Lotayamm

search
မာတိကာ

contents

သတင်းများ

ဧပြီလ ၁၅ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Apr 15, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

ဧပြီလ ၁၅ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်



 



(၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ



          ဒီနေ့  ပျိုရွယ်သူများအဖို့ ချစ်သူနှစ်ဦးကြားမှာ ဗျာများနေရတတ်သည်။ အိမ်ထောင်သည်များအဖို့ မိသားစုအတွင်းမှာ စိတ်သဘောတွေ ကွဲနေတတ်တယ်။ တစ်ယောက်တစ်ပေါက် ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအဖို့ နားကိုက်ခြင်း၊ မျက်စိမှုန်ခြင်း စသည့် ရော၈ါဝေဒနာများ ခံစားရတတ်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းနေရာအသစ်မှာ သွားရောက်လုပ်ကိုင်ရတတ်ပါတယ်။



ကံကောင်းသောအရောင်(ဆင်စွယ်ရောင်)၊



ကံကောင်းသောနံပါတ်(၆, ၂, ၄)၊



ယတြာ(သက်ကြီးရွယ်အိုတစ်ဦးကို အိုဗာတင်း (၁)ဘူးလက်ဆောင်ပေးလိုက်ပါ။)



(၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ



          ဒီရက်မှာ  ပျိုရွယ်သူများအဖို့ ချစ်ရေးကိစ္စတွေမှာ အာရုံမများသင့်ပါ။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်၏ အထင်အမြင်လွဲခြင်း ခံရတတ်သည်။ ကျန်းမာရေးမှာ သွေးနှင့်ပတ်သက်သော ရောဂါ၊ နှလုံးသွေးတိုး စသည့်ရော၈ါဝေဒနာများ ခံစားရတတ်သည်။ ငွေတွေ ဒရဟောဝင်လာတတ်တယ်။ ဝင်လာတဲ့ငွေကြေးတွေကို စနစ်တကျ ဂရုပြုပြီး သုံးစွဲသင့်ပါတယ်။



ကံကောင်းသောအရောင်(အနီရောင်)၊



ကံကောင်းသောနံပါတ်(၂, ၈, ၇)၊



ယတြာ(မိမိမွေးနေ့တွင် နန်းကြီးသုပ် ကပ်လှူပါ။)



(၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူနှင့် အထင်အမြင်လွဲစရာကိစ္စများ ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်ထောင်ရေးအဖို့မူ အိမ်ထောင်ရေးသုခများ ရရှိခံစားရပါမယ်။ ကျန်းမာရေးမှာ ဒူးနှင့်ပတ်သက်သော ရော၈ါဝေဒနာများ ခံစားရတတ်ပါတယ်။ မထင်မှတ်ထားသောကိစ္စတွေ ရုတ်တရက်ကြီး ဖြစ်လာတတ်တယ်။ မျှော်လင့်ထားတာတွေ လွဲချော်ကုန်တတ်ပါတယ်။



ကံကောင်းသောအရောင်(လိမ္မော်ရောင်)၊



ကံကောင်းသောနံပါတ်(၅, ၇, ၆)၊



ယတြာ(မိတ်ဆွေတစ်ဦးကို ကြာဇံကြော် ဝယ်ကျွေးလိုက်ပါ။)



(၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ



          ဒီနေ့ ပျိုရွယ်သူများအဖို့ ချစ်သူရတတ်သည်။ အိမ်ထောင်ရှင်များအဖို့ သားသမီးရတနာကောင်း ရတတ်ပါသည်။ ကျန်းမာရေးမှာ ဆီး၊ ကျောက်ကပ်နှင့်ဆိုင်သော ရော၈ါဝေဒနာများ ဂရုပြုသင့်ပါတယ်။ ကိုယ့်ကို ပတ်ဝန်းကျင်က ချောက်ချတာမျိုး ဝေဖန်ပြစ်တင်တာမျိုးတွေ ကြုံရတတ်ပါတယ်။



ကံကောင်းသောအရောင်(အကွက်ပြောက်ရောင်)၊ ကံကောင်းသောနံပါတ်(၉, ၃, ၇)၊ ယတြာ(မိတ်ဆွေတစ်ဦးကို ကြံရည်ဝယ်တိုက်ပါ။)



(၅၊ ၁၄ ၊ ၂၃) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများအဖို့ ချစ်သူနှင့်လမ်းခွဲရတတ်တယ်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်ခရီးသွားခြင်းမျိုး ကြုံရတတ်တယ်။ ကျန်းမာရေးနှင့်ပတ်သက်၍ ဝမ်းဗိုက်ဒုက္ခပေးတတ်သည်။ အကြီးအကဲ လူကြီးမိဘ၊ ဆရာသမားတို့ထံမှ အကူအညီကောင်းတွေ ရတတ်ပါတယ်။



ကံကောင်းသောအရောင်(အပြာရင့်ရောင်)၊



ကံကောင်းသောနံပါတ်(၉, ၈, ၇)၊



ယတြာ(မိတ်ဆွေတစ်ဦးကို လက်ဖက်ရည်ဝယ်တိုက်ပါ။)



(၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ



          ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူဟောင်းထံမှ လက်ဆောင်ပစ္စည်း ရတတ်သည်။ အိမ်ထောင်သည်များအဖို့ မိသားစုကြောင့် စိတ်သောကရောက်ရတတ်သည်။ မထင်မှတ်တဲ့ နေရာကနေ ငွေကြေးရတတ်ပါတယ်။ ထီမကြာခဏ ထိုးသင့်တဲ့ကာလဖြစ်ပါတယ်။



ကံကောင်းသောအရောင်(နက်ပြာရောင်)၊



ကံကောင်းသောနံပါတ် (၆, ၃, ၈)၊



ယတြာ (မိတ်ဆွေတစ်ဦးကို ကော်ရည်ခေါက်ဆွဲ ဝယ်ကျွေးပါ။)



(၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ



          ဒီနေ့တော့ ပျိုရွယ်သူများအဖို့ မိမိချစ်သူ၏ သစ္စာဖောက်ခြင်း ခံရတတ်သည်။ အိမ်ထောင်သည်များအဖို့ မိသားစုနဲ့ အပျော်ခရီး သွားရတတ်သည်။ ကျန်းမာရေးအတွက်နဲ့ ငွေကုန်ကြေးကျများနေတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်လို့ အပြောင်းအလဲကြီးကြီးမားမား တွေမလုပ်ပါနဲ့ဦး။ အလုပ်တွေလည်း မတိုးချဲ့သင့်ပါဘူး။



ကံကောင်းသောအရောင်(အညိုရောင်)၊



ကံကောင်းသောနံပါတ်(၆, ၈, ၇)၊



ယတြာ(မိတ်ဆွေတစ်ဦးကို ထမင်းဆီဆမ်းနှင့် ကြက်ကြော်ဝယ်ကျွေးပါ။)



(၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများ အချစ်ရေးကို ဦးစားမပေးသင့်ပါ။ အိမ်ထောင်သည်များ အရာရာအဆင်ပြေသောကာလဖြစ်သည်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။ ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေပါမယ်။ ကြီးကြီးမားမား အောင်မြင်မှုတွေ ကြုံရတတ်ပါတယ်။



ကံကောင်းသောအရောင်(အနီရောင်)၊



ကံကောင်းသောနံပါတ်(၉, ၆, ၃)၊



ယတြာ (မိတ်ဆွေတစ်ဦးကို ကော်ပြန့်စိမ်းဝယ်ကျွေးလိုက်ပါ။)



(၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ



          ဒီရက် ပျိုရွယ်သူများအနေဖြင့် အချစ်ရေးကံ အလွန်ကောင်းနေသည်။ အိမ်ထောင်ရှင်များအနေဖြင့် ခရီးမထွက်သင့်ပါ။ ကျန်းမာရေးအနေဖြင့် ဒဏ်ရာအနည်းငယ် ရတတ်သည်။ ဂရုစိုက်ပါ။ ပေးသူတွေ ပေးနေပေမယ့် ယူသင့်မှ ယူမယ်ဆိုတဲ့ အချိန်ရောက်လာပါလိမ့်မယ်။



ကံကောင်းသောအရောင်(နက်ပြာရောင်)၊



ကံကောင်းသောနံပါတ် (၆, ၂, ၄)၊



ယတြာ (သူငယ်ချင်းတစ်ဦးကို ကော်ဖီနှင့် ကိတ်မုန့် ဝယ်ကျွေးလိုက်ပါ။)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။