Lotayamm

search
မာတိကာ

contents

သတင်းများ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၁၃-၅-၂၀၁၈ ) မှ ( ၁၉-၅-၂၀၁၈)

နေ့ရက်:
May 13, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

ဗြဟ္မဏပုဏ္ဍားနက္ခတ္တ​ဗေဒပညာရှင်​၊ ​ဗေဒင်​နှင့်​လက္ခဏာဆရာဆရာမင်းသူရဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၃-၅-၂၀၁၈ ) မှ ( ၁၉-၅-၂၀၁၈) အထိဖော်ပြပေးလိုက်ပါတယ်။



 



တနင်္ဂနွေသားသမီးများ

               တနင်္ဂနွေသားသမီးများ အနေဖြင့် လူကြီးသူမများထံမှ မမျှော်လင့်သော အကူအညီများ ရတတ်ပါတယ်။ အဆောက်အဦး နှင့် ကန်ထရိုက်လုပ်ငန်းများ အထူးအောင်မြင်တတ်သည်။ ဆွေမျိုး မောင်နှမများ၏ အခက်အခဲများကူညီဖြေရှင်းရတတ်သည်။ ပညာရေးတွင် အသစ်အဆန်း ပညာရပ်များ သင်ယူရကိန်းရှိသည်။ ပျိုရွယ်သူများ အချစ်ရေးတွင် ကြားလူဖျက်သဖြင့် ပျက်တတ်သည်။ မနာလိုသူများ၏ စွပ်စွဲပြစ်တင်မှုများ ခံရတတ်သဖြင့် သတိရှိရမည်၊ အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး အယုံအကြည်ထားပေးမှ အဆင်ပြေမည့် ကာလဖြစ်သည်။ ကျန်းမာရေးပိုင်း ကောင်းမွန်နေပါသည်။



#အကျိုးပေးအရပ် ➖အရှေ့မြောက်ဘက်

#ရှောင်ရန် ➖အနောက်တောင်ဘက်

#ဆောင်ရန် ➖အနီရောင်များကို ဝတ်ဆင်ပါ။

#အကျိုးပေးဂဏန်း ➖(၁၊၈၊၄)

#ယတြာ ➖အိမ်ဘုရားတွင် ကန်ဇွန်းညွန့် နှင့် ကံကော် သို့ ကြံ တို့ကို အတာအိုးဖြင့် ကပ်လှူ တစ်ပတ်ထားပေးပြီး ရေသို့သွားစွန့်ပါ။



တနင်္လာသားသမီးများ

                      တနင်္လာသားသမီးများ လုပ်ငန်းများပြောင်းလဲ လုပ်ကိုင်ရန် မသင့်သေးပါ။ မောင်နှမများနှင့် သားသမီးများ၏ အကူအညီ အားပေးမှုအပြည့်အဝရရှိမည်။ ပျိုရွယ်သူများ စန်းပွင့်သောကာလများဖြစ်သည်။ သို့ရာတွင် မိမိရည်မှန်းထားသူနှင့် လွဲတတ်သည်။

အိမ်ထောင်သည်များအတွက် အလွန်ကံကောင်းသော ကာလများဖြစ်သည်။

ကျန်းမာရေး အနေဖြင့် ဦးခေါင်းမူးဝေတတ်သည်။



#အကျိုးပေးအရပ် ➖အနောက်ဘက်

#ရှောင်ရန် ➖အရှေ့ဘက်

#ဆောင်ရန် ➖အနီရောင်များကို ဝတ်ဆင်ပါ။ (ခရမ်းရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၁၊၉၊၅)

#ယတြာ ➖အိမ်ဘုရားတွင် ပေါက်ပန်း၊သို့ ပိန်းပန်းနှင့် မေမြို့ပန်း ဝေဆာကပ်လှူ ဆုတောင်းပါ။



အင်္ဂါသားသမီးများ

အင်္ဂါသားသမီးများ ဒိအပတ် အလွန်ကွကောင်း ငွေအလုံးရကိန်းရှိ။ အလှူ တန်ကြီးများပေးရမည်။ရှင်းပြု နားသ၊ မင်္ဂလာဆောင် ပြုလုပ်ရအံ့။ ယခုအပတ်အတွင်း ၁၅ရက်နေ့ (သားဦး၊သမီးဦး ရှင်ပြု၊မင်္ဂလာဆောင်မလုပ်သင့်၊ အိမ်သစ်၊ အိမ်ပြောင်းမပြုလုပ်ကောင်းပါ) ။ မင်းစိုးရာဇာ အစိုးရလုပ်ငန်းများ အပြောင်းအလဲရှိပြီး သတင်းကောင်းဖြစ်မည်။ ရာထူးတိုးလစာတက်ကိန်းရှိသည်။ သို့သော် မိသားစုနှင့် နယ်မြေခြား ခွဲခွာနေရကိန်းရှိသည်။ ပျိုရွယ်သူများ မိမိချစ်သူ၏ အလိုလိုက်မှု ခံရမည့်အချိန်ဖြစ်သည်။ ရွှေဝင်လျှင်ကောင်းပြီး ကလေးကျန်းမာရေး ထိခိုက်တတ်သည်။ အစားမှား၊ ၀မ်းပျက်ခြင်းများ ဖြစ်ပွားတတ်သည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပေးပါ။



#အကျိုးပေးအရပ် ➖အရှေ့တောင်ဘက်

#ရှောင်ရန် ➖အနောက်မြောက်ဘက်

#ဆောင်ရန် ➖အနီရောင်၊ ကြေးနီရောင်များကို ဝတ်ဆင်ပါ။ (အစိမ်းတောင်အရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၁၊၉၊၅)

#ယတြာ ➖အိမ်ဘုရားတွင် ပေါက်ပန်း၊သို့ ပိန်းပန်းနှင့် မေမြို့ပန်း ဝေဆာကပ်လှူ ဆုတောင်းပါ။



 



ဗုဒ္ဓဟူးသားသမီးများ

              ဗုဒ္ဓဟူးသားသမီးများ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမစမှုရတတ်ပါတယ်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်ဆုံရမည်။ အမွေရကိန်းရှိသည်။ စနေ့နံ၊သောကြာနံ မြို့သို့ အပြောင်းရွှေပြုလုပ်ရမည်။ ကံအကျိုးပေးကောင်းနေပြီး နာမည်ကျော်ဇောမည်။ ပျိုရွယ်သူများ ရည်းစားဟောင်းနှင့် ပြန်လည်ဆုံစည်းရတတ်သည်။ အချစ်ရေးကံကောင်းနေပါသည်။ အိမ်ထောင်ရေးတွင် တစ်ခုလပ် တစ်လင်ကွာများနှင့် ဖောက်လွဲဖောက်ပြန်ဖြစ်တတ်သည်။ ကျန်းမာရေး တွင် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်း၊ ခွဲစိတ်ကုသရခြင်းများရှိတတ်သည်။



#အကျိုးပေးအရပ် ➖အရှေ့တောင်ဘက်

#ရှောင်ရန် ➖အနောက်မြောက်ဘက်

#ဆောင်ရန် ➖အနီရောင်၊ ကြေးနီရောင်များကို ဝတ်ဆင်ပါ။ (အစိမ်းတောင်အရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၁၊၉၊၅)

#ယတြာ ➖အိမ်ဘုရားတွင် ပေါက်ပန်း၊သို့ ပိန်းပန်းနှင့် မေမြို့ပန်း ဝေဝေဆာဆာကပ်လှူ ဆုတောင်းပါ။



ရာဟုသားသမီးများ

                ရာဟုသားသမီးများ အနေဖြင့်  အလုပ်အကိုင်များနှောင့်နှေးတတ်သည်။ ငွေဝင်သလောက် ပြန်ထွက်နေပြီး ငွေမမြဲတတ်၊ ငွေလိမ်ခံထိခြင်း ငွေပျောက်ခြင်းများ ကြုံရတတ်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆုံးဖြတ်ရခက်ခြင်း၊ အကြံအိုက်၊ လုပ်ငန်းအတွင်းငွေကြေး လက်လွန်နေခြင်းများ ကြုံရတတ်သည်။ အချစ်ရေးတွင် စွပ်စွဲခံရကိန်းရှိပြီး မိမိအကြောင်း မဟုတ်မမှန်ပြောဆိုသူများပြားနေတတ်သည်။ အချစ်ရေးညံ့နေပြီး အိမ်ထောင်ရေးကတော့ ကောင်းမွန်နေပါသည်။ ဘုရားဖူးခရီးသွားရကိန်းလည်း ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် သွေးအားနည်းရောဂါဖြစ်ပွားတတ်ပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး ကိုယ်ခန္ဓာ ပိန်ချုံးသွားတတ်ပါသည်။



#အကျိုးပေးအရပ် ➖အရှေ့တောင်ဘက်

#ရှောင်ရန် ➖အနောက်မြောက်ဘက်

#ဆောင်ရန် ➖ခရမ်းရောင်များကို ဝတ်ဆင်ပါ။ (အစိမ်းတောက်အရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၁၊၉၊၅)

#ယတြာ ➖အိမ်ဘုရားတွင် ကံကော်ညွန့် သက်စေ့ကပ်လှူ ဆုတောင်းပါ။



ကြာသပတေးသားသမီးများ

                    ကြာသပတေးသားသမီး စီးပွားရေးတွင် ဗုဒ္ဓဟူး၊ တနင်္ဂနွေသားသမီးတွေနဲ့ လက်တွဲလုပ်ကိုင်မှုများ အကျိုးမပေး၊ အလိမ်ခံရကိန်းရှိသည်။ ငွေကြေးနှင့်ပတ်သက်ပြီး လုပ်ကြံခံရတတ်သည်။ ရောင်းဝယ်လုပ်ကိုင်သူများ အကျိုးများမည့် ကာလဖြစ်ပြီး ယခုတစ်ပတ်အတွင်း လုပ်ငန်း စပ်တူ လုပ်ကိုင်သူများ သစ္စာဖောက်တတ်ပါသည်။ ပြည်တွင်းပြည်ပ ကုန်စည်လုပ်ငန်းများ ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စကြုံတတ်ပြီး အဖမ်းအဆီးခံ၊ လူယုံသတ်ခံရတတ်သည်။ ပညာရေးတွင် လက်မှုပညာများ သင်ယူခြင်း၊ ကိုင်ပိုင်ထူထောင်ခြင်းများ ပြုလုပ်ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး အထူးကောင်းမွန်နေပြီး မိမိရည်၇ွယ်ထားသူများနှင့် ဘဝအသစ်ထူထောင်ရမည်။ အကြီးအကျယ် မင်္ဂလာဆောင်ရကိန်းရှိသည်။  အသိုင်းဝိုင်းကောင်းပြိး တစ်ဦးနှင့်တစ်ဦး အရည်အချင်းအဆင့်မညီတတ်ပါ။ စိတ်ကူးထားသမျှ အကောင်အထည်ဖော်နိုင်ပြီး ကံကောင်းနေပါသည်.။ သို့သော် အိမ်ထောင်ကျပြီး ရက်ပိုင်းအတွင်း ကျန်းမာရေး တစ်ခုမဟုတ် တစ်ခု ညံ့တတ်သည်။



#အကျိုးပေးအရပ် ➖မြောက်ဘက်

#ရှောင်ရန် ➖တောင်ဘက်

#ဆောင်ရန် ➖အစိမ့းရောင်၊အဝါရောင်များကို ဝတ်ဆင်ပါ။ (အစိမ်းတောက်အရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၇၊၈၊၀)

#ယတြာ ➖အိမ်ရှိဘုရားတွင် အုန်းညွန်၊ သြဇာညွန့် ၁၉ညွန့်စီ ကပ်လှူ ဆုတောင်းပါ။



 



သောကြာသားသမီးများ

                  သောကြာသားသမီးများအနေဖြင့်  လုပ်ငန်းစီးပွား အထူးအောင်မြင်မည်။ ငွေနံလည်းကောင်းနေပြီး လုပ်ငန်းစပ်တူလုပ်ကိုင်မှုများမှ အောင်မြင်မှု ရရှိနိုင်ပါသည်။ လူချစ်လူခင်ပေါများပြီး လက်အောက်ငယ်သားထောက်ပံ့မှုလည်း ရရှိနိုင်ပြီး ရာထူးတိုးကိန်းရှိသည်။ ထီထိုးပေးသင့်သည့် ကာလဖြစ်ပြီး ဗုဒ္ဓဟူး၊ စနေ သားသမီးများနှင့် တွဲဖက်လုပ်ကိုင်ပါက အထူးအောင်မြင်နိုင်ပါသည်။ ပညာရေးအနေဖြင့် ပြည်ပနိုင်ငံရပ်ခြားတွင် သွားရောက် သင်ယူရကိန်းရှိသည်။ အချစ်ရေး ကံကောင်းနေပြီး စိတ်အနှောက်အယှက်ပေးလိုသူ၊ မိမိမနှစ်သက်သူများမှ ချစ်ခင်စုံမက်ခြင်းမျိုး ကြုံရတတ်သည်။ အချစ်ရေးကြောင့် သိက္ခာကျတတ်လို့ သတိပြုသင့်ပါသည်။ အိမ်ထောင်ရေးတွင် ညီအစ်ကို မောင်နှမများကြောင့် အိမ်တွင်းရေးဆူပူတတ်ပါသည်။  ကျန်းမာရေးလည်း အနည်းငယ်ညံ့နေပါသည်။



#အကျိုးပေးအရပ် ➖အရှေ့ ဘက်

#ရှောင်ရန် ➖အနောက်ဘက်

#ဆောင်ရန် ➖ငွေရောင်၊ဆင်ဆွယ်ရောင်များကို ဝတ်ဆင်ပါ။ (ခရမ်း၊အနက်ရှောင်ရန်)

#အကျိုးပေးဂဏန်း ➖(၈၊၇၊၂)

#ယတြာ ➖အိမ်ဘုရားတွင် နှင်းဆီးပန် ၇ပွင့် အုန်းညွန့် ၆ညွန့် ညောင်ရေးအိုးထိုး ဆုတောင်ပါ။



စနေသားသမီးများ

                 စနေသားသမီးများ အနေဖြင့် အာမခံလုပ်ငန်း၊ ငွေကြေးအရောင်းအ၀ယ်လုပ်ငန်း၊ လုပ်ကိုင်သူများ အကျိုးပေးမည်။ အမျိုးသားတစ်ဦးထံမှအကူအညီရရှိနိုင်ပြီး ကိုယ်ကူညီလိုက်သည်များအတွက်မူ စေတနာမှ ဝေဒနာဖြစ်တတ်ပါသည်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းကြီးထွားလာမည်ဖြစ်ပြီး ၀န်ထမ်းဖြစ်ပါက အလုပ်ရှင်၏ မျက်နှာသာပေးမှု ခံရတတ်ပါသည်။

အရက်ဆိုင်၊ KTV လုပ်ငန်းရှင်များ တရားရင်ဆိုင်ရတတ်ပြီး လုပ်ငန်းအတိုက်အခံများလည်း ကြုံရတတ်ပါသည်။ မိမိနေရာကို လိုချင်တပ်မက်သူများမှ ဒုက္ခပေးခြင်း ကြုံရတတ်ပါသည်။

ဒီရက်ပိုင်းအတွင်း အရှေ့၊ အနောက်အရပ်များသွား ခရီးသွားလာခြင်းများ ရှောင်ကြဉ်လိုက်ပါ။ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူမှ လိမ်ညာခြင်းကြုံရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။ ကျန်းမာရေးအနေဖြင့် ဒူးနာ၊ ခါးနာနှင့် အမြင့်မှ ပြုတ်ကျခြင်းမျိုး ကြုံရတတ်ပါသည်။





#အကျိုးပေးအရပ် ➖မြောက်ဘက်

#ရှောင်ရန် ➖တောင်ဘက်

#ဆောင်ရန် ➖ခရမ်းရောင်၊အဖြူရောင်များကို ဝတ်ဆင်ပါ။ (အပြာရောင်ရှောင်)

#အကျိုးပေးဂဏန်း ➖(၅၊၃၊၁)

#ယတြာ ➖မိမိမိတ်ဆွေတစ်ယောက်အား အာဟာရဒါနကျွေးပြီး မိမိအခက်ခဲများ အောင်မြင်ရန် စိတ်ထဲမှ ဆုတောင်းပေးပါ။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။