contents

သတင်းများ

မေလ ၁၆ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
May 16, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

          လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မေလ ၁၆ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



 (၁၊ ၁ဝ၊ ၁၉၊ ၂၈)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် ချစ်သူ၏ အထင်လွဲခြင်းကို ခံရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ ဝမ်းဗိုက်နှင့် ပတ်သက်သော ဝေဒနာမျိုး ခံစားရတတ်ပါတယ်။ အခက်အခဲများ ရှိစေကာမူ ကူညီစောင့်ရှောက်မည့်သူများတော့ ပေါ်လာတတ်ပါတယ်။



ကံကောင်းသောအရောင် - အညိုရောင်၊



ကံကောင်းသောနံပါတ် - ၇၊ ၂၊ ၉။



ယတြာ - မိမိနေအိမ်ဘုရားတွင် နို့ထမင်း ကပ်လှူပါ။



 



(၂၊ ၁၁၊ ၂ဝ၊ ၂၉)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအဖို့ အချစ်ကံ သိပ်မကောင်းသေးပါ။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေးမှာ ဘေးလူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံရတတ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းနေမည်။ ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်သင့်ပါ။ ငွေကြေး ဆုံးရှုံးမှုများ ရှိနေတတ်သည်။



ကံကောင်းသောအရောင် - အဝါရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၇၊ ၈။



ယတြာ - မိမိနေအိမ်ကဘုရားတွင် ကြံရည် ၆ ခွက် ကပ်လှူပါ။



 



(၃၊ ၁၂၊ ၂၁၊ ၃ဝ)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး အဆင်ပြေမည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဖက်နှင့် ပတ်သက်၍ စိတ် အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ ရင်းနှီးသော မိတ်ဆွေများနှင့် ခရီးထွက်ရတတ်ပါတယ်။ ထိုခရီးမှလည်း ကံကောင်းမှု များနှင့် ကြုံတွေ့ရမည်။



ကံကောင်းသောအရောင် - ဖက်ဖူးရောင်၊



ကံကောင်းသောနံပါတ် - ၃၊ ၅၊ ၇။



ယတြာ - မိမိနေအိမ်ဘုရားတွင် အုန်းထမင်း ကပ်လှူပါ။



 



(၄၊ ၁၃၊ ၂၂၊ ၃၁)ရက် မွေးဖွားသူများ



ဒီနေ့ ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံ ညံ့နေတတ်ပါတယ်။ မိမိချစ်သူနှင့်လည်း နှုတ်ဆက်လမ်းခွဲခြင်းခံရတတ်ပါတယ်။ အိမ်ထောင်ရှင် များအနေဖြင့် အိမ်ထောင်ရေး သာယာပါမည်။ ကျန်းမာရေးအနေဖြင့် အစာမှား၊ ဆေးမှား ဖြစ်တတ်ပါတယ်။ မိတ်ဆွေများ၏ အလှူ၊ မင်္ဂလာများလည်း လိုက်လံကူညီ ဆောင်ရွက်ပေးရတတ်ပါတယ်။



ကံကောင်းသောအရောင် - မီးခိုးရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၄၊ ၇။



ယတြာ - မိမိနေအိမ်ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပါ။



 



(၅၊ ၁၄၊ ၂၃)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ မိမိ၏ စီးပွားရေးလုပ်ငန်းများ အဆင်ပြေအောင်မြင်စွာဖြင့် ဖြတ်သန်းသွားလာနေရမည်။ ပညာရေးအနေဖြင့် ကြိုးစားသလောက် ထွန်းပေါက်အောင်မြင်မည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်ကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။



ကံကောင်းသောအရောင် - အဖြူရောင်၊



ကံကောင်းသောနံပါတ် - ၂၊ ၄၊ ၇။



ယတြာ - အာဟာရဒါနလေး ပြုပေးလိုက်ပါ။



 



(၆၊ ၁၅၊ ၂၄)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူသစ် ရတတ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်နှင့် ခွဲခွာနေရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အထူးစိုးရိမ်ဖွယ်တော့ မရှိပါ။ လုပ်ငန်းကျွမ်းကျင်မှုများကြောင့်လည်း လူအများ၏ အားကိုးအားထားပြုနိုင်ဖွယ်ရာ အခြေအနေမျိုးလည်း ရောက်ရှိလာမည်။



ကံကောင်းသောအရောင် - ယောဂီရောင်၊



ကံကောင်းသောနံပါတ် - ၅၊ ၈၊ ၆။



ယတြာ - မိမိနေအိမ်ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပါ။



 



(၇၊ ၁၆၊ ၂၅)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူတွေများအနေဖြင့် အချစ်ရေး အောင်မြင်အဆင်ပြေနိုင်သော ကာလမျိုးဖြစ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ဖက်နှင့် ပတ်သက်၍ စိတ်ချမ်းသာမှုများ ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အရိုး အကြောနှင့် ပတ်သက်သောဝေဒနာ ခံစားရတတ်ပါတယ်။ ပြိုင်ဆိုင်မှုများသော စီးပွားရေးလုပ်ငန်းများ၌ ပိုမို၍ အောင်မြင်မှုရနိုင်ချိန်မျိုး ဖြစ်တတ်ပါတယ်။



ကံကောင်းသောအရောင် - မိုးပြာရောင်၊



ကံကောင်းသောနံပါတ် - ၃၊ ၁၊ ၉။



ယတြာ - မိမိနေအိမ်ဘုရားမှာ ပဲပေါက်စီ ၅ လုံး လှူပါ။



 



(၈၊ ၁၇၊ ၂၆)ရက် မွေးဖွားသူများ



ဒီနေ့တော့ ပျိုရွယ်သူတွေအဖို့ အချစ်ရေးတွင် ပျော်ရွှင်ရမည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်နှင့် ခိုက်ရန်ဒေါသမျိုး ဖြစ်တတ်၍ စကားပြောဆင်ခြင်နေရမည်။ ကျန်းမာရေးအနေဖြင့် အထူးစိုးရိမ်ဖွယ် မရှိပါ။ လုပ်ငန်းခွင်အတွင်းမှာ အဆင်မပြေမှုများနှင့် ကြုံရတတ်ပါသည်။



 



ကံကောင်းသောအရောင် - သနပ်ခါးရောင်၊



ကံကောင်းသောနံပါတ် - ၅၊ ၆၊ ၉။



ယတြာ - ကလေးငယ်များကို စာရေးကိရိယာများ ထောက်ပံ့ပါ။



 



(၉၊ ၁၈၊ ၂၇)ရက် မွေးဖွားသူများ



ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် ပညာရေးနှင့် အချစ်ရေး ရောထွေးနေတတ်၍ သတိထားသင့်၏။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး အဆင်ပြေ၍ သားသမီးရတနာ ရတတ်ပါတယ်။ သင်၏ စီးပွားရေးလုပ်ငန်းများ လိမ်ဖယ် လိမ်ဖယ်နှင့်ပင် ဖြတ်သန်းနေရတတ်ပါတယ်။ ကျန်းမာရေး အလွန်ကောင်းသည်။



ကံကောင်းသောအရောင် - အသားရောင်၊



ကံကောင်းသောနံပါတ် - ၅၊ ၂၊ ၁။



ယတြာ - မသန်စွမ်းသူများကို လိုအပ်သောငွေကြေး ထောက်ပံ့ပါ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။