Lotayamm

search
မာတိကာ

contents

သတင်းများ

မေလ ၁၇ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
May 17, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မေလ ၁၇ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 



(၁၊ ၁ဝ၊ ၁၉၊ ၂၈)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံ ညံ့နေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဖက်ကြောင့် စိတ်အနှောင့် အယှက်ဖြစ်စရာများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ ဝမ်းဗိုက်ဒုက္ခပေးတတ်သည်။ ငွေကြေးနှင့် ပတ်သက်ပြီးလည်း အရှုပ်အရှင်း ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများအနေဖြင့် ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။



ကံကောင်းသောအရောင် - ခရမ်းရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၆၊ ၈။



ယတြာ - မိမိနေအိမ်ဘုရားမှာ ကြံရည် ၆ ခွက် ကပ်လှူပါ။



 



(၂၊ ၁၁၊ ၂ဝ၊ ၂၉)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအတွက် ကံအကောင်းဆုံးချိန်ဖြစ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး သာယာပါမည်။ ကျန်းမာရေးမှာ သွေးတိုးရောဂါ ရရှိတတ်ပါတယ်။ ကံဇာတာများတက်၍ စီးပွားရေးများ အဆင်ပြေ အောင်မြင်နေတတ်ပါတယ်။



ကံကောင်းသောအရောင် - အနက်ရောင်၊



ကံကောင်းသောနံပါတ် - ၇၊ ၅၊ ၂။



ယတြာ - မိမိနေအိမ်ကဘုရားမှာ ဖရုံယို ကပ်လှူပါ။



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် ချစ်သူနှင့် ခရီးထွက်ရတတ်သည်။ ငွေကြေးကံကောင်းနေပါမည်။ ပညာရေးအနေဖြင့် ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြိုးစားသလောက် ထွန်းပေါက်တတ်မြောက် အောင်မြင်ခြင်းမျိုး မရရှိနိုင်သောကာလမျိုးပါ။ ပြည်ပရပ်ဝေးခရီးအနေဖြင့် အနှောင့်အယှက်များ ရှိနေတတ်သည်။ ကျန်းမာရေးအနေဖြင့် စိုးရိမ်ဖွယ်မရှိလောက်အောင် ကောင်းနေမည်။



ကံကောင်းသောအရောင် - အဖြူရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၄၊ ၇။



ယတြာ - မွေးနံထောင့်ဘုရားမှာ ဆီထမင်း ကပ်လှူပါ။



 



(၄၊ ၁၃၊ ၂၂၊ ၃၁)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် စိုးရိမ်ဖွယ် မရှိပါ။ အလုပ်အကိုင် အကြံအစည်သစ်များ စတင်လုပ်ကိုင်သင့်သော အချိန်ကာလမျိုးပါ။



ကံကောင်းသောအရောင် - အနီရောင်၊



ကံကောင်းသောနံပါတ် - ၃၊ ၅၊ ၉။



ယတြာ - မိမိနေအိမ်ဘုရားမှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။



 



(၅၊ ၁၄၊ ၂၃)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအဖို့ မိဘများကြောင့် စိတ်ညစ်နေရမည်။ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှု ကောင်းမွန်မှုများကြောင့် လူအများ၏ ချစ်ခင်လေးစားခြင်းခံရမည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။



ကံကောင်းသောအရောင် - မိုးပြာရောင်၊



ကံကောင်းသောနံပါတ် - ၄၊ ၆၊ ၈။



ယတြာ - မွေးနံထောင့်ဂြိုဟ်တိုင်မှာ ရွှေပန်း ၁၅ ပွင့် လှူပါ။



 



(၆၊ ၁၅၊ ၂၄)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် မိဘဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင်များ အနေဖြင့် အိမ်ထောင်ရေး သာယာ၍ သားသမီးရတနာ ရနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဝမ်းဗိုက်ပိုင်းနှင့် ပတ်သက်၍ ဂရုစိုက်ပါ။ လုပ်ငန်းများ တိုးချဲ့ရာ၌လည်း အောင်မြင်မှု ရရှိတတ်ပါသေးတယ်။ နိုင်ငံရပ်ခြားမှ အဆက်အသွယ်များလည်း ရရှိတတ်ပါသေးတယ်။



ကံကောင်းသောအရောင် - ဗေဒါရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၅၊ ၉။



ယတြာ - မိမိမွေးနေ့တွင် ပဲထမင်း ကပ်လှူပါ။



 



(၇၊ ၁၆၊ ၂၅)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူတွေအဖို့ မိမိချစ်သူထံမှ လက်ဆောင်တစ်ခု ရရှိတတ်ပါသည်။ အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ရေး သာယာနေမည်။ အခက်အခဲ ပြဿနာများ ရင်ဆိုင်ဖြေရှင်းနိုင်မည်။ ကျန်းမာရေး အလွန်ကောင်းသောအချိန် ဖြစ်သည်။



ကံကောင်းသောအရောင် - အသားရောင်၊



ကံကောင်းသောနံပါတ် - ၃၊ ၆၊ ၂။



ယတြာ - မိမိမွေးနေ့တွင် နို့ဆွမ်း ကပ်လှူပါ။



 



(၈၊ ၁၇၊ ၂၆)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံကောင်းနေတတ်ပါတယ်။ မိမိချစ်သူနှင့်လည်း ပျော်ရွှင်စွာ ခရီးသွားလာရတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး သာယာပါမည်။ ကြံစည်မှန်းဆမှုများ နီးစပ်မှန်ကန်တတ်ပါသည်။ ဘုရားဖူး လေ့လာရေးခရီးများ သွားရတတ်ပါသည်။ ရပ်ဝေးမြေခြားမှ သတင်းစကား ကြားရတတ်ပါသည်။



ကံကောင်းသောအရောင် - နီညိုရောင်၊



ကံကောင်းသောနံပါတ် - ၁၊ ၅၊ ၉။



ယတြာ - မိမိနေအိမ်ဘုရားမှာ သင်္ဘောသီးစိတ် ကပ်လှူပါ။



 



(၉၊ ၁၈၊ ၂၇)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် မိဘဆွေမျိုးများကြောင့် လမ်းခွဲရမလို ဖြစ်တတ်ပါတယ်။ မိတ်ဆွေ၊ ဆွေမျိုးများထံမှလည်း အကူအညီ ကောင်းများ၊ အဆက်အသွယ်ကောင်းများ ရရှိတတ်ပါတယ်။ ကျန်းမာရေးတော့ စိုးရိမ်ဖွယ်မရှိပါ။ လက်အောက်ငယ်သားများ၏ ကိစ္စများနှင့် ပတ်သက်၍ ဆုံးဖြတ်ရခက်ခဲသော ကိစ္စရပ်များနှင့် ကြုံတွေ့နေရတတ်တယ်။



ကံကောင်းသောအရောင် - အဝါရောင်၊



ကံကောင်းသောနံပါတ် - ၅၊ ၇၊ ၉။



ယတြာ - မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်း ကပ်လှူပါ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။