Lotayamm

search
မာတိကာ

contents

သတင်းများ

မတ်လ ၁၄ ရက်နေ့တွင် ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မတ်လ ၁၄ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ မိမိချစ်ခင်သူထံမှ အဖြေတောင်းခံသင့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရှိသူတွေအနေနဲ့ကတော့ အိမ်အနီးအနားမှာ မင်္ဂလာ ကိစ္စပေါ်ပေါက်ပါက ထီပြေးထိုးသင့်ပါတယ်။ ဒီနေ့မှာ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ၀င်ငွေများ ကျေနပ်ဖွယ်ရရှိနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင်- အနီရောင်



ကံကောင်းသောနံပါတ် - ( ၉၊ ၆၊ ၇ )



ယတြာ - မိတ်ဆွေတစ်ဦးကို နို့စိမ်းတစ်ဘူး လက်ဆောင်ပေးလိုက်ပါ။



(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေအနေနဲ့ အချစ်ရေးကို နှလုံးသားနဲ့ မဆုံးဖြတ်ပဲ ဦးနှောက်နဲ့သာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ကတော့ အချစ်ဟောင်းနဲ့ ပတ်သက်တဲ့ ပြဿနာဟောင်းတွေ ဖြေရှင်းရတတ်ပါတယ်။ ဒီနေ့ရက်မှာ ငွေပုံအောပြီးလုပ်ရမယ့် အလုပ်မျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွားကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင်- အပြာရင့်ရောင်



ကံကောင်းသောနံပါတ် - ( ၇၊ ၈၊ ၂ )



ယတြာ - မိဘများကို ကိတ်မုန့်ဖြင့် ကန်တော့လိုက်ပါ။



(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ



          ပျိုရွယ်သူများ ချစ်သူနှင့် ပျော်ရွှင်စရာများ ကြုံတွေ့ရနိုင်ပြီး အိမ်ထောင်သည်တွေကတော့ မိသားစုထဲမှာ မင်္ဂလာကိစ္စကြုံတွေ့ရတတ်ပါတယ်။ ဒီနေ့ရက်မှာ လုပ်မယ်လို့ ရည်ရွယ်ထားတာတွေကို အမြန်ဆုံးလုပ်ဆောင်သင့်ပြီး အောင်မြင်မှုရရှိနိုင်ပါတယ်။ စာရွက်စာတမ်းနဲ့ပတ်သက်တာ၊ အစုစပ်လုပ်ငန်းတွေမှာတော့ အဆင်မပြေမှုတွေ များနေတတ်ပါတယ်။



ကံကောင်းသောအရောင်- ငှက်ခါးရောင်



ကံကောင်းသောနံပါတ် - ( ၈၊ ၇၊ ၄ )



ယတြာ - ချစ်ခင်ရသူတစ်ဦးကို နှင်းဆီပန်း လက်ဆောင်ပေးလိုက်ပါ။



(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ



         ပျိုရွယ်သူများ ချစ်သူရဲ့ အလိုလိုက်ခြင်းခံရမှာဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောာင်ရေးသုခ ခံစားရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒီနေ့မှာ ဘာပဲလုပ်လုပ်အဆင်ပြေနေတတ်ပြီး ကျန်းမာရေးပိုင်းမှာကတော့ ဆီး၊ ၀မ်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင် - ဖက်ဖူးစိမ်းရောင်



ကံကောင်းသောနံပါတ် - ( ၉၊ ၇၊ ၀ )



ယတြာ - အမည်တွင် နေ ပါသူတစ်ဦးကို ဘောပင်လက်ဆောင်ပေးလိုက်ပါ။



(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူများအတွက် အစစအရာရာအဆင်ပြေနေမှာဖြစ်ပြီး အိမ်ထောင်ရှင်တွေအနေနဲ့ကတော့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ဖက်နဲ့စကားများရတတ်ပါတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ကောင်းသောစကားတွေကြားရမှာဖြစ်ပါတယ်။ ဒါပေမယ့် အမှုအခင်းလည်းဖြစ်ကိန်းရှိလို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနဲ့ ခါးအောက်ပိုင်း နာကျင်ကိုက်ခဲတတ်ပါတယ်။



ကံကောင်းသောအရောင်- အဖြူရောင်



ကံကောင်းသောနံပါတ် - (  ၈၊ ၇၊ ၄ )



ယတြာ - ရဟန်းတော်တစ်ပါးကို ထီး ၁လက်လှူဒါန်းပေးပါ။



(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေ ရုတ်တရက်အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရုတ်တရက် ခရီးထွက်ရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ လုပ်ငန်းသစ်တွေ လုပ်ကိုင်ရတတ်ပြီး ကျန်းမာရေးပိုင်းအနေနဲ့ ဦးခေါင်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားတတ်ပါတယ်။



ကံကောင်းသောအရောင် - အညိုရောင်



ကံကောင်းသောနံပါတ် - (  ၉၊ ၇၊ ၄ )



ယတြာ - နေအိမ်ရှိဘုရားတွင် ပဲနို့ခေါက်ဆွဲ ကပ်လှူပေးပါ။



(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအနေနဲ့ စန်းပွင့်နေချိန်ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့လည်း အိမ်ထောင်ဖက်ထံကနေ သတင်းကောင်းကြားရတတ်ပါတယ်။ ဒီနေ့မှာ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း၊ ကျော်ဇောခြင်း၊ အဆက်အသွယ်ကောင်းရရှိခြင်းတွေ တွေ့ကြုံရမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ အဆုတ်ရောဂါ ခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင် -  ပန်းနုရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၇၊ ၁ )



ယတြာ - မိတ်ဆွေတစ်ဦးကို ဆီချက်ခေါက်ဆွဲ ၀ယ်ကျွေးလိုက်ပါ။



(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ



            ပျိုရွယ်သူတွေ ချစ်သူသစ်ရနိုင်တဲ့ကာလဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့လည်း အိမ်ထောင်ဖက်နဲ့ ခရီးသွားရတတ်ပါတယ်။ မိတ်ဆွေ၊ ဆရာသမားတွေဆီက မထင်မှတ်တဲ့ အကူအညီတွေ ရရှိလာတတ်ပြီး အလုပ်သစ်ပြောင်းဖို့လည်း အကြောင်းဖန်လာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ရင်ဘတ်နဲ့ပတ်သက်တဲ့ ရောဂါခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင် - ကြက်သွေးရောင်



ကံကောင်းသောနံပါတ် - ( ၈၊ ၇၊ ၄ )



ယတြာ - ရုက္ခစိုးနတ်မင်းကို တိုင်တည်ပြီး ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။



( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအဖို့ ချစ်သူနဲ့ဖူးစာဆုံမှာဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ သားသမီး ရတနာ ရရှိတတ်ပါတယ်။ ဒီနေ့မှာ ကောင်းသောခရီးတွေ သွားရတတ်ပြီး အတိုက်အခံလေးတွေတော့ အနည်းငယ်ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့လည်ချောင်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားတတ်ပါတယ်။



ကံကောင်းသောအရောင် - အနက်စင်း



ကံကောင်းသောနံပါတ် - ( ၉ ၊ ၈၊ ၂ )



ယတြာ - အမတော်မြနန်းနွယ်ကိုရည်စူးပြီး စံပါယ် ၈ကုံးလှူဒါန်းပေးပါ။



                                                                             ဆရာမဒေါက်တာ စောယုနွယ်၊ Ph.D(Tantra)



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။