Lotayamm

search
မာတိကာ

contents

သတင်းများ

ဧပြီလ ၁၇ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Apr 17, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



          ဒီနေ့ ပျိုရွယ်သူများ အချစ်ရေး၌ ပျော်ရွှင်ချမ်းမြေ့သာယာလိမ့်မည်။ အိမ်ထောင်ရေးတွင် မိသားစုဘဝ နောက်တဆင့် အောင်မြင်တိုးတက်တော့မည်။ ကျန်းမာရေးမှာလည်း ကောင်းမွန်နေပါမည်။ မကျန်းမာသူများပင် ဆေးကောင်း ဝါးကောင်းတွေ့၍ သက်သာပျောက်ကင်းလိမ့်မည်။ မိမိအိမ်ပတ်ဝန်းကျင်တွင် ထိပ်တန်းအရေးပါ အရာရောက်လာမည်။ ဂုဏ်သိက္ခာ တိုးတက်မည်။



ကံကောင်းသောအရောင်(ခဲရောင်)၊ ကံကောင်းသောနံပါတ်(၈, ၆, ၅)၊ ယတြာ (မွေးနံထောင့်ဘုရားတွင် ပန်း၊ နံ့သာ ကပ်လှူလိုက်ပါ။)



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် အချစ်ရေး၌ စန်းပွင့်နေမည်။ မျက်နှာများခြင်း၊ မာနထောင် လွှားခြင်းများ မပြုလုပ်သင့်ပါ။ ကျန်းမာရေး များစွာကောင်းမွန်နေပါလိမ့်မည်။ မိမိယုံကြည်၍လုပ်ဆောင်သော ကြိုးပမ်းအားထုတ်မှုများ အရာရောက်လိမ့်မည်။ ပညာရေး အထူးကောင်းမွန်ပါသည်။



ကံကောင်းသောအရောင်(ပန်းဆီရောင်)၊



ကံကောင်းသောနံပါတ်(၆, ၇, ၅)၊



ယတြာ(မိမိအိမ်ကဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပူဇော်ပါ။)



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများ အချစ်ရေး ကောင်းမွန်နေမည်။ ကျန်းမာရေး အထူး ဂရုစိုက်ပါ။ ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများ မဖြစ်စေရန် ဂရုစိုက်ပါ။ စီးပွားတက်လေလေ၊ လုပ်ငန်းအောင်မြင်လေလေ သတိထားရလေဖြစ်သည်။  ပညာရေး၌ အောင်မြင်မှုများရမည်။



ကံကောင်းသောအရောင်(နီညိုရောင်)၊



ကံကောင်းသောနံပါတ်(၉, ၃, ၆)၊



ယတြာ(မိမိနေအိမ်ဘုရားတွင် ရွှေကြည်ဆနွင်းမကင်း ကပ်လှူပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ဒီနေ့ ပျိုရွယ်သူများ အချစ်ရေးစန်းပွင့်နေမည်။ အိမ်ထောင်ရေးတွင် လူကြီးစီမံရာကို နာခံခြင်းဖြင့်  ကောင်းကျိုးရရှိနိုင်သည်။ ကျန်းမာရေး၌ ဂရုစိုက်နေထိုင်တတ်မှုကြောင့် စိုးရိမ်စရာမရှိပါ။ ငွေကြေးအခက်အခဲ အကျပ်အတည်းတို့ကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်။



ကံကောင်းသောအရောင်(မဟော်ဂနီရောင်)၊



ကံကောင်းသောနံပါတ်(၄, ၉, ၁)၊



ယတြာ(မိတ်ဆွေများကို ရှမ်းခေါက်ဆွဲ ဝယ်ကျွေးလိုက်ပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများ အချစ်ခံမကောင်းသေးပါ။ အိမ်ထောင်ရှင်များ အိမ်ထောက်ဖက်များ၏ ချယ်လှယ်ခြင်းကို ခံရပါမည်။  ကျန်းမာရေးကောင်း၍ ဆိုးရွားသော ရော၈ါဝေဒနာများလည်း သက်သာပျောက်ကင်းနိုင်သော အချိန်ဖြစ်ပါသည်။ ဝင်ငွေကြောင့် ပျော်ရွှင်ဝမ်းမြောက်ရသောကာလ ဖြစ်ပါသည်။



ကံကောင်းသောအရောင်(ခရမ်းရောင်)၊



ကံကောင်းသောနံပါတ်(၉, ၆, ၄)၊



ယတြာ(မိမိနေအိမ်ဘုရားတွင် စံပယ် (၅)ကုံး ကပ်လှူပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများ ရည်ရွယ်ထားသော ချစ်သူထံမှ လိုချင်သော အဖြေစကားကြားရမည်။ ပျော်စရာအချစ်ဇာတ်လမ်းများ ဖန်တီးနိုင်မည်။ အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ ကျန်းမာရေးမှာ အမျိုးသမီးများ၊ အမျိုးသမီးရောဂါများ ဖြစ်တတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့်ခြင်းခံရမည်။ လုပ်ငန်းဝင်ငွေတိုးမည်။



ကံကောင်းသောအရောင်(နက်ပြာရောင်)၊



ကံကောင်းသောနံပါတ် (၉, ၇, ၄)၊



ယတြာ (မိမိနေအိမ်ဘုရားတွင် ငွေပန်းများ ကပ်လှူပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



          ဒီနေ့တော့ ပျိုရွယ်သူများအတွက် အချစ်ရေး စိတ်ချမ်းမြေ့ရပါမည်။ အိမ်ထောင်သည်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင် သံယောဇဉ်တွယ်လာမည်။ ကျန်းမာရေးကောင်းမွန်နေမည်။ ပညာရေး အစစအရာရာ ချောမွေ့တိုးတက် အောင်မြင်တော့မည်။ ဝင်ငွေနှင့်ထွက်ငွေကို တိကျပြတ်သားစွာ ချင့်ချိန်သုံးစွဲရမည့်နှစ်ဖြစ်ပါသည်။



ကံကောင်းသောအရောင်(ဆင်စွယ်ရောင်)၊



ကံကောင်းသောနံပါတ်(၃, ၇, ၄)၊



ယတြာ(မိမိနေအိမ်ဘုရားတွင် ရွှေထမင်း ကပ်လှူပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



          ဒီနေ့တော့ ပျိုရွယ်သူများအတွက် မထင်မှတ်သောအချစ်ရေးကံ အရမ်းထူးပြီး ပွင့်လန်းနေချိန်ဖြစ်ပါသည်။  ကျန်းမာရေး မကောင်းသူများပင် ကုသ၍ ပျောက်ကင်းချမ်းသာရာရမည်။ အလုပ်အကိုင်၌ မိမိတတ်ကျွမ်းသော အလုပ်မျိုး၌ အကျိုးအမြတ်များ ရရှိနိုင်သည်။



ကံကောင်းသောအရောင်(အကွက်ပြောက်ရောင်)၊



ကံကောင်းသောနံပါတ်(၈, ၂, ၃)၊



ယတြာ (မိမိနေအိမ်ဘုရားတွင် အောင်သပြေ ကပ်လှူပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများ အချစ်ရေး ပျော်ရွှင်ချမ်းမြေ့ရမည်။ အိမ်ထောင်ဖက်ကြောင့် ငွေကြေးနှင့် စည်းစိမ်ချမ်းသာ တိုးပွားမည်။ ကျန်းမာရေး အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ပညာရေး အထူးဖြောင့်ဖြူးသာယာပါသည်။ ဘာလုပ်ငန်းလုပ်လုပ် ကံအကျိုးပေးလေးက လိုက်နေမည်ဖြစ်သည်။



ကံကောင်းသောအရောင်(အဖြူရောင်)၊



ကံကောင်းသောနံပါတ် (၉ ,၂, ၄)၊



ယတြာ (မိမိမွေးနံထောင့် ဘုရားတွင် ရွှေပန်းများကပ်လှူပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။