှာြ၈ိုဟ်ရုပ်စုံ (၈)ခုလှူပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအနေဖြင့် မိမိအပေါ်နားလည်ပေးတတ်သော ချစ်သူမျိုးနှင့် တွေ့ရတတ်ပါသည်။



အိမ်ထောင်ရှင်များ မိသားစုတွင် သားသမီးရတနာထွန်းကားမည်။



ကံကောင်းသောအရောင်(ဖက်ဖူးစိမ်းရောင်)၊ ကံကောင်းသောနံပါတ်(၆, ၅, ၂)၊ ယတြာ(မွေးနံထောင့်၌ ကြေးဆည်းလည်း (၂)လုံး ကပ်လှူပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် လူကြီးမိဘ အသိုင်းအဝိုင်းများကြောင့် အချစ်ရေးမပြေလည်မှုများနှင့် ကြုံတွေ့ရတတ်ပါသည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး သာယာမည်။



ကံကောင်းသောအရောင်(အဖြူရောင်)၊ ကံကောင်းသောနံပါတ်(၆, ၈, ဝ)၊ ယတြာ(မိမိမွေးနံထောင့်ဘုရားမှာ အုန်းဆွမ်းကပ်လှူပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် ဆွေစဉ်မျိုးဆက် ချမ်းသာလာသော ချစ်သူမျိုးနှင့် ဆုံစည်းရတတ်ပါသည်။



အိမ်ထောင်ရှင်များ ရပ်ဝေးခရီးသွားရမည်။



ကံကောင်းသောအရောင်(ရှားညိုဖျော့)၊ ကံကောင်းသောနံပါတ် (၅, ၄, ၂)၊ ယတြာ (မိမိနေအိမ်ဘုရားမှာ ပဲနို့ခေါက်ဆွဲကပ်လှူပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် အချစ်ရေးနှင့် ပညာရေးရှုပ်ထွေးနေတတ်ပါသည်။



အိမ်ထောင်ရှင်များ သားသမီးများကြောင့် စိတ်ညစ်စရာကြုံမည်။



ကံကောင်းသောအရောင်(ပန်းရောင်)၊ ကံကောင်းသောနံပါတ်(၈, ၂, ဝ)၊ ယတြာ(မွေးနံထောင့်ဘုရားမှာ ရွှေဖယောင်းတိုင်များ ကပ်လှူပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



 



          ပျိုရွယ်သူများအနေဖြင့် ကြားလေသွေးလို့ ဝေးရတတ်ပါသည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဖက်နှင့် ခိုက်ရန်ဒေါသဖြစ်ပွားတတ်ပါသည်။



ကံကောင်းသောအရောင်(ပန်းခရမ်းရောင်)၊ ကံကောင်းသောနံပါတ်(၂, ၈, ၂)၊ ယတြာ (မိဘမဲ့ကလေးများကို အဟာရဒါနပြုပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



 



          ချစ်သူနှင့်အတူ သင်တန်းတစ်ခုတက်ရမည်။အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်နှင့် ခရီးသွားရမည်။



ကံကောင်းသောအရောင်(အနီရင့်ရောင်)၊ ကံကောင်းသောနံပါတ် (၇ ,၅, ၄)၊ ယတြာ (မိမိနေအိမ်ဘုရားမှာ ထီးနီ (၁ဝ)လက်ကပ်လှူပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။