contents

သတင်းများ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၁၀-၆-၂၀၁၈ ) မှ ( ၁၆-၆-၂၀၁၈)

နေ့ရက်:
Jun 11, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

                   ဗြဟ္မဏပုဏ္ဍားနက္ခတ္တ​ဗေဒပညာရှင်​၊ ​ဗေဒင်​နှင့်​လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၀-၆-၂၀၁၈ ) မှ ( ၁၆-၆-၂၀၁၈) အထိဖော်ပြပေးလိုက်ပါတယ်။



 



တနင်္ဂနွေ



          ဤအပတ်တွင် တရားစီရင်မှုများ အမှုအခင်းရင်ဆိုင်ရာတွင် ပြီးမြောက် ကောင်းသတင်းနှင့် အောင်မြင်မှုရရှိလိမ့်မည်။ အလှူ (သို့) မင်္ဂလာဆောင် ရက်ရွေ့ရခြင်းဖြစ်လာမည်။ မုန့်လုပ်ငန်း၊ အကြော်အလှော်လုပ်ငန်းနှင့် အရည်နှင့်ပတ်သက်ရာလုပ်ငန်း အကျိုးဖြစ်ထွန်းခြင်းနှင့် လုပ်ငန်းငန်းအော်ဒါများ လက်မလဲ ကြုံတွေမည့် ငွေအလုံးအခဲ စုမိလိမ့်မည်။မိမိအိမ်နှင့် မျက်စောင်းထိုး အိမ် သို့ စီးပွားတူအပြိုင်အဆိုင်အတိုက်အခံ ပြုလုပ်ရလိမ့်မည်။ အထူး အရပ်ပိုင်းနှင့်ပုပြီးဝသောသူနှင့် စကားများ မနာလိုရန်ငြိုးရန်စ အမှုဖြစ်တတ်ပါတယ်။ ပညာရေးပိုင်း ပြည်ခရီးပညာသင်ရသွားလိမ့်မည်။ ပညာရှာ စီးပွားလည်း လုပ်ခြင်းဖြင့် အလုပ်နှစ်ခုတွဲလုပ်ရမည်။ ချစ်ရေးရာတွင် မိမိချစ်သူအပေါ် ရယူပိုင်ဆိုင်လို့စိတ် စချစ်စိတ်ပြင်းထန်မည်။ အချစ်ရေးတွင် ကြေကွဲဝမ်းနည်းစရာကြုံတတ်၏။ မိမိချစ်သူက မိဘစကားနားထောင်တာဖြစ်စေ၊ မိမိထက်သာသည်ကို ရွေးချယ်ကာဖြစ်စေ စွန့်ခွာသွားတတ်၏။အိမ်ထောင်းရေတွင် မိမိအိမ်ထောင်ဘက် ဝန်ထမ်းဖြစ်ပါက ရပ်ဝေးရပ်ခြား အလုပ်ပြောင်းစာရရှိပြီး ကွဲကွာရတတ်သည်။ ကျန်းမာရေးတွင် အညံ့မရှိပါ။ အထူးသဖြင့် သတိထားရန်မှာ ချော်လဲခြင်း။ အမြင့်မှပြုတ်ကျခြင်း ကြောင့် ထိခိုက်မိတတ်ပါသည်။



ကံကောင်းစေသောအရောင် - အဝါရောင်၊ဆင်စွယ်ရောင်

အကျိုးပေးဂဏန်း - (၉၊ ၁၊ ၅)

အကျိုးပေးအရပ် - အရှေ့မြောက်ဘက်

ရှောင်ရန် - အနောက်တောင်

ယတြာ - အရှေ့အရပ် ဘုရားတွင် ကန်စွန်းညွန့်၊ရွှေပန်းများကို ကပ်လှူ ဆုတောင်းပါ။



တနင်္လာ



       ဒီအပတ်က ငွေရေးကြေးရေးကိစ္စမှာတော့ ရတာထက် ကုန်တာများမည်၊၊ ငွေကြေးကိစ္စများကြောင့် ရုံးပြင်ကဏ္ဍား အမှုရင်ဆိုင်ရလိမ့်မည်။ အကြွေးထူမည်။ အလောင်းအစား အကျိုးမပေး ဝါသနာတစ်ခု တားဆီးလို့မရပါက အနည်းငယ်ကနေ အများကြီးဆုံးရှုံးမှုများ ဖြစ်လိမ့်မည်။(အထူးရှောင်ရန်၊စိတ်နိုင်အောင်နေပါ) အင်္ဂါ၊ကြာသပတေးသားမှ ဒုက္ခပေးတတ်သည်။ သူတပါး၏ လုပ်ကြံခြင်းခံရတတ်သည်။ သို့ရာတွင် လုပ်ငန်းတူ မိတ်ဆွေများ၏ ကူညီမှုများကို မမျှော်လင့်ဘဲရနိုင်ပါသည်။ တန်ဖိုးကြီးစက်ပစ္စည်းဝင်လာတတ်သည်။ သစ်၊ကျောက်အရောင်းအဝယ်၊ လူပွဲစားနှင့်ငွေကြေးရေး ဝန်ဆောင်မှုများ အကျိုးပေးခြင်းနည်းမည်။ နာမည်ကျ ၊စွပ်စွဲခံရခြင်း၊ အလိမ်ခံထိ အဖမ်းဆီးများ ကြုံတွေ့ရတတ်သည်။ အချစ်ရေးမှာ လသာသလို ဝင်းပနေပါလိမ့်မည်။ အပျိုကြီးများစန်းပွင့် အိမ်ထောင်ပြုရတတ်သည်။ တစ်ခုလပ်နှင့် မုဆိုးဖို့/မ အိမ်ထောင်ဆက်ကြုံမည်။ အိမ်ထောင်ရှင် အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ဖက်ကျန်းမာရေး ညံ့တတ်၍ ဂရုစိုက်ပါ။ ကျန်းမာရေးတွင် အမောဖောက်တတ်သည်။အထူးခရီးဝေး သွားရတတ်ပြီး ကျန်းမာရေး ဖောက်ပြန်ခြင်း၊ ငွေကုန်ခြင်း ရှိတတ်ပါသည်။



ကံကောင်းစေသောအရောင် - လိမ္မော်ရောင်၊ကြည်ပြာရောင်

အကျိုးပေးဂဏန်း - (၆၊ ၂၊ ၈)

အကျိုးပေးအရပ် - အနောက်ဘက်

ရှောင်ရန် - အရှေ့ဘက်

ယတြာ - မိမိအိမ်တွင် ဘုန်းကြီးတစ်ပါးကို ခေါက်ဆွဲကြော် ကပ်လှူပြီး လိုရာဆုတောင်းပါ။



အင်္ဂါ



                စီးပွားရေးလုပ်ငန်းရှင်များ မိမိလုပ်ငန်းခွင်အတွက် ဝန်ထမ်းများ အပြောင်းအလဲရှိသည်။ ဝန်ထမ်းသစ်များ ခန့်အပ်ရမည်။ မိမိလုပ်ငန်းခွင်အတွက် မိမိလုပ်ငန်းများ လွှဲပြောင်းပေးခြင်းနှင့် ပြည်ပသို့ အခြေစိုက်လုပ်ငန်း တည်ထောင်မှုများ တွေ့ကြုံရမည်။ မိသားစု စုဆောင်းငွေနှင့် အတွင်းပစ္စည်းတိုးပွားမည်။ အနာဂတ်အကျိုးဖြစ်ထွန်းမည့် စာချုပ်စာတမ်းကိစ္စများ အဆင်ပြေချောမွေ့စွာ ချုပ်ဆိုနိုင်မည်။ တိရိစ္ဆာန်ရောင်းဝယ်ခြင်းနှင့် မင်္ဂလာမဏ္ဍပ် ဂီတအတီးအမှုတ်လုပ်ငန်း၊ မင်္ဂလာအလှပြင် မိတ်ကပ်လုပ်ငန်းများ အကျိုးဖြစ်ထွန်းပါလိမ့်မည်။

ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ချေးတာ ငှါးတာမလုပ်ပါနဲ့၊ ရစရာရှိတွေမရနိုင် ပေးစရာရှိတာတွေမပေးနိုင် ဖြစ်သွားတတ်ပါသည်။  မေတ္တာရေး အချစ်ရေးမှာ အသည်း ကွဲတာ ဥပေက္ခာပြုခြင်းခံရတာမျိုးတွေ ကြုံရလိမ့်မည်၊ မိသားစုကိစ္စ အိမ်တွင်းရေး ကိစ္စကြောင့် စိတ်ညစ်ရမည်၊၊ မိမိနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦး မိမိအိမ်သို့ လာရောက်တည်းခိုတတ်ပါသည်။ အထူးသဖြင့် ခိုးပြေးလာသည့် အိမ်ထောင်ဖြစ်လျှင် လက်မခံသင့်၊   အကူညီမပေးသင့်ပါ။ ပညာပါပါဖြင့် ပြောဆို ပထုပ်ဖို့တော့ လိုအပ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး အောင်မြင်မှုများရရှိတတ်ပါသည်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။ ခွဲစိတ်ကုသမှုခံယူရတတ်သည်။



ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - (၅၊ ၇၊ ၃)

အကျိုးပေးအရပ် - အရှေ့တောင်ဘက်

ရှောင်ရန် - အနောက်မြောက်ဘက်

ယတြာ - မိမိအိမ်ရှေ့တွင် ရေအိုးစင်ဆောက်လုပ်ခြင်း ကုသိုလ်ယူပါ။



ဗုဒ္ဓဟူး



            ဒီအပတ် သင့်အတွက်အောင်မြင်မူ့ရသော အချိန်ကာလ ဖြစ်ပါသည်။ လုပ်ငန်းလုပ်တဲ့နေရာမှာ၊ ပညာရေးမှာရာထူးတိုးတာ ချီးမွမ်းခြင်းခံရတာကြုံမည်။ အပြောင်းအရွှေ့များ ပြုလုပ်ရတတ်သည်။ ပြည်ပခရီးသွားကိစ္စကြုံတွေ့မည်။ နံနက်(၈း၄၁)

နာရီအတွင်း လေကြောင်းခရီးသွားလာခြင်း ကောင်း၏။ အိမ်ပြောင်း ၊ အိမ်တက်ပြုလုပ်ရမည်။ အာမခံလုပ်ငန်းများ၊ သစ်ပင်စိုက်ခြင်းနှင့် ရာသီပေါ် အသီးအနှံ များနှင့် ကော်ဖီလုပ်ငန်း အကျိုး ဖြစ်မည်။ အိမ်၊ခြံမြေ အပင်စိုက်ပျိုးရေး ကဏ္ဍနှင့် အရောင်းအဝယ်ဖြစ်ထွန်းမည်။ တနလာင်္၊အင်္ဂါ နေ့နံသားများမှ တားဆီး အနှောက်အယှက်ပေးခြင်းများ ကြုံတွေ့ရမည်။ ချစ်သူရှိပြီးသူများ အိမ်ထောင်သည်များအနေဖြင့် အချစ်ရေးကိစ္စများ အထူးကောင်းမွန်၊ ပျော်ရွှင်စရာခရီး ဟန်နီးမွန်ခရီးထွက်ရမည်။ အိမ်ထောင်ရှင်များ မိမိအိမ်ထောင်ဘက်များ ပြောစကားနားမထောင်ဘဲ လုပ်ချင်တာလုပ်နေခြင်းမျိုး တစ်ခါတစ်ရံကြုံရတတ်ပါသည်။ ကျန်းမာရေး အနေဖြင့် သွေးသွင်းရခြင်း၊ အဖျားကြီးခြင်း ရှိတတ်ပြီး ရာသီဥတုကြောင့် ရောဂါဝေဒနာ ထူပြောတတ်ပါသည်။





ကံကောင်းစေသောအရောင် - မီးခိုးရောင်၊ လိမ္မော်ရောင်

အကျိုးပေးဂဏန်း - (၄၊ ၅၊ ၈)

အကျိုးပေးအရပ် - တောင်ဘက်

ရှောင်ရန် - မြောက်ဘက်

ယတြာ - မိမိအိမ်ဘုရားတွင် မေမြို့ ပန်း၊နှင့်ပန်းတိမ်ငိုပန်း ဝေဝေဆာဆာ ကပ်လှူ ဆုတောင်းပါ။



 



ရာဟု



   ဒီအပတ် အညံ့အဆိုးတွေတဖြည်းဖြည်း ပြေလွင့်သွားပါလိမ့်မယ်။ အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှကုန်၊ အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှေက်စားခြင်းခံရမည်။ခရီးကိစ္စများကြန့်ကြာပြီးမှ လိုရာပန်းတိုင်ရောက်မည်။ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။

မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။အိမ်ထောင်းရေး အသင့်အတင့် ကောင်းမွန်မည်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ မိိမိဆိုင် မိမိလုပ်ငန်းလူစည်ကားမည်။ကျန်းမာရေး အနည်းငယ် ခေါင်းကိုက်တတ်ပါသည်။



ကံကောင်းစေသောအရောင် - အစိမ်းနုရောင်၊ အဝါနုရောင်

အကျိုးပေးဂဏန်း - (၉၊ ၃၊ ၂)

အကျိုးပေးအရပ် - အရှေ့ဘက်

ရှောင်ရန် - အနောက်ဘက်

ယတြာ - ဘုန်းကြီးကျောင်းတွင် လျှပ်စစ်မီးများ လှူဒါန်းပါ။



 



ကြာသပတေး



              ဒီိအပတ်တွင် အိမ်ပြောင်း၊အိမ်တက်နှင့်အိမ်သစ်ဝင်ခြင်းများ ဖြစ်လိမ့်မည်။အလှူ တန်းပေးရမည်။ အောင်မြင်မည်။ လုပ်ငန်းသစ်ပေါ်ခြင်းနှင့်အလုပ်အကိုင် တိုးတက်၊ နေရာကောင်းများရလိမ့်မည်။ သူခိုးခိုး ခံရမည်။ အဖိုးတန်ပစ္စည်းပျောက်မည်။ ယူသူကိုသိသော်လည်း သက်သေမရှိ သိသိနှင့်အခံရခက်မည်။ ဘုရားဖူးခရီးသွားရလိမ့်မည်။ ဆွေမျိုးဧည့်သည့် ရောက်လာခြင်း၊ ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျခြင်းများ ကြုံရတတ်ပါသည်။ အခြား တစိမ်းသူတွေနဲ့ အထင်မှားတာ စွပ်စွဲတာခံရတတ်ပါသည်။ အိမ်ထောင်ရေးတွင် ရင်းနှီးသူများနှင့် စိတ်ဝမ်းကွဲ စကားများရတတ်သည်။ အထူးသဖြင့် မိမိကိုမနာလို၍ ပြဿနာ ရှာတာမျိုးကြုံရတတ်ပါသည်။ ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါသည်။

ကျန်းမာရေးကတော့ အိမ်တွင်တစ်ဦးဦး ညံ့တတ်သည်။ ကြီးကြီးမားတော့မရှိပါ။ သံသရာစိတ်ဝင်၊စိတ်ခုနေတတ်သည်။ ပယောဂအတိုက် ဟုအထင်အမြင်ဖြစ်လိမ့်မည်။





ကံကောင်းစေသောအရောင် - အစိမ်းရောင်၊ လိမ္မော်ရောင်

အကျိုးပေးဂဏန်း - (၂၊ ၃၊ ၉)

အကျိုးပေးအရပ် - တောင်ဘက်

ရှောင်ရန် - မြောက်ဘက်

ယတြာ - အနောက်ရပ်ဘုရားတွင် ငွေ၊ရွှေ၊ကြေး ဖလား၃ခုနှင့် ရေတော်ကပ်ပါ။ ထိုရေတော်ကို အိမ်ခြံအတွင်းပတ်ပတ်လည်ဖြန်းပြီး အညံပျောက်စေ ဆုတောင်းပါ။



သောကြာ

 



              ဒီပတ်တွက် လုပ်ငန်း စီးပွားရေးမှာတော့ အထူးအဆင်ပြေမည်၊ ရွှေ၊ငွေလက်ဝတ်ရတနာ ဝင်ကိန်းရှိသည်၊ အပျော်ခရီးထွက်ရတာမျိုး ကြုံမည်။ စာရေးကိရိယာနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ အကျိုးပေးမည်။ ဒီအပတ်တွင် ရပ်ရေးရွာရေး အကြီးအကဲနေရာ ရွေးရခြင်းနှင့် အုပ်ချုပ်ရေးအပြောင်းအလဲများ ဖြစ်လာမည်။ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီး ဆုံးရှုံးသွားခဲ့တဲ့ ငွေတွေပြန်ရဖို့ရှိမည်။ အချစ်ရေးနှင့်ပတ်သက်ပြီး ဝေးနေရတတ်သည်၊ အိမ်ထောင်သည်များ အိမ်ထောင်ရေးမှာ စိတ်ရှုပ်ထွေးမူ့တွေ ကြုံမည်၊၊ ပညာရေး တက်လမ်းများ အကြံဥာဏ်များ ရရှိပါလိမ့်မည်။ အလုပ်အကိုင်ပြည်ခရီးများထွက်ရန် အဆင်ပြေ အကြံအစည်များ အောင်မြင်မည်။ တခြားတစိမ်း လူမျိုးခြားများရဲ့အကူအညီ အထောက်အပံပေးတာခံရမည်၊၊ကျန်းမာရေးက အထူးမိန်းကလေးများ မီးယပ်အထူးဂရုစိုက်ပါ။ ကလေးငယ်များ ချောင်းဆိုးနှင့် ဝမ်းပျက် ဂရုစိုက်ရမည်။ မပေါ့ဆသင့်။



ကံကောင်းစေသောအရောင် - ကြက်သွေးရောင်၊ ပန်းနုရောင်

အကျိုးပေးဂဏန်း - (၈၊ ၅၊ ၁)

အကျိုးပေးအရပ် - အရှေ့ဘက်

ရှောင်ရန် - အနောက်ဘက်

ယတြာ - နံနက်၁၀း၀၅ မိနစ်တွင် အိမ်ရှိ ဘုရားတွင် ဒန်းညွန့်နှင့်နှင်းဆီပန်း သက့်စေ့ကပ်လှူ ဆုတောင်းပါ။



 စနေ

                ဘာသာရေး ကိစ္စ၊ ပရဟိတ ကိစ္စများမှာ ပါဝင်ကူညီရတတ်ပါသည်။ ဒီရက်ပိုင်းအတွင်း မိမိအချိန်များ အလာဟသ ကုန်ဆုံးနေတယ်လို့ ခံစားရတတ်ပါသည်။ ဒီပတ်လုပ်ငန်းကိစ္စ အထူးအဆင်ပြေမည်၊ ရွှေငွေလက်ဝတ်ရတနာများနှင့် အဖိုးတန်ကြီးမားသောလက်ဝတ်ရတနာများ အရောင်းအဝယ်ဖြစ်မည်။ ဘဝတစ်ဆစ်ချိုးပြောင်းလဲကိန်းရှိသည်။အရောင်းအဝယ်ပြုလုပ်ရာတွင် အထူးတော့ သတိထားပါ။ အလိမ်ခံရခြင်း ၊အဖမ်းခံထိ ကြုံတွေ့ကိန်းရှိ။ သောကြာစနေ့အထူးသတိထားပါ။ အချစ်ရေးမှာ ကိုယ်နဲ့ ကွဲခဲ့သော ပျက်ခဲ့သောသူ နှင့် ပြန်လည်ဆုံတွေ့မည်၊ ခရီးဝေး ယာယီခဏ ထွက်ရတတ်သည်၊ အချစ်ရေးကိစ္စမှာတစ်ယောက်နဲ့ တစ်ယောက် နားလည်မူမှားတတ်သည်၊ အိမ် မိသားစုနဲ့ ပတ်သက်ပြီး ပူပင်ရမည်၊၊အိမ်ထောင်ရေး အကြီးကျယ်ပြဿနာတတ်လိမ့်မည်။သဘောကွဲလွဲ ကွားရှင်းခြင်းများ ဖြစ်ပွားလာတတ်သည်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတက်ရဖို့ ကြုံမည်၊



ကံကောင်းစေသောအရောင် - နို့နှစ်ရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း - (၂၊ ၉၊ ၁)

အကျိုးပေးအရပ် - အနောက်တောင်ဘက်

ရှောင်ရန် - အရှေ့မြောက်ဘက်

ယတြာ - သပြေ၊ရွှေပန်း၊ငွေပန်း ကပ်လှူ ဆုတောင်းပါ။

 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။