Lotayamm

search
မာတိကာ

contents

သတင်းများ

ဖေဖော်ဝါရီလ ၁၀ရက်နေ့ ၇ရက်သားသမီး ဗေဒင်

နေ့ရက်:
Feb 10, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီရက်အတွင်း ကိုယ်လုပ်သမျှကိစ္စတွေအကုန်လုံးကို အနှောက်အယှက်ပေးမယ့်သူတွေနဲ့ ကြုံတွေ့ရတတ်ပြီး လုပ်မယ်လို့ကြံစည်ထားတဲ့ လုပ်ငန်းတစ်ချို့လည်း အထစ်အငေါ့ဖြစ်တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာလည်း လမ်းခွဲရတဲ့အထိ ဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေကြားကပဲ အလုပ်နေရာနဲ့ပတ်သက်လို့ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် အုန်းညွှန့် ကပ်လှူ ဆုတောင်းပေးပါ။



 



တနင်္လာ -  ဒီနေ့မှာ နေရာထိုင်ခင်း ကိစ္စ အဆောက်အဦးကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်အောင်မြင်နိုင်မယ့် အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်စာတမ်း ကိစ္စတွေမှာတော့ သတိထားလုပ်ဆောင်သင့်ပါတယ်။ ခရီးထွက်ရမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အနည်းငယ် စိတ်ညစ်ရတတ်ပြီး အကြီးအကဲတွေရဲ့ ပံ့ပိုးမှု ရရှိနိုင်မယ့် ကာလပါပဲ။ ကျန်းမာရေး၊ ပညာရေးကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် ကံ့ကော်ပန်းကပ်လှူပြီး လိုရာဆုတောင်းပါ။



 



အင်္ဂါ - အင်္ဂါသားသမီးတွေ အနေနဲ့  အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ပညာရေး၊ ကျန်းမာရေးအစ အိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ငွေတစ်လုံးတစ်ခဲတည်း ၀င်ကိန်းရှိပြီး သူတစ်ပါးကို ချေးငှားလိုက်တဲ့ ငွေကြေး ကိစ္စတွေအတွက်တော့ ဆုံးရှုံးရကိန်း သို့မဟုတ် အမှုအခင်း ဖြစ်နိုင်ခြေရှိလို့ သတိပြုသင့်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် စံပယ်ပန်း ၃ကုံးကပ်လှူပေးပါ။



 



ဗုဒ္ဓဟူး - နိုင်ငံခြားခရီးစီစဉ်နေသူများ အထမြောက်အောင်မြင်နိုင်မယ့် ကာလဖြစ်ပြီး ရပ်ဝေးက ဆွေမျိုးတွေမိတ်ဆွေတွေနဲ့လည်း ပြန်လည်ဆုံတွေ့နိုင်မယ့် ကာလလို့ပြောရမှာပါ။ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး အရောင်းအ၀ယ်ပြုလုပ်သူတွေအနေနဲ့တော့ အမှားအယွင်းဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ အိမ်နေရာထိုင်ခင်းအသစ် ပြောင်းရွှေ့ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ ရောဂါဟောင်းတစ်ချို့ပြန်လည်ပေါ်လာ တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အနည်းငယ် စိတ်ရှုတ်ရမယ့် ကာလပါပဲ။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပြီး လိုရာဆုတောင်းပါ။



 



ရာဟု - ရာဟုသားသမီးတွေကတော့  မိတ်ဆွေ၊ မောင်နှမတွေနဲ့ စကားများရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သူများပြုလုပ်တဲ့ အရှုတ်အရှင်းကြား ပါဝင်ပတ်သက်ရတတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်း ငွေကြေးပိုင်း အခက်အခဲတွေအတွက် ဆွေမျိုးထဲက အမျိုးသမီးကြီးတစ်ဦးရဲ့ အကူအညီနဲ့ အဆင်ပြေသွားပါလိမ့်မယ်။ ဒီရက်ပိုင်းမှာ အဖိုးတန်ပစ္စည်းတွေအရောင်းအ၀ယ် ပြုလုပ်မိရင် အမှားအယွင်းကြုံတတ်တာဖြစ်လို့ ဈေးကြီးတဲ့ပစ္စည်းအရောင်းအ၀ယ်ကို မပြုလုပ်ပဲ ရပ်နားထားသင့်ပါတယ်။  



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် ယပ်အ၀ါရောင် ၈ချောင်း  ကပ်လှူ ဆုတောင်းပါ။



 



ကြာသပတေး - လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်း အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အချစ်ရေးကံလည်း ကောင်းနေပြီး ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေတွေ ပြန်ရလာတတ်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့  သတိထား ဆက်ဆံသင့်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူဆုတောင်းပါ။



 



သောကြာ - သောကြာသားသမီးတွေအနေနဲ့  ဒီရက်ပိုင်းမှာ အသွားအလာ ဂရုစိုက်သင့်ပါတယ်။ ယာဉ်၊ စက်ပစ္စည်ပိုင်းညံ့နေတာဖြစ်လို့ လမ်းသွားလာရင်း ကားလမ်းကူးတာကအစ သတိပြုသင့်ပါတယ်။ ဒီရက်အတွင်း သွားလာရမယ့် ခရီးရှိရင်တော့ ဒါက ငွေရမယ့် ခရီးပါပဲ။ အလုပ်ရှင်နဲ့ အကြီးအကဲတွေက ကူညီပေးမယ့် ကာလဖြစ်ပြီး အဖိုးတန်ပစ္စည်းတွေလည်း ၀င်လာတတ်ပါသေးတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်သဘောထားကွဲလွဲတတ်ပြီး ကျန်းမာရေးပိုင်းကတော့ ခေါင်းမူးခေါင်းကိုက်လောက်ပဲ ရှိနေမှာဖြစ်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူ ဆုတောင်းပေးပါ။



 



စနေ - ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိနေပါတယ်။ ပြီးတော့ ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာ အထူးအောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးပိုင်းဆိုင်ရာမှာ အကြောနဲ့ပတ်သက်တဲ့ ရောဂါဖြစ်လေ့ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိတတ်လို့သတိပြုရမှာဖြစ်ပါတယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်ပါပဲ။ အချစ်ရေးအနေနဲ့ သူများအတွဲကြား၊ လင်မယားကြား ၀င်မပါမိဖို့ သတိပြုပါ။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် နဂါးမောက်သီး ကပ်လှူဆုတောင်းပါ။



                                                                                                                          



                                                                                                LEO


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။