contents

သတင်းများ

ဆာလဖာ မတည့်သည့်လူနာကို ဆာလဖာ ဆေးပေးလိုက်သောကြောင့် လူနာသေဆုံး ရဟုဆိုပြီး ဆေးကောင်စီသို့ တိုင်တန်းထား 

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ကျန်းမာရေး
Akonthi

Sulphur ဆာလဖာ မတည့်သည့်လူနာကို ဆာလဖာ ဆေးပေးလိုက်သောကြောင့် လူနာသေဆုံးသည်ဟုဆိုကာ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးအား ဆေးကောင်စီ သို့ တိုင်တန်းထားပြီး အဖြေသိရပါက သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ကာယကံရှင်မိသားစုမှ ဇူလိုင် ၁၀ရက်တွင် အကုန်သိသတင်းဌာနသို့ပြောသည်။



’’ဆေးကောင်စီက ကျွန်တော်တို့ ကို ခေါ်တွေ့တယ်။ တိုင်တန်းထားတာတွေ မှန်ကန်လား။နောက် အကြောင်းအရာတွေ အဖြစ်အပျက်တွေ မေးတယ်။ အဲဒီက ဆုံးဖြတ်ချက်သိရရင်တော့ သတင်းစာ ရှင်းလင်းပွဲလုပ်သွားမှာပါ’’ဟု မိသားစုဝင် ဦးတင်အောင်ဟိန်းက ပြောသည်။


ဆာလဖာ မတည့်သည့်လူနာကို ဆာလဖာ ဆေးပေးလိုက်သောကြောင့် လူနာသေဆုံး ရဟုဆိုပြီး ဆေးကောင်စီသို့ တိုင်တန်းထား 

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် ဧပြီလတွင် နမိုးနီးယားဖြစ်၍ မမေဇင်နွယ် သည် ပုဂ္ဂလိကဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရာ သက်ဆိုင်ရာ ဆရာဝန်ကြီးက ဆာလဖာပါဝင်သည့် ဆေးအလုံးရှစ်ဆယ်ကျော် တိုက်ခိုင်းသည်ဟုဆိုကာ ၄င်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဖခင် ဦးတင်မြင်က ဇူလိုင်လအတွင်း သတင်းမီဒီယာများသို့ ပြောကြားထားသည်။



ထို့ကြောင့် ဇူလိုင်လ၄ ရက်တွင် ဆေးကောင်စီမှ  တိုင်ကြားမှုကို ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သည်။ လက်ရှိတွင် ဆေးကောင်စီအပါအ၀င် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုပါ စာဖြင့်လိပ်မူပေးပို့ကာ တိုင်ကြားထားကြောင်းသိရသည်။  လတ်တလော ၌ ဆရာဝန်ကြီးမှာ စင်္ကာပူနိုင်ငံသို့ နှလုံးကုသမှုခံယူရန် သွားရောက်နေကြောင်း သိရသည်။



- မင်းသီဟန်(အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။