Lotayamm

search
မာတိကာ

contents

သတင်းများ

မတ်လ ၇ ရက်နေ့တွင် ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Mar 7, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မတ်လ ၇ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။



(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ



         ပျိုရွှယ်သူတွေအနေနဲ့ ချစ်သူနဲ့ ပတ်သက်ပြီး ပြဿနာ ဖြေရှင်း ရတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေနဲ့ မိဘဆွေမျိုးများကြောင့် စကားများရတတ်ပါတယ်။ ဒီနေ့မှာ လုပ်ကိုင်သမျှအားလုံး အောင်မြင်တတ်ပြီး ကျန်းမာရေးအနေနဲ့ အရိုးအဆစ်ဝေဒနာများ သတိပြုသင့်ပါတယ်။



ကံကောင်းသောအရောင် - အဖြူရောင်



ကံကောင်းသောနံပါတ် - ( ၁၊ ၃၊ ၉ )



ယတြာ - မိမိမွေးနေ့ထောင့်တွင် နှင်းဆီ ၇ပွင့် ကပ်လှူပေးပါ။



(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ



         ပျိုရွယ်သူများ အချစ်ရေး စန်းပွင့်နေသော အချိန်ကာလဖြစ်ပြီး အချစ်ရေးနဲ့ ပညာရေး မရောထွေးမိစေရန် သတိပြုရပါမယ်။ အိမ်ထောင်ရှင်တွေအနေနဲ့တော့ ဆွေမျိုးများနဲ့ ပတ်သက်ပြီး အငြင်းပွားရတတ်ပါတယ်။ မိမိတာဝန်ယူဆောင်ရွက်ရတဲ့ ကိစ္စမှန်သမျှ အဆင်ပြေပြေ ဆောင်ရွက်နိုင်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။



ကံကောင်းသောအရောင်- အ၀ါနုရောင်



ကံကောင်းသောနံပါတ် - ( ၂၊ ၄၊ ၅ )



ယတြာ - ကိုယ်ဝန်ဆောင်သည်များအား အစားအစာ ဒါနပြုပေးပါ။



(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ



          ငယ်ရွယ်သူများ ချစ်သူရဲ့ အလိုလိုက်ခြင်းခံရမှာဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့လည်း ပျော်စရာ ကိစ္စတွေ ဆက်တိုက်ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေသစ်များထံမှ လုပ်ငန်းတိုးချဲ့နိုင်မည့် အကြံဥာဏ်များ ရရှိတတ်ပါတယ်။ ရာထူးတိုးကြုံရတတ်ပြီး ကျန်းမာရေးအနေနဲ့တော့ ဦးခေါင်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။



ကံကောင်းသောအရောင်- အပြာနုရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၃၊ ၄ )



ယတြာ - မွေးနေ့ထောင့်မှာေ၇ွှပန်း ၁၅ပွင့် ကပ်လှူပေးပါ။



(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေအနေနဲ့ အချစ်ရေးမှာ ဆုံးဖြတ်ချက်မှားလို့ ဒုက္ခရောက်တတ်တာကြောင့် အရာရာသတိနဲ့ နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရှင်များ မိသားစုအရေး ပူပန်ရတတ်ပါတယ်။ ဒီနေ့မှာ မိမိနေအိမ်ကို ဘုရားပုံတော် ကြွရောက်လာပါက ထီကံစမ်းပေးပါ။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။



ကံကောင်းသောအရောင် - ဖက်ဖူးစိမ်းရောင်



ကံကောင်းသောနံပါတ် - ( ၃၊ ၄၊ ၇ )



ယတြာ - နေအိမ်ရှိဘုရားတွင် ၀ါးညွှန့် ၁၇ ညွန့်လှူဒါန်းပါ။



(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ



             ပျို၇ွယ်သူများအနေနဲ့ အချစ်ရေးကံ အနည်းငယ် ညံ့နေတတ်ပါတယ်။ အိမ်ထောင်ရှင်တွေကတော့ အိမ်ထောင်ရေးသာယာပြီး ကျန်းမာရေးအနေနဲ့ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။ ဒီနေ့မှာ အရင်ထက်ပိုမိုကောင်းမွန်တဲ့ လုပ်ငန်း အဆက်အသွယ်များ ရရှိလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။



ကံကောင်းသောအရောင်- ရွှေဝါရောင်



ကံကောင်းသောနံပါတ် - (၅ ၊ ၈ ၊ ၄)



ယတြာ - မွေးနံထောင့်မှာ မေမြို့ပန်း ၁၉ ပွင့် ကပ်လှူပေးပါ။



(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအနေနဲ့ အချစ်ရေး သာယာနေပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး အတိုက်အခံပြုလုပ်ရတတ်ပါတယ်။ ဒီနေ့ရက်မှာ ယှဉ်ပြိုင်မှုများတဲ့ စီးပွားရေးလုပ်ငန်းတွေမှာတောင် အောင်မြင်နိုင်ပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်အားကြောင့်သာမက ကံတရားကြောင့်ပါ အလိုလိုငွေဝင်နေမယ့် နေ့ရက်ပါပဲ။



ကံကောင်းသောအရောင် - ကြက်သွေးရောင်



ကံကောင်းသောနံပါတ် - ( ၆၊ ၁၊ ၂ )



ယတြာ - မိမိနေအိမ်ဘုရားတွင် သီဟိုဠ်ညွှန့် ၂၁ ညွန့်လှူဒါန်းပါ။



(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ သားသမီးကြောင့်ဂုဏ်တက်တတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းသစ်တစ်ခု စတင်တာမျိုး သင့်တော်ပါတယ်။ လုပ်ငန်းတွေတိုးချဲ့သလောက်အောင်မြင်မယ့် အချိန်ဖြစ်ပြီး ချစ်သူခင်သူ ကူညီမယ့်သူ ပေါများနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်၊ နှာစေး အနည်းငယ်ဖြစ်တတ်ပါတယ်။



ကံကောင်းသောအရောင် - နက်ပြာရောင်



ကံကောင်းသောနံပါတ် - ( ၇၊ ၂၊ ၉ )



ယတြာ - မွေးနံထောင့်တွင် နှင်းဆီဖြူ ၁၀ပွင့် ကပ်လှူပေးပါ။



(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ



            ပျိုရွယ်သူများမမျှော်လင့်ပဲ ချစ်သူနဲ့ ခွဲခွာနေရကိန်းရှိပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကြောင့်သောကရောက်ရတတ်ပါတယ်။ ဒီရက်အတွင်း အစစအရာရာ အောင်မြင်နေပြီး လုပ်ဖော်ကိုင်ဖက်များကလည်း ကူညီမှုပေးပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လေထိုး၊ လေအောင့်ဖြစ်တတ်ပါတယ်။



ကံကောင်းသောအရောင် - အစိမ်းရင့်ရောင်



ကံကောင်းသောနံပါတ် - ( ၈၊ ၇၊ ၄ )



ယတြာ - အိမ်ရှိဘုရားတွင် ပဲထမင်း ကပ်လှူပေးပါ။



( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူက ဂရုစိုက်မှုကြောင့် ပျော်ရွှင်ရပါမယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ရေးသာယာမယ့် နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်စရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာမှား၊ ဆေးမှားဖြစ်တတ်လို့ သတိပြုရပါမယ်။



ကံကောင်းသောအရောင် - မိုးပြာရောင်



ကံကောင်းသောနံပါတ် - ( ၉ ၊ ၁၊ ၅  )



ယတြာ - မွေးနံဂြိုလ်ထောင့်တွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။



                                                                             ဆရာမဒေါက်တာ စောယုနွယ်၊ Ph.D(Tantra)



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။