contents

သတင်းများ

မေလ ၁၈ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
May 18, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မေလ ၁၈ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 (၁၊ ၁ဝ၊ ၁၉၊ ၂၈)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် ကြားလေသွေးလို့ ဝေးရမလို ဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် မိဘပိုင် အမွေပစ္စည်းနှင့် ပတ်သက်ပြီး အချင်းများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် သွေးတိုးရောဂါ ရတတ်ပါတယ်။ အောင်မြင်မှုတွေလည်း တစ်ခုပြီးတစ်ခု ကြုံလာရတတ်ပါတယ်။ ဆရာသမား အကြီးအကဲများ၏ အကူအညီကောင်းများလည်း ရရှိမည်။



ကံကောင်းသောအရောင် - အဖြူရောင်၊



ကံကောင်းသောနံပါတ် - ၆၊ ၁၊ ၃။



ယတြာ - မိမိနေအိမ်ဘုရားမှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။



 



(၂၊ ၁၁၊ ၂ဝ၊ ၂၉)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် အချစ်ရေးမှာ မိဘဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ ဝမ်းဗိုက်နှင့်ပတ်သက်သော ဝေဒနာမျိုး ဂရုစိုက်ပါ။ ကံအလွန်ကောင်းသော အချိန်ကာလမျိုး ဖြစ်နေတတ်ပါတယ်။ မမျှော်လင့်ဘဲ လက်ဝတ်ရတနာများ၊ ဇိမ်ခံပစ္စည်းများလည်း ဝင်လာတတ်ပါတယ်။ ဝင်လာပါကလည်း အလွန်နိမိတ်ကောင်း၏။



ကံကောင်းသောအရောင် - ခရမ်းရင့်ရောင်၊



ကံကောင်းသောနံပါတ် - ၈၊ ၁၊ ၇။



ယတြာ - သီလရှင်တစ်ပါးအား ဆေးဝါးဓာတ်စာ လှူဒါန်းပါ။



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအဖို့ ဖူးစာသစ်နှင့် ဆုံတွေ့ရမည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်၏ ကျန်းမာရေး ဂရုစိုက်သင့်၏။ ကျန်းမာရေးအနေဖြင့် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်းမျိုး ခံစားရတတ်ပါတယ်။ ဆုံးရှုံးထားသည့် လက်ဝတ်ရတနာများနှင့် ရွှေထည်များ ပြန်လည်ဝင်ရောက်လာမည်။



ကံကောင်းသောအရောင် - ဗေဒါရောင်၊



ကံကောင်းသောနံပါတ် - ၁၊ ၉၊ ၇။



ယတြာ - မွေးနံထောင့်ဘုရားမှာ ဆီမီး သက်စေ့လှူဒါန်းပါ။



 



(၄၊ ၁၃၊ ၂၂၊ ၃၁)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့် ခဏတာဝေးကွာနေရတတ်ပါတယ်။ မိဘ၏ လုပ်ငန်းများကိုလည်း ကူညီလုပ်ကိုင်နေရတတ်ပါ တယ်။ ကျန်းမာရေးအနေဖြင့် သွေး၊ ကျောက်ကပ်နှင့် ပတ်သက်သော ဝေဒနာမျိုး ဂရုစိုက်သင့်၏။ ပတ်ဝန်းကျင်သစ်၊ လူသစ်များနှင့်လည်း ဆက်ဆံရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ အစစအရာရာ အဆင်ပြေအောင်မြင်နေတတ်ပါတယ်။



ကံကောင်းသောအရောင် - အကွက်ရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၇၊ ၉။



ယတြာ - ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့် ပို့ပေးလိုက်ပါ။



 



(၅၊ ၁၄၊ ၂၃)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး အောင်မြင်အဆင်ပြေနေမည်။ အိမ်ထောင်ရှင်များအနေဖြင့် မိဘ ဘိုးဘွားများထံမှ အမွေရရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ ဝမ်းဗိုက် ဒုက္ခပေးတတ်သည်။ လက်လွန်ထားသော ငွေကြေးများလည်း ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။ မှန်မှန်ကန်ကန် ပြောဆိုတတ် လုပ်တတ်ကိုင်တတ်ခြင်းများကြောင့် ရန်များရတတ်ပါတယ်။



ကံကောင်းသောအရောင် - အဖြူရောင်၊



ကံကောင်းသောနံပါတ် - ၃၊ ၆၊ ၉။



ယတြာ - မိမိမွေးနေ့မှာ စာကလေး ၈ ကောင်ကို ဘေးမဲ့လွှတ်ပါ။



 



(၆၊ ၁၅၊ ၂၄)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး အဆင်ပြေ၍ ချစ်သူထံမှ လက်ဆောင်ပစ္စည်းများ ရရှိတတ်သည်။ ကျန်းမာရေးကောင်းမည်။ ငွေကြေးနှင့် ပတ်သက်သောကံ အထူးကောင်းမွန်မည်။ ပညာရေးအနေဖြင့် အပြိုင်အဆိုင် အနှောင့်အယှက်များ ရှိနေတတ်သည်။ အထူးဝီရိယစိုက် ကြိုးစားအားထုတ်မှု ပြုသင့်၏။



ကံကောင်းသောအရောင် - မီးခိုးရောင်၊



ကံကောင်းသောနံပါတ် - ၄၊ ၇၊ ၈။



ယတြာ - မိမိနေအိမ်ဘုရားမှာ ပဲထမင်း ကပ်လှူပါ။



 



(၇၊ ၁၆၊ ၂၅)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူများအနေဖြင့် ချစ်သူ၏ အထင်လွဲမှားမှုကို ခံရတတ်သည်။ မိမိ၏ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ရတတ်ပါတယ်။ မမျှော်လင့်ဘဲ ခရီးသွားရကိန်းလည်း ရှိနေတတ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းနေမည်။



ကံကောင်းသောအရောင် - ကြက်သွေးရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၉၊ ၃။



ယတြာ - မိမိနေအိမ်ဘုရားမှာ နို့ထမင်း ကပ်လှူပါ။



 



(၈၊ ၁၇၊ ၂၆)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့် ပျော်ရွှင်စွာ ခရီးထွက်ရကိန်းရှိနေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင် ရေး သာယာပါမည်။ ကျန်းမာရေးအနေဖြင့် ရုတ်တရက် အမောဖောက်ခြင်း၊ မူးဝေနေခြင်းမျိုး ဖြစ်မည်။



ကံကောင်းသောအရောင် - မိုးပြာရောင်၊



ကံကောင်းသောနံပါတ် - ၄၊ ၆၊ ၈။



ယတြာ - မိမိနေအိမ်ဘုရားမှာ ပဲထမင်း ကပ်လှူပါ။



 



(၉၊ ၁၈၊ ၂၇)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့် ပတ်သက်၍ ညီကိုမောင်နှမများနှင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာအိမ်နှင့် ပတ်သက်သောဝေဒနာ ဂရုစိုက်ပါ။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေနေလိမ့်မည်။ လူကြီးမိဘ ဆရာသမားတို့၏ ဖေးမကူညီမှု များကြောင့်လည်း ယာယီတိုးတက် အောင်မြင်မှုများ ရရှိနေဦးမည်။



ကံကောင်းသောအရောင် - အစိမ်းနုရောင်၊



ကံကောင်းသောနံပါတ် - ၆၊ ၈။



ယတြာ - မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်း ကပ်လှူပါ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။