Lotayamm

search
မာတိကာ

contents

သတင်းများ

စက်တင်ဘာ ၁၂ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
ဗေဒင်
Lotayamm

တနင်္ဂနွေ - စက်တင်ဘာ ၁၂ရက်နေ့မှာတော့ တနင်္ဂနွေသားသမီးတွေအတွက် အဖိုးတန်ပစ္စည်းတွေ လက်ဆောင်ရရှိတတ်ပါတယ်။ ရပ်ဝေးကနေ ဧည့်သည်ရောက်ရှိလာတတ်ပြီး အကြောင်းကြောင်းကြောင့် ထွက်သွားတဲ့ ငွေတွေလည်း ပြန်လည်ရရှိလာတတ်တဲ့ ကာလပါပဲ။ အချစ်ရေး၊ ပညာရေးလည်း ကောင်းမွန်နေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - မိမိ၏ အခန်းသို့မဟုတ် အိမ်ရှင်းပေးခြင်းဖြင့် ကံကောင်းခြင်းများရရှိနိုင်ပါလိမ့်မယ်။



တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ စက်တင်ဘာ ၁၂ရက်နေ့မှာ အောက်လက်ငယ်သား ဒုက္ခပေးတာမျိုး ကြုံရတတ်ပါတယ်။ စကားမတည်သူများနှင့် ကြုံရတတ်ပြီး နိုင်ငံခြားသားများနှင့် ပူးတွဲလုပ်ကိုင်မှုပိုင်းမှာတော့ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုမျိုး စတင်သင့်သော အချိန်လည်းဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အညံ့များပြေပျောက်စေရန် အိမ်ရှိ ကတ်ကြေးအဟောင်းများ စွန့်ပစ်လိုက်ပါ။



အင်္ဂါ - စက်တင်ဘာ ၁၂ရက်နေ့ကတော့ အင်္ဂါသားသမီးတွေအတွက် အချစ်ရေးကံ အထူးကောင်းမွန်တဲ့နေ့ပါပဲ။ ဒီနေ့မှာ ငွေပေးငွေယူ ကိစ္စတွေအတွက် သတိထားလုပ်ဆောင်သင့်ပြီး နိုင်ငံခြား ခရီးစဉ်များလည်း ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်အသစ်ပြင်ဆင်ရတာမျိုး၊ အိမ်သစ်ဝင်လာတာမျိုး ကြုံရတတ်ပြီး ကိုယ်မလုပ်တဲ့ ကိစ္စအတွက် သူတပါးချောက်တွန်းတာမျိုး ခံရတတ်တာကြောင့် သတိထား ဆက်ဆံသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - စံပယ်ပန်းကို ဘုရားကပ်လှူပေးပါ။



ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ၀င်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်းအထူးကောင်းမွန်နေတာကြောင့် သင်တန်းတက်ဖို့ ရည်မှန်းထားရင် မဖြစ်မနေ တက်ရောက်သင့်ပါတယ်။ အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ရွက်လှပန်းကပ်လှူ ဆုတောင်းပါ။



ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းအတွင်း အလုပ်သစ်ကို စိတ်မှန်းနေတတ်ပြီး ကမ်းလှမ်းမှုတွေအတွက် မ၀ံ့မရဲ စိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးပိုင်း အနည်းငယ် ချူချာတတ်ပြီး ထီကံကောင်းနေလို့ ထီထိုးမယ်ဆိုရင် ပေါက်နိုင်တဲ့ အချိန်ပဲဖြစ်ပါတယ်။ ၀င်ငွေနဲ့ ထွက်ငွေ မမျှတဲ့ကာလဖြစ်ပြီး မိမိကိုင်ဆောင်နေတဲ့ ဖုန်းအပါအ၀င် ကြာသပတေးနံ ညံ့နေတာကြောင့် သတိထားသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားပန်းလဲလှယ်ပြီး လိုရာဆုတောင်းနိုင်ပါတယ်။



ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ဒီနေ့မှာ ကံကောင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ပညာရေး၊ အချစ်ရေး အစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။ အစားအသောက် ဆင်ခြင်ဖို့လိုအပ်ပြီး နေရာထိုင်ခင်းသစ် ရရှိတာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။ လက်လွန်ထားတဲ့ ငွေတွေလည်း ပြန်လည်ရရှိလာမယ့် ကာလပါပဲ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ မနက်၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် ပန်းသီးကပ်လှူ ဆုတောင်းပါ။



သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာ ထိခိုက်ဒဏ်ရာရရှိမှုတွေကို သတိပြုသင့်ပါတယ်။ လက်၊ ခြေထောက်ပိုင်းဆိုင်ရာ အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး ယာယီပဲဖြစ်တာကြောင့် စိုးရိမ်စရာမရှိပါဘူး။ အချစ်ရေးမှာ ထူးထူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ပုံမှန်ထက် ငွေဝင်မယ့် ကာလပါပဲ။ အတွေးအခေါ်သစ်ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေ အကျိုးထူးရရှိစေနိုင်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားမှာ ထမင်းနဲ့ ဟင်း ဆွမ်းကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။



စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ သူငယ်ချင်းအရင်းခေါက်ခေါက်ကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆို ကိုယ့်အတွင်းရေးတွေပြောဆို တိုင်ပင်တာမျိုး ရှောင်ရှားလိုက်ပါ။ ငွေကြေးကံကောင်းနေပြီး အချစ်ရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - သက်ကြီးရွယ်အိုများအား ထွန်းေ၇ွှဝါဘူး လှူဒါန်း၍ ကုသိုလ်ပြုဆုတောင်းပါ။