contents

သတင်းများ

ဇွန်လ ၁၅ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

နေ့ရက်:
Jun 15, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

         လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။ အခုလည်း ဇွန်လ ၁၅ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။



မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀) အတွင်းမွေးဖွားသူများ

          ဒီနေ့မှာ လုပ်ကိုင်ကြံစည်မှုတွေအားလုံး အောင်မြင်မှာဖြစ်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ အင်္ဂါ၊သောကြာ သားသမီးများ ကောင်းမွန်နေပြီး ထီလည်းပေါက်တတ်ပါတယ်။ ရွှေအရောင်းအဝယ်လုပ်ငန်းမှာတော့ မှားယွင်းမှုရှိတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်ရဲ့ မိသားစုကြောင့် စိတ်ချမ်းသာရမှာဖြစ်ပြီး သားသမီးကြောင့် ဂုဏ်တက်ရတတ်ပါတယ်။ အချစ်ရေးလည်းကောင်းနေပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ နိုင်ငံခြား ပညာတော်သင်သွားရခြင်း၊ အလုပ်ကိစ္စအတွက် နိုင်ငံခြားသွားရကိန်းလည်း ရှိနေပါတယ်။ စနေသားသမီး ဒုက္ခပေးတတ်ပါတယ်။



ယတြာ - အိမ်ရှိ ထီးအဟောင်း အစုတ်များစွန့်ပစ်လိုက်ပါ။



ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁) အတွင်းမွေးဖွားသူများ

          စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှု ပြုလုပ်မယ်ဆိုရင် စနေ၊ ဗုဒ္ဓဟူး သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊ အကြံဥာဏ်အား အကူအညီများရရှိပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေပြီး အချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ် အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။ အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့ အနည်းငယ် အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။



ယတြာ - ဘုန်းကြီးတစ်ပါးအား ယပ် လှူဒါန်းပေးပါ။



မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁) အတွင်းမွေးဖွားသူများ

          လုပ်ငန်းကနေ ငွေဝင်နေမှာဖြစ်ပြီး ငွေစုဖြစ်ပါလိမ့်မယ်။ မိသားစုအတွက် ကူညီနေရမယ့် အချိန်ဖြစ်ပြီး ၀န်ထမ်းများလစာတိုးခြင်း၊ ထီပေါက်သလို ငွေဝင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ငွေကုန်မယ့် ကာလလည်းဖြစ်ပါတယ်။ သင်္ဘောသားများအနေနဲ့ ထိခိုက်ဒဏ်ရာ ရရှိတတ်ပြီး လုပ်ငန်းနားရတတ်လို့ သတိပြုရပါမယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်နေသူများ အနေနဲ့လည်း ပြန်လာရကိန်းရှိနေပါတယ်။ အိမ်အနီးအနားမှာ နာရေးရှိနေရင် ထီထိုးပေးပါ။ ဆွေမျိုးထဲမှ ငွေကြေးအခက်အခဲရှိသူကို ကူညီပေးရတတ်ပြီး ငွေစုငွေချေးလုပ်ငန်းများတွင် မြှုပ်နှံထားသောငွေများ ဆုံးရှုံးတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာနေပြီး ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။



ယတြာ - အိမ်ရှိဘုရားတွင် ဘီစကစ် ကပ်လှူပေးပါ။



ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂) အတွင်းမွေးဖွားသူများ



          ရေထွက်ကုန်လုပ်ငန်း၊ အချိုရည်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဘဏ်လုပ်ငန်း၊ အလှကုန်လုပ်ငန်းရှင်များ သတိပြုလုပ်ဆောင်သင့်ပါတယ်။ စိန်၊ ရွှေ ကျောက်မျက်ရတနာလုပ်ငန်း၊ ကျောက်တွင်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ မိသားစု ၊ မိတ်ဆွေတွေက သင့်ကိုယုံကြည်ပြီး သင်လုပ်သမျှအကောင်းမြင်နေမယ့် ကာလလည်းဖြစ်ပါတယ်။ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ရွှေလုပ်ငန်းရှင်များ အရောင်းထိုင်းနေတတ်ပါတယ်။ အိမ်ကို လျှပ်စစ်ပစ္စည်းဝင်လာကိန်းရှိနေပြီး ရွှေပျောက်တတ်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး အချစ်ရေးအိမ်ထောင်ရေးလည်း သာယာနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။



ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူပေးပါ။



သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃) အတွင်းမွေးဖွားသူများ



          ဒီရက်မှာ အဖက်ဖက်က ကံကောင်းခြင်းတွေအားလုံး ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ အခွင့်အလမ်းကောင်းတွေ ပေါ်လာမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ခြင်းတွေကိုလည်း စတင်လိုက်ပါ။ ရွှေ၊ ငွေ ဝင်ကိန်းရှိပြီး ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းသမားတွေ အထူးကောင်းမွန်ပါလိမ့်မယ်။ စပ်တူကိစ္စ ၊ စာချုပ်စာတမ်းကိစ္စတွေမှာတော့ သတိပြုသင့်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားရကိန်းရှိပြီး ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဆီကနေ သတင်းကောင်း ကြားရကိန်းရှိနေပါတယ်။ မနာလိုသူတွေက တမင်ရန်စပြီး အမှုအခင်းဖြစ်တတ်လို့ သတိပြုရပါမယ်။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအနည်းငယ် ညံ့နေပြီး ကျန်းမာရေးအနေနဲ့ အရေပြားယားယံတတ်ပါတယ်။



ယတြာ - အရဟံဂုဏ်တော်ကို သက်စေ့ ရွတ်ဖတ်ပေးပါ။



ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂) အတွင်းမွေးဖွားသူများ



           လုပ်ငန်းစီးပွား အဆင်ပြေနေမှာဖြစ်ပြီး အလုပ်ရှင်ရဲ့ မျက်နှာသာပေးခြင်းကိုလည်း ခံရတတ်ပါတယ်။ အိုးအိမ်သစ် ၀င်ကိန်းရှိပြီး အမျိုးသမီးတစ်ဦးရဲ့ ငွေကြေး ကူညီမှု ရရှိတတ်ပါတယ်။ ဆန်စက်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေနေမှာဖြစ်ပါတယ်။ အိမ်ကို ကိုယ်ဝန်သည်ရောက်လာပါက အိမ်ရှိကြီးကဲသူတစ်ဦး ကျန်းမာရေးညံ့တတ်လို့ လက်မခံပါနဲ့။ အမျိုးထဲမှာ နာတာရှည်ရောဂါသည်ရှိနေလျှင် သူ့အတွက် ဆေးဝါးလှူဒါန်းပေးလိုက်ပါ။ ကံအညံပြေပျောက်စေဖို့ အိမ်အနီးအနားဘုရားကို မကြာခဏသွားပေးသင့်ပါတယ်။ ပညာရေးအတွက် ဒီပလိုမာတန်းတွေ တက်ရောက်ဖို့ အကြောင်းဖန်လာမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။



ယတြာ - ဘုရားတွင် အုန်းနို့ဆန်ပြုတ် ကပ်လှူပေးပါ။



တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှ အောက်တိုဘာ(၂၃) အတွင်းမွေးဖွားသူများ



          ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်း အကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်နေမယ့် ကာလပါပဲ။ အလုပ်ကိစ္စတွေလည်း အဆင်ပြေအောင်မြင်ပါလိမ့်မယ်။ အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အ၀ရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အူလမ်းကြောင်းရောဂါဖြစ်ပွားတတ်ပါတယ်။



ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။



ဗြိစ္ဆာရာသီ(Scorpio) - အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂) အတွင်းမွေးဖွားသူများ



          လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့တာ၊ လုပ်ငန်းသဘာဝမတူတာမျိုး စတင်တာတွေလုပ်ဆောင်နိုင်မယ့် အချိန်ပါပဲ။ ဒီနေ့မှာ လုပ်သမျှအားလုံးလွဲချော်နေတတ်ပြီး လက်အောက်ငယ်သား ပုန်ကန်တတ်ပါတယ်။ အလုပ်ရှင်ရဲ့ ငြိုငြင်မှုကိုလည်း ခံရတတ်ပြီး ၀န်ထမ်းဖြစ်ပါက အထက်လူကြီးရဲ့ ချောင်ထိုးထားခြင်းကို ခံရတတ်ပါတယ်။ ငွေအလွဲသုံးစားမှု တစ်ခုအတွက် စွပ်စွဲခံရတတ်ပြီး ဖြေရှင်းပြီးရင်တောင် နာမည်ပျက်သွားတတ်ပါတယ်။ ငွေဝင်နေပေမယ့် ပြန်ထွက်နေမှာပဲ ဖြစ်ပါတယ်။ ပညာရေးကိုစိတ်မ၀င်စားပဲ အချစ်ရေးမှာ အချိန်ကုန်နေတတ်ပြီး ကျန်းမာရေးအနေနဲ့ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။



ယတြာ - ဘုရားစင်ရှင်းပေးပါ။



ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁) အတွင်းမွေးဖွားသူများ

          အိမ်ရှိ ညီအစ်ကို မောင်နှမ တစ်ဦးရဲ့ မင်္ဂလာသတင်းကြားရတတ်ပါတယ်။ ငွေကြေးအကုန်အကျများနေမယ့် ကာလဖြစ်ပြီး မိသားစုကို ထောက်ပံ့နေရတာကြောင့် ပိုက်ဆံရသမျှကို မစုဖြစ်ပဲ ဖြစ်နေပါလိမ့်မယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်ပြီး အမျိုးသမီးငယ်တစ်ဦး အကူအညီနဲ့ အဆင်ပြေပါလိမ့်မယ်။ ဆန်စက်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး စပ်တူလုပ်ငန်းတွေအတွက် သတိပြုသင့်ပါတယ်။ ၀င်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်မှာဖြစ်ပြီး စာမေးပွဲစာပြန်ပွဲ ရလဒ်တွေလည်း အဆင့်မြင့်မြင့် အောင်မြင်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့မယ်လို့ ကြံရွယ်ထားသူတွေအနေနဲ့လည်း ဖြစ်မြောက်လာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အဆုတ်ရောဂါဖြစ်ပွားတတ်ပါတယ်။



ယတြာ - အိမ်ရှိဘုရားတွင် နို့စိမ်းခေါက်ဆွဲ ကပ်လှူပေးပါ။



မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀) အတွင်းမွေးဖွားသူများ

          ချစ်သူသစ်တွေ့ဆုံရကိန်းရှိပြီး အချစ်ရေးမှာ နာမည်ပျက်တတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ နှစ်ဖက်ဆွေမျိုးတွေကြောင်း အချင်းများတတ်ပါတယ်။ အလုပ်အတွက် အကျိုးရှိမယ့် သင်တန်းတွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ၀န်ထမ်းဖြစ်ပါက စနေ၊ အင်္ဂါသားသမီးရဲ့ အကူအညီနဲ့ တိုးတက်တတ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေကတော့ ၀န်ထမ်းတွေ ဒုက္ခပေးတတ်ပါတယ်။ ပညာရေးပိုင်းအတွက်လည်း လိုအပ်တဲ့သင်တန်းတွေ တက်ရောက်မှသာ တိုးတက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အထက်အရာရှိ အလုပ်ရှင်ရဲ့ ငြိုငြင်မှုကိုလည်း ခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေရောဂါ သတိပြုပါ။



ယတြာ - ခိုစာကျွေးပေးပါ။



ကုမ်ရာသီ (Aquarius) - ဇန်န၀ါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) အတွင်းမွေးဖွားသူများ



          ယာဉ်၊ ကား မတော်တဆဖြစ်တတ်ပြီး သွေးထွက်သံယိုဖြစ်ကိန်းရှိနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း လုပ်ငန်းတိုးချဲ့နိုင်ပါလိမ့်မယ်။ ကားအရောင်းအ၀ယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ကို လူပိုဝင်လာလျှင် ရွှေ ဒါမှမဟုတ် အိမ်ရှိ လူ ထွက်တတ်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေးပိုင်းဆိုင်ရာ ကောင်းမွန်နေပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းရှိနေပါတယ်။ အိမ်ထောင်ရေး အဆင်ပြေနေပြီး သားသမီး ရတနာထွန်းကားတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ မိဘနဲ့ စကားများ စိတ်ဝမ်းကွဲတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ သွေးတိုးရောဂါဖြစ်ပွားတတ်ပါတယ်။



ယတြာ - ဘုရားတွင် အုန်းထမင်း ကပ်လှူပေးပါ။



မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀) အတွင်းမွေးဖွားသူများ



          သွပ်၊သံလုပ်ငန်း၊ သံဖြူလုပ်ငန်းရှင်များကောင်းမွန်နေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူတွေ သင့်တော်မယ့် အချိန်ပါပဲ။ ၀န်ထမ်းများ နယ်အပြောင်းအရွှေ့ရှိနေပြီး အလုပ်ထွက်ရကိန်းလည်း ရှိနေပါတယ်။ ကိုယ့်အပေါ် မကောင်းကြံသူတွေရှိနေတတ်လို့ သတိပြုရပါမယ်။ အချစ်ရေးမှာလည်း တတိယလူပေါ်လာတတ်ပါတယ်။ အိမ်ထောင်သည်တွေ ကြားလူနှောက်ယှက်မှု ကြုံရတတ်တဲ့ အချိန်ပါပဲ။ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ အချိုရည်နဲ့ အဖျော်ယမကာ လုပ်ငန်းရှင်တွေ အထူးကောင်းမွန်နေပြီး ၀င်ငွေကောင်းပါလိမ့်မယ်။ အိုးသစ်အိမ်သစ်ပြောင်းရွှေ့ရကိန်းရှိပြီး ငွေကုန်ကြေးကျများနေပါလိမ့်မယ်။ မိမိရဲ့ အိမ်နေရာထိုင်ခင်း အခက်အခဲကို ကူညီဖြေရှင်းပေးသူတွေကြုံရမှာဖြစ်ပြီး အိမ်သစ်ဝယ်လာနိုင်မယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်ပါတယ်။



ယတြာ - မိဘမဲ့ကလေးများကို လှူဒါန်းပေးပါ။



LEO


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။