contents

သတင်းများ

မတ်လ ၁၃ ရက်နေ့တွင် ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Mar 13, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မတ်လ ၁၃ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ ချစ်သူရဲ့ အထင်ကြီးမှုကို ခံရတတ်တဲ့ အချိန်ဖြစ်ပြီး အိမ်ထောင်ဖက်ရဲ့ ဂုဏ်သတင်းကြောင့်လည်း စိတ်ချမ်းမြေ့ရတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းနေရာ၊ ဆိုင်နေရာတွေလည်း ရွှေ့ပြောင်းရတတ်ပြီး ကောင်းသောပြောင်းလဲခြင်းပါပဲ။ မထင်မှတ်ပဲပြုလုပ်လိုက်တဲ့ လုပ်ငန်းတွေမှာ လူအများရဲ့ အထင်ကြီးခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နား၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ဂရုပြုရပါမယ်။



ကံကောင်းသောအရောင်- မီးခိုးရောင်



ကံကောင်းသောနံပါတ် - ( ၅၊ ၆၊ ၇ )



ယတြာ - နေအိမ်ရှိဘုရားတွင် မုန့်ဖက်ထုပ် ၅ထုပ်ကပ်လှူပေးပါ။



(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေ အချစ်သစ်နဲ့ တွေ့ကြုံရကိန်းရှိပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ စိတ်ချမ်းမြေ့စရာတွေကြုံတွေ့ရမယ့် အချိန်ပါပဲ ။ မိသားစုလိုက် အလှူပြုရကိန်းလည်း ရှိပါတယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ တိုးချဲ့လို့အဆင်ပြေမယ့် အချိန်ဖြစ်ပြီး ပညာရေးအတွက် ကူညီမယ့်သူကြောင့် ထူးထူးချွန်ချွန်အောင်မြင်တိုးတက်ကိန်းလည်း ရှိပါတယ်။ ငွေကြေးအဆင်ပြေနေပြီး ကျန်းမာရေးအနေနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရရှိပြီး သွေးထွက်ကိန်းရှိပါတယ်။



ကံကောင်းသောအရောင်- ကြက်သွေးရောင်



ကံကောင်းသောနံပါတ် - ( ၉ ၊ ၈ ၊ ၇ )



ယတြာ - မွေးနေ့မနက် ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။



(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ မိမိအပေါ် အရာရာသည်းခံပေးမယ့် ချစ်သူမျိုး တွေ့ဆုံရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်ရဲ့ မွေးရပ်မြေကို ခရီးထွက်ရကိန်းရှိနေပါတယ်။ ဒီနေ့မှာ ရေလမ်းခရီးသွားရကိန်းရှိပြီး၊ အရောင်းအ၀ယ်ကုန်သည်လုပ်ငန်းများ အောင်မြင်နိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်းနဲ့ပတ်သက်ပြီး သတိပြုရပါမယ်။



ကံကောင်းသောအရောင်- သနပ်ခါးရောင်



ကံကောင်းသောနံပါတ် - ( ၉၊ ၀ ၊ ၈ )



ယတြာ - မွေးနံထောင့်မှာ ဂြိုလ်ရုပ်စုံ ၈ခု လှူဒါန်းပေးပါ။



(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ



         ပျိုရွယ်သူများ မိမိကို နားလည်မှုပေးနိုင်တဲ့ ချစ်သူမျိုး ရရှိပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ကတော့ သားသမီး ရတနာ ထွန်းကားတတ်ပါတယ်။ ဒီနေ့မှာ ယှဉ်ပြိုင်လုပ်ဆောင်ရတဲ့ လုပ်ငန်း ကိစ္စတွေအတွက် အောင်မြင်အနိုင်ယူနိုင်ပါလိမ့်မယ်။ ရပ်ဝေးခရီးရှိပါကလည်း အောင်မြင်စွာ သွားရမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နာ ဒုက္ခပေးတတ်ပါတယ်။



ကံကောင်းသောအရောင် - ဖက်ဖူးစိမ်းရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၅၊ ၂ )



ယတြာ - မွေးနံထောင့်တွင် ကြေးဆည်းလည်း ၂လုံး ကပ်လှူပေးပါ။



(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူများအချစ်ရေးတွင် လူကြီးမိဘများကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ အိမ်ထောင်ရေးသာယာနေမယ့် ကာလပါပဲ။ ပိုမိုကောင်းမွန်တဲ့လုပ်ငန်းတွေကနေ ကမ်းလှမ်းလာဖို့ရှိပြီး ကျန်းမာရေးပိုင်းကတော့စိုးရိမ်စရာမရှိပါဘူး။



ကံကောင်းသောအရောင်- အဖြူရောင်



ကံကောင်းသောနံပါတ် - (  ၈၊ ၆၊ ၀ )



ယတြာ - မွေးနံထောင့်တွင် အုန်းဆွမ်းကပ်လှူပါ။



(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအနေနဲ့ ဆွေစဉ်မျိုးဆက်ချမ်းသာသူနဲ့ ဖူးစာဆုံရတတ်ပါတယ်။ အိမ်ထောင်ရှင်တွေကတော့ ရပ်ဝေးခရီးသွားရတတ်ပါတယ်။ ဒီနေ့မှာ အရင်ကနှောင့်နှေးကြန့်ကြာနေတဲ့ လုပ်ငန်း အကြံအစည်တွေ ပြန်လည်အောင်မြင်လာတတ်ပါတယ်။ ငွေကြေးဥစ္စာများ စုဆောင်းရလွယ်ကူချိန်ဖြစ်ပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။



ကံကောင်းသောအရောင် - အညိုဖျော့



ကံကောင်းသောနံပါတ် - ( ၅၊ ၂၊ ၄ )



ယတြာ - နေအိမ်ရှိဘုရားတွင် ပဲနို့ခေါက်ဆွဲ ကပ်လှူပေးပါ။



(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအနေနဲ့ အချစ်ရေးနဲ့ ပညာရေး ရှုတ်ထွေးနေတတ်ပါတယ်။ အိမ်ထောင်ရှင်တွေကတော့ သားသမီးကြောင့် စိတ်ညစ်စရာကြုံနိုင်ပါတယ်။ ငွေကြေးပိုင်းအဆင်ပြေနေပြီး ကျန်းမာရေးအနေနဲ့ သွေးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ပွားတတ်ပါတယ်။



ကံကောင်းသောအရောင် -  ပန်းရောင်



ကံကောင်းသောနံပါတ် - ( ၈ ၊ ၂၊ ၀ )



ယတြာ - မွေးနံထောင့်တွင် ရွှေရောင်ဖယောင်းတိုင် ကပ်လှူပေးပါ။



(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ



            ပျိုရွယ်သူတွေကြားလေသွေးလို့ ဝေးရမယ့် ကာလပါပဲ၊ အိမ်ထောင်ရှိပြီးသူတွေအနေနဲ့လည်း အိမ်ထောင်ဖက်နဲ့ ခိုက်ရန်ဒေါသဖြစ်ပွားတတ်ပါတယ်။ အရောင်းအ၀ယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုအောင်မြင်နိုင်ပြီး အိမ်၊ခြံ၊ မြေ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အကျိုးများတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါသတိပြုရပါမယ်။



ကံကောင်းသောအရောင် - ပန်းခရမ်း



ကံကောင်းသောနံပါတ် - ( ၂၊ ၈၊ ၁ )



ယတြာ - မိဘမဲ့ကလေးတွေကို အာဟာရဒါန ပြုပါ။



( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ ချစ်သူနဲ့အတူ သင်တန်းတစ်ခု တက်ရောက်ရကိန်းရှိပါတယ်။ အိမ်ထောင်ရှင်တွေကတော့အိမ်ထောင်ဖက်နဲ့ ခရီးသွားရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ အိမ်ခြံမြေကိစ္စ အကျိုးပေးနေပြီး သိုလှောင်ရောင်းဝယ်မှုပိုင်းမှာလည်း ကံကောင်းနေပါတယ်။ မိတ်ဆွေသစ်တွေနဲ့လက်တွဲလုပ်ကိုင်ရကိန်းရှိပြီး အောင်မြင်တဲ့လုပ်ငန်းတွေဖြစ်လာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ပုံမှန်ပဲရှိနေပါတယ်။



ကံကောင်းသောအရောင် - အနီရင့်ရောင်



ကံကောင်းသောနံပါတ် - ( ၇၊ ၅၊ ၄ )



ယတြာ - နေအိမ်ဘုရားတွင် ထီးနီ ၁၀ လက် လှူဒါန်းပေးပါ။



                                                                             ဆရာမဒေါက်တာ စောယုနွယ်၊ Ph.D(Tantra)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။