contents

သတင်းများ

ဧပြီလ ၁၆ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Apr 16, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



          ဒီနေ့ ပျိုရွယ်သူတွေအဖို့ လူကြီးသူမတွေ ဝင်ရှုပ်လို့ လမ်းခွဲရမတတ်ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်သည်တွေအဖို့ စကားအခြေအတင် ပြောစရာတွေကြုံရတတ်ပါသည်။ ကျန်းမာရေး ဝမ်းပျက်တတ်ပါသည်။ သူတစ်ပါးရဲ့ ပြဿနာမှာ ကြားညှပ်ပြီး ဖြေရှင်းရတတ်ပါတယ်။



ကံကောင်းသောအရောင်(မရမ်းရောင်)၊



ကံကောင်းသောနံပါတ်(၈, ၇, ၂)၊



ယတြာ(သူငယ်ချင်းကို ဒံပေါက်ဝယ်ကျွေးလိုက်ပါ။)



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်ကံခေတဲ့ နေ့ရက်တွေပါပဲ။ အိမ်ထောင်သည်များအတွက်တော့ သားသမီးတွေကိစ္စကြောင့် စိတ်အနှောင့်အယှက် ကြုံရတတ်တယ်။ ကျန်းမာရေးမှာ ဒုက္ခပေးတတ်ပါတယ်။ ပြည်ပခရီး အောင်မြင်လိမ့်မည်။ အိုးအိမ်၊ နေရာကိစ္စတွေမှာတော့ မရေမရာ၊ မသေချာမှုတွေနဲ့ ကြုံတွေ့ရတတ်ပါသည်။



ကံကောင်းသောအရောင်(အဖြူရောင်)၊



ကံကောင်းသောနံပါတ်(၂, ၈, ၂)၊



ယတြာ(မိမိအိမ်ကဘုရားတွင် ပဲပေါက်စီ (၅)လုံး ကပ်လှူပူဇော်ပါ။)



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရမလိုလို ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်သည်များအဖို့ သားသမီးများကြောင့် ဂုဏ်သတင်းတက်မှုတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးမှာ ဆီးနဲ့ပတ်သက်သောဝေဒနာ ခံစားရတတ်ပါတယ်။ ရပ်ဝေးကအကူအညီတွေ ရတတ်တယ်။ အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေလည်း အောင်မြင်နိုင်ပါတယ်။



ကံကောင်းသောအရောင်(မီးခိုးရောင်)၊



ကံကောင်းသောနံပါတ်(၂, ၆, ၇)၊



ယတြာ(မိမိနေအိမ်ဘုရားတွင် ထောပတ်ဆွမ်းကပ်လှူပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ဒီနေ့ ပျိုရွယ်သူတွေအဖို့ အချစ်ရေးတွင် အထင်လွဲခံရတတ်သည်။ အိမ်ထောင်သည်တွေအဖို့ ခရီးဝေးသွားတာ ကြုံရတတ်သည်။ ဆီးနှင့်ပတ်သက်သော ဝေဒနာ ခံစားရတတ်သည်။ အတတ်ပညာတစ်ခု စတင်သင်ကြားရတတ်သည်။



ကံကောင်းသောအရောင်(ပန်းရောင်ရင့်)၊ ကံကောင်းသောနံပါတ်(၃, ၇, ၂)၊ ယတြာ(မိမိနေအိမ်ဘုရားမှာ ထန်းလျက်နှင့် ဆွမ်းတော်ကပ်ပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူတွေအဖို့ ချစ်သူနဲ့ သဘောထား ကွဲလွဲမည်။ အိမ်ထောင်သည်တွေအဖို့ ငွေကြေးကိစ္စစကားပြောရမည်။ လည်ချောင်းကို ဂရုစိုက်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။



ကံကောင်းသောအရောင်(ဆင်စွယ်ရောင်)၊



ကံကောင်းသောနံပါတ်(၆, ၃, ၇)၊



 ယတြာ(ကလေးငယ်တစ်ဦးကို ချောကလက်ဝယ်ကျွေးပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူ၏ချိန်းဆိုမှု ခံရတတ်သည်။ အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ရေး သာယာပါလိမ့်မည်။ ကျန်းမာရေးမှာ အစားမှား၊ ဆေးမှားဖြစ်တတ်သည်။ စက်ပစ္စည်းတစ်ခု ဝင်တတ်သည်။ စက်ကောင်း စက်သန့်ဖြစ်နေတတ်သည်။ လုပ်ငန်းသစ်ရခဲ့ပါက လုပ်ဆောင်လိုက်ပါ။



ကံကောင်းသောအရောင်(ရှားညိုရောင်)၊



ကံကောင်းသောနံပါတ် (၅, ၇, ၃)၊



ယတြာ (မိမိနေအိမ်ဘုရားမှာ ထိုးမုန့်နှင့် ဆွမ်းတော်ကပ်လှူပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



          ဒီနေ့တော့ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေးမှာ မိဘဆွေမျိုးကြောင့် လမ်းခွဲရတတ်ပါတယ်။ အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ကျန်းမာရေးမှာ ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေအတွက်တော့ အောင်မြင်မှုရနိုင်တယ်။



ကံကောင်းသောအရောင်(အစိမ်းရောင်)၊



ကံကောင်းသောနံပါတ်(၈, ၇, ၃)၊



ယတြာ(အိမ်ကဘုရားတွင် လက်ဖက်နှင့် ဆွမ်းတော်ကပ်ပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများအနေဖြင့် အချစ်ရေးမှာ ကြားလေသွေးလို့ ဝေးရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။ အိမ်ထောင်သည်များအဖို့ ဆွေမျိုးသားချင်းရဲ့ ငွေကြေးကိစ္စကြောင့် စိတ်အနှောင့် အယှက်ဖြစ်စရာ ကြုံရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ သွေးနဲ့ ပတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ဆရာသမား၊ အကြီးအကဲတွေရဲ့ ကူညီမစခြင်းခံရတတ်ပါတယ်။ ခရီးသွားရတတ်တယ်။



ကံကောင်းသောအရောင်(အဝါရောင်)၊



ကံကောင်းသောနံပါတ်(၆, ၇, ၁)၊



ယတြာ (မိမိမွေးနေ့မှာ အိမ်ကဘုရားတွင် သစ်သီးဆွမ်းကပ်လှူပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများ ချစ်သူခရီးသွားတာမျိုး၊ အိမ်ထောင်သည်များ အိမ်ထောင်ဖက် ခရီးထွက်သွားတာမျိုး ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ ခြေထောက်ကို ဂရုစိုက်သင့်ပါတယ်။ အလုပ်တွေ ပင်ပန်းတတ်တယ်။ ပင်ပန်းရကျိုးမနပ်လဲ ဖြစ်တတ်တယ်။



ကံကောင်းသောအရောင်(ရွှေရောင်)၊



ကံကောင်းသောနံပါတ် (၉ ,၇, ၄)၊



ယတြာ (မိမိနေအိမ်ဘုရားတွင် အုန်းဆွမ်းကပ်လှူပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။