contents

သတင်းများ

မတ်လ ၁၂ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Mar 12, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မတ်လ ၁၂ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ ချစ်သူနဲ့ စိတ်သဘောထား ကွဲလွဲတတ်ပြီး အိမ်ထောင်သည်တွေကတော့ ငွေကြေး ကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ဖက်နဲ့ စကားများရတတ်ပါတယ်။ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ကြုံတွေ့ရတတ်ပြီး အပြိုင်အဆိုင်တွေကြားကပဲ အောင်မြင်မှု ရရှိတတ်ပါတယ်။ လုပ်ငန်းသစ်တိုးချဲ့ရကိန်းရှိပြီး နေအိမ်သို့ ပန်းပင်၊ ပန်းအိုးဝင်လာပါက ထီထိုးပါ။ ကျန်းမာရေးအနေနဲ့ ၀မ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။



ကံကောင်းသောအရောင်- အဖြူရောင်



ကံကောင်းသောနံပါတ် - ( ၉၊ ၂၊ ၇ )



ယတြာ - နေအိမ်ရှိဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။



(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေအနေနဲ့ ကြားလေသွေးပြီး ဝေးရကိန်းရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ငွေကြေးကိစ္စကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံရတတ်ပါတယ်။ ဒီနေ့မှာ ဆရာသမား၊ အကြီးအကဲတွေရဲ့ အကူအညီရရှိတတ်ပြီး ကွဲကွာနေတဲ့ မိတ်ဆွေဟောင်း၊ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ရတတ်ပါတယ်။



ကံကောင်းသောအရောင်- အစိမ်းရောင်



ကံကောင်းသောနံပါတ် - ( ၈ ၊ ၄၊ ၆ )



ယတြာ - နေအိမ်ရှိဘုရားတွင် ရွှေထမင်း ကပ်လှူပေးပါ။



(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ



          ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာ ချစ်သူရဲ့ အထင်အမြင်လွဲမှားခြင်းကို ခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေ အဖို့ ခရီးထွက်ရကိန်းရှိပြီး နေအိမ်ကို ဆင်းတုတော်၊ ဘုရားပုံတော်ကြွလာပါက ရပ်ဝေးက ငွေကြေးများရရှိတတ်ပါတယ်။ ရစရာရှိနေတဲ့ ငွေကြေးတွေလည်း ပြန်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအတွက် ဆီးနဲ့ပတ်သက်တဲ့ ရောဂါ ခံစားရတတ်ပါတယ်။



ကံကောင်းသောအရောင်- အဖြူရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၄၊ ၃ )



ယတြာ - နေအိမ်ရှိဘုရားတွင် ဘယာကြော်ကပ်လှူပေးပါ။



(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ



         ပျိုရွယ်သူများအနေနဲ့ အချစ်ရေးမှာ လမ်းခွဲရလောက်တဲ့အထိ ပြဿနာ အကြီးအကျယ် တက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ မိသားစု စုံညီ ခရီးထွက်ရကိန်းရှိနေပါတယ်။ တဇွတ်ထိုးလုပ်ကိုင်တာတွေကနေ ဆုံးဖြတ်ချက်မှားဖြစ်တတ်ပါတယ်။ အထည်၊ထီး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်းအသစ်တွေ ၀င်လာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတာမျိုး ဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။



ကံကောင်းသောအရောင် - အစိမ်းရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၄၊ ၃ )



ယတြာ - နေအိမ်ရှိဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။



(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအနေနဲ့ ချစ်သူရဲ့ ချိန်းဆိုမှုကို ခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ထံကနေ သတင်းစကားကောင်းကြားရမှာဖြစ်ပါတယ်။ အိမ်နေရာသစ်၊ အလုပ်နေရာသစ်ပြောင်းရကိန်းရှိပြီး လုပ်ငန်းသစ်မှာ ပိုမိုအကျိုးပေးတတ်ပါတယ်။ ငွေတွေ့သောနိမိတ်၊ ငွေနဲ့ပတ်သက်တဲ့ အိပ်မက် မက်ပါက အ၀ါနုရောင် ၀တ်ဆင်ပြီး ထီထိုးပေးပါ။



ကံကောင်းသောအရောင်- နို့နှစ်ရောင်



ကံကောင်းသောနံပါတ် - (  ၇၊ ၈၊ ၄ )



ယတြာ - နေအိမ်ရှိဘုရားတွင် နို့ထမင်း ကပ်လှူပေးပါ။



(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေရဲ့ အချစ်ရေးမှာ လူကြီးသူမများ ၀င်ရှုတ်တာကြောင့် လမ်းခွဲရကိန်း ရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့လည်း အိမ်ထောင်ဖက်နဲ့ စကားအခြေအတင်ပြောရကိန်းကြုံရတတ်ပါတယ်။ ဒီနေ့မှာ ထီပေါက်သလို ငွေတွေဝင်လာတတ်ပြီး သူတပါးရဲ့ ပြဿနာကိုလည်း ၀င်ပြီးဖြေရှင်းပေးရတတ်ပါသေးတယ်။ အိမ်ရှိအသက်ကြီးမြင့်သူအတွက် စိုးရိမ်ပူပန်ရတတ်ပါတယ်။



ကံကောင်းသောအရောင် - အရောင်နု



ကံကောင်းသောနံပါတ် - ( ၉ ၊ ၆ ၊ ၇ )



ယတြာ - နေအိမ်ဘုရားတွင် တံခွန် ၉လုံး လှူဒါန်းပေးပါ။



(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေရဲ့ အချစ်ရေးကံခေနေပါတယ်။ အိမ်ထောင်သည်တွေကတော့ သားသမီး ကိစ္စကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကိန်းရှိနေပါတယ်။ ဒီနေ့မှာ ဘာပဲလုပ်လုပ် စိတ်နှစ်ခွဖြစ်နေတတ်ပြီး ၀င်ငွေနဲ့ ထွက်ငွေလည်း မမျှမတဖြစ်နေတတ်ပါတယ်။ ကျန်းမာရေး သတိပြုရမယ့် ကာလပါပဲ။



ကံကောင်းသောအရောင် - အနက်ရောင်



ကံကောင်းသောနံပါတ် - ( ၉ ၊ ၈ ၊ ၂ )



ယတြာ - နေအိမ်ဘုရားတွင် ခေါက်ဆွဲကြော် ကပ်လှူပေးပါ။



(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ



            ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာ အံ့အားသင့်စရာ ကိစ္စတွေကြုံလာရတတ်ပါတယ်။ အိမ်ထောင်သည်တွေကအနေနဲ့ကတော့ သားသမီးကြောင့် ဂုဏ်တက်ရမှာဖြစ်ပါတယ်။ ဒီနေ့မှာ စက်၊ ဆိုင်၊ စပ်တူ၊ စာချုပ်စာတမ်း ကိစ္စတွေ မပြုလုပ်သင့်ပါဘူး။ ဆွေမျိုးတွေဆီက သတင်းကောင်းကြားရတတ်ပြီး အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်ပြီးတော့လည်း အသစ်ရတတ်ပါတယ်။



ကံကောင်းသောအရောင် - မရမ်းရောင်



ကံကောင်းသောနံပါတ် - ( ၈၊ ၁၊ ၇ )



ယတြာ - နေအိမ်ရှိဘုရားတွင် မုန့်လုံးရေပေါ် ကပ်လှူပေးပါ။



( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအနေနဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာ လျှောက်လည်ရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ခရီးထွက်ရကိန်းရှိပါတယ်။ ဒီရက်ပိုင်းမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတတ်ပြီး ဆေးဝါး၊ အလှကုန်၊ အ၀တ်အထည် လုပ်ငန်းတွေ တိုးချဲ့အောင်မြင်ရတတ်ပါတယ်။



ကံကောင်းသောအရောင် - အနီရောင်



ကံကောင်းသောနံပါတ် - ( ၉ ၊ ၇၊ ၁ )



ယတြာ - နေအိမ်ရှိဘုရားတွင် အုန်းနို့ခေါက်ဆွဲ ကပ်လှူပေးပါ။



                                                                             ဆရာမဒေါက်တာ စောယုနွယ်၊ Ph.D(Tantra)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။