contents

သတင်းများ

ဆေးလိပ်ဖြတ်လိုက်ရင် အချိန်နဲ့တပြေးညီခံစားရမယ့် ကျန်းမာရေး အကျိုးကျေးဇူး(၁၀)ချက်

နေ့ရက်:
Mar 13, 2018


အမျိုးအစား :
ကျန်းမာရေး
Shwemom

နေ့စဉ်ထိတွေ့နေရတဲ့ တီဗီ၊ သတင်းစာ၊ စာစောင်က အစပြုလို့ ဘတ်စ်ကားတွေ၊ တက္ကစီတွေပေါ်မှာသာမက ယုတ်စွဆုံး အများပြည်သူသုံး အိမ်သာပေါ်မှာပါ လူတိုင်းမြင်ဖူးနေကျ စာသား တစ်ကြောင်းရှိပါတယ်။


“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်”


SafetySigns

လူဆိုတာ မကောင်းတာကိုမှ မွေ့လျော်တတ်တဲ့ စရိုက်ရှိသူတွေပီပီ ဆေးလိပ်ကြိုက်သူတွေဟာ မကောင်းမှန်း သိပေမယ့် ဆေးလိပ်ဖြတ်ဖို့မဆိုထားနဲ့ လျှော့သောက်ဖို့တောင် တွေးခဲပါတယ်။ အသက်အန္တရာယ်ရှိလာတဲ့ အခြေအနေမျိုးမှသာ ကျန်းမာရေးကြောင့် မတတ်သာလို့ ဖြတ်ကျတာပါ။ ဒါတောင် ကျန်းမာရေးကောင်းလာတဲ့အခါ လစ်ရင်လစ်သလို ခိုးသောက်တတ်ပါသေးတယ်။ ဆေးလိပ်သောက်ရင် “ဆေးလိပ်ဖိုးကုန်မယ်၊ ဘေးလူတွေ အနှောင့်အယှက်ဖြစ်မယ်၊ ကိုယ်တိုင်ကျန်းမာရေးထိခိုက်မယ်” ဆိုပြီး လူတွေပြောနေကျ ဆိုးကျိုးတွေကို ဆေးလိပ်သမားတိုင်း သိပါတယ်။ ဒါပေမယ့် သိသိကြီးနဲ့ ကြိုက်လွန်းလို့သောက်နေတဲ့ ဆေးလိပ်သမားတွေအတွက် ဆေးလိပ်ဖြတ်ပြီးရင် ချက်ချင်းလက်ငင်းနဲ့ ရှေရှည်မှာ သေချာပေါက်ခံစားရမယ့် ကျန်းမာရေး အကျိုးကျေးဇူး(၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


Youtube

၁ – ဆေးလိပ်ဖြတ်ပြီး မိနစ်(၂၀)အတွင်း သင့်ရဲ့သွေးဖိအားဟာ ပုံမှန်အခြေအနေ ပြန်ရောက်သွားမှာပါ။ ခြေထောက်နဲ့လက်တွေစီကို သွေးလည်ပတ်မှုကလည်း နဂိုမူလအတိုင်း ဖြစ်သွားပါပြီ။


၂ – ဆေးလိပ်ဖြတ်ပြီး (၈)နာရီကြာရင်တော့ သင့်ရဲ့သွေးထဲက ဆိုးကျိုးပေးနေတဲ့ Carbon monoxide ဓာတ်တွေဟာ ထက်ဝက်ခန့် လျော့ကျသွားပါပြီ။ ဒီဓာတ်တွေ လျော့ကျသွားလို့ အောက်ဆီဂျင်ဟာ သွေးထဲက အညစ်အကြေးတွေနဲ့ အန္တရာယ်ပေးတဲ့ ဘက်တီးရီးယားတွေကို ပိုမိုရှင်းထုတ်ပေးနိုင်ပါလိမ့်မယ်။


၃ – ဆေးလိပ်ဖြတ်ပြီး (၄၈)နာရီကြာရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ချေဟာ မြင့်တက်နေရာကနေ ပုံမှန်ရာခိုင်နှုန်းကို ပြန်ရောက်သွားပါပြီ။ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းဓာတ်ဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ ခုဆိုရင် တော့ ခန္ဓာကိုယ်ထဲမှာ နစ်ကိုတင်း ကင်းစင်သွားပြီဖြစ်ပြီး နှာခေါင်းထဲစွဲနေတဲ့ နစ်ကိုတင်းအနံ့နဲ့ နှုတ်ခမ်းပေါ်က နစ်ကိုတင်းအရသာလည်း လုံးဝပျောက်သွားပါပြီ။


၎ – ဆေးလိပ်ဖြတ်ပြီး (၃)ရက်အကြာမှာတော့အဆုတ်ကို လေ၀င်တဲ့ လမ်းကြောင်းဟာ သန့်ရှင်းသွားပြီဖြစ်လို့ အသက်ရှုရတာ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာမှာပါ။ ဒီအဆင့်ရောက်ရင်တော့ သင်ဟာ ဆေးလိပ်ဖြတ်မိလို့ စိတ်မအီမသာဖြစ်တာမျိုး မရှိတော့ဘဲ တက်ကြွပြီး လန်းဆန်းနေပါလိမ့်မယ်။


Mensxp

၅ – ဆေးလိပ်ဖြတ်ပြီး (၂)ပတ်ကနေ (၂)လအတွင်း သင့်အဆုတ်ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ ၃၀% တိုးတက်လာ ပါလိမ့်မယ်။ ဒီအတွက်ကြောင့် သင့်ရဲ့သွေးလှည့်ပတ်မှုဟာ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး လမ်းလျှောက်တဲ့အခါ အရမ်းကို သက်တောင့်သက်သာဖြစ်ပြီး ခဏလေးနဲ့ မမောတော့ပါဘူး။


၆ – ဆေးလိပ်ဖြတ်ပြီး (၃)လကနေ (၉)လအတွင်း ချောင်းဆိုးခြင်း၊ လည်ချောင်း ကြွက်သားနာခြင်း နဲ့ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကြောင့် အသက်ရှုရတာ အခက်မတွေ့ နိုင်တော့ပါဘူး။ ဒီအဆင့်မှာ တော့ အဆုတ်ကို လေ၀င်တဲ့လမ်းကြောင်းဟာ သလိပ်တွေနဲ့ အဆုတ်ထဲက ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ပိုမိုသန့်စင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။


၇ – ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အကြာမှာ (နှလုံးရောဂါ မရှိသေးသူဆိုရင်) နှလုံးရောဂါ ဖြစ်နိုင်ချေဟာ ထက်ဝက်ခန့် လျော့ကျသွားမှာဖြစ်ပြီး ဆေးလိပ်မသောက်တဲ့လူတစ်ယောက်လို အားအင်တွေ ပြန်လည်ရရှိလာမှာပါ။


TPT

၈ – ဆေးလိပ်ဖြတ်ပြီး (၅)နှစ်အကြာမှာ နှလုံးရောဂါ ရုတ်တရက်ထဖောက်ဖို့ ရာခိုင်နှုန်းဟာ ဆေးလိပ်မသောက် ဖူးတဲ့ လူတစ်ယောက်နဲ့ အတူတူ ဖြစ်သွားပါပြီ။


၉ – ဆေးလိပ်ဖြတ်ပြီး (၁၀)နှစ်အကြာမှာ ဆေးလိပ်ကြောင့် အဆုတ်ကို ထိခိုက်ခဲ့သမျှ အကုန်လုံး ပုံမှန်ပြန်ဖြစ် သွားပါပြီ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေဟာလည်း ဆေးလိပ်တစ်ခါမှ မသောက်ဖူးတဲ့ လူတစ်ယောက်နဲ့ ရာခိုင်နှုန်းတူတူ ဖြစ်နေမှာပါ။ အရေးအကြီးဆုံးကတော့ ဆေးရွက်ကြီးနဲ့ နစ်ကိုတင်းကြောင့် ထိခိုက်ခဲ့တဲ့ ကိုယ်တွင်းအင်္ဂါတွေ အားလုံးနီးပါးဟာ နဂိုပုံမှန် အကောင်းအတိုင်း ပြန်ဖြစ်သွားပါပြီ။


၁၀ – ဆေးလိပ်ဖြတ်ပြီး  (၁၅)နှစ်အကြာမှာ သင့်ခန္ဓာကိုယ်ဟာ ပုံမှန်လူတစ်ယောက်လို ၁၀၀% ပြန်ဖြစ်သွားပါပြီ။


Source : Theheartysoul


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။