Lotayamm

search
မာတိကာ

contents

သတင်းများ

ဖေဖော်ဝါရီ ၉ရက်နေ့ ၇ရက်သားသမီးဗေဒင်

နေ့ရက်:
Feb 9, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တိုးချဲ့ရကိန်းရှိပြီး လက်ရှိဝန်ထမ်းအဖြစ်လုပ်ကိုင်နေတယ်ဆိုရင်တော့ အလုပ်သစ်မှာလုပ်ငန်းပုံစံအသစ် ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပါတယ်။ ဆုံးရှုံးပြီလို့ ထင်တဲ့ ငွေကြေးတွေကို ပြန်လည်ရရှိလာပါလိမ့်မယ်။ ဒါပေမယ့် စပ်တူရှယ်ယာလုပ်ငန်းနဲ့ ပတ်သက်ပြီးရှောင်သင့်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - ဘုရားတွင် အအေးဖျော်ရည်ကပ်လှူပေးပါ။



 



တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ မိမိအပေါ် အကူအညီပေးမယ့်သူများပေါ်ပေါက်လာမှာဖြစ်ပြီးကိုယ့်အပေါ် မကောင်းမြင်နေတဲ့သူတွေတောင်မှ ဒီကာလမှာကိုယ့်အပေါ် ပြန်ပြီးကောင်းလာနိုင်တဲ့အချိန်ပါပဲ။ ပညာရေးအနည်းငယ်ညံ့နေပြီးစိတ်လေနေတတ်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - လမ်းတွင်တွေ့သောခွေးလေးများအားတတ်နိုင်သလောက် ကျွေးမွေးလှူဒါန်းပေးပါ။



 



အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအနည်းငယ် ပြေလျော့သွားနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးပိုင်းဆိုင်ရာကတော့ အနည်းငယ်ညံ့နေပါသေးတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသစ် စတင်တိုးချဲ့သင့်တဲ့ကာလဖြစ်ပြီး ငွေကြေးကံကောင်းနေတဲ့ကာလပါပဲ။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။



ယတြာ - အိမ်ရှိဘုရားတွင် ဆီးဖျော်ရည်ကပ်လှူဆုတောင်းပါ။



ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် အိမ်သားတစ်ဦးဦးရဲ့ မင်္ဂလာသတင်းစကားကြားသိရတာမျိုးဒါမှမဟုတ် အမျိုးထဲမှာမင်္ဂလာသတင်းကြားသိရတာမျိုးရှိလာနိုင်ပါတယ်။ ခြေထောက် ဒါမှမဟုတ် လက်ထိခိုက် ဒဏ်ရာအသေးစားရရှိတတ်လို့ သတိပြုသင့်ပါတယ်။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာနိုင်တဲ့ နေ့ရက်ဖြစ်ပြီး ဒီရက်မှာလုပ်ငန်းစပ်တူလုပ်ကိုင်တာမျိုးရှောင်ကြဉ်သင့်ပါတယ်။



 



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။



ယတြာ - ဘုရားတွင် လိမ္မော်သီးကပ်လှူပေးပါ။



 



ရာဟု - ရာဟုသားသမီးတွေကတော့ အချစ်ရေးစန်းပွင့်နေတဲ့ ကာလပါပဲ။ အိမ်ထောင်ရှိသူတွေနဲ့ မပတ်သက်မိဖို့တော့ သတိပြုရမှာဖြစ်ပြီးပတ်သက်မိရင် ကိုယ်ကမှန်နေရင်တောင်မှ သိက္ခာကျနိုင်တဲ့ အနေအထားရှိနေပါတယ်။ ပညာရေး၊ ကျန်းမာရေးကောင်းမွန်နေပြီး ၀င်ငွေလည်း အထိုက်အလျှောက်ကောင်းနေတဲ့ အချိန်လို့ဆိုရမှာပါ။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။



ယတြာ - အရေးကြီးလုပ်ငန်းများအတွက် ရွှေရောင်အ၀တ်အစားဝတ်ဆင်လုပ်ဆောင်ပေးပါ။



 



ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖြစ်စေစကားပြောဆိုရာမှာ အထင်အမြင်လွဲမှားခံရတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားရကိန်းရှိပြီးဒါဟာကောင်းသောသွားခြင်းမျိုး ဖြစ်လာပါလိမ့်မယ်။ မိဘသို့မဟုတ် ကြီးကဲသူတစ်ဦးဦး ကျန်းမာရေးညံ့နေတတ်တဲ့ ကာလဖြစ်လို့ အိမ်ရှိကြီးကဲသူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။



ယတြာ - ဘုရားတွင် မက်မွန်သီးကပ်လှူပေးပါ။



 



သောကြာ - ပညာရေးပိုင်းအထူးကောင်းမွန်နေပြီး နိုင်ငံခြားကိုပညာတော်သင် သွားရကိန်းရှိလာတတ်ပါတယ်။ ၀င်ငွေများသလောက် ထွက်ငွေများနေမယ့် ကာလဖြစ်ပြီးကျန်းမာရေးနဲ့ အချစ်ရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ အိမ်နေရာထိုင်ခင်းအပြောင်းအလဲရှိနေပြီးလက်ရှိလုပ်ကိုင်နေတဲ့ အလုပ်မှာလည်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ကိုင်လိုစိတ် အားနည်းနေမယ့် ကာလပါပဲ။



 



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။



ယတြာ - ဘုရားတွင်သပြေပန်းကပ်လှူပေးပါ။



 



စနေ - ဒီနေ့မှာစနေသားသမီးတွေအတွက် အောက်လက်ငယ်သားဒုက္ခပေးတတ်ပြီးလူမျိုးခြားနဲ့ တွဲဖက်လုပ်ဆောင်မှုကနေအောင်မြင်မှု ရရှိလာနိုင်တဲ့ ကာလပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချောက်တွန်းမှု ခံရတတ်ပြီးလက်ရှိအလုပ်မှာစိတ်ညစ်နေတတ်ပါတယ်။ ဒါပေမယ့် အလုပ်သစ်ပြောင်းရင် ဒီထက်ပိုဆိုးနိုင်တဲ့ အနေအထားဖြစ်လို့ လက်ရှိမှာပဲသည်းခံပြီးလုပ်ဆောင်သင့်ပါတယ်။ အလုပ်မရှိသေးသူတွေအနေနဲ့ အနုပညာနဲ့ ဆက်နွယ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာလုပ်ဆောင်ရင် အထူးကောင်းမွန်နိုင်မှာဖြစ်ပါတယ်။



နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။



ယတြာ - ဘုရားတွင် ထမင်းနှင့်ဟင်းကပ်လှူပေးပါ။



LEO 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။