Lotayamm

search
မာတိကာ

contents

သတင်းများ

ဗိုက်ပူတဲ့ပုံစံအလိုက် အမြန်ဆုံးဗိုက်ချပ်သွားစေမယ့် နည်းလမ်းများ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
ကျန်းမာရေး
Shwemom

ဗိုက်ပူတာ၊ ဗိုက်ရွှဲတာ လုံးဝကြည့်လို့မလှတဲ့အပြင် ကိုယ်တိုင်လည်း စိတ်မသက်မသာဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ မိမိရဲ့ဗိုက်ပူတဲ့ ပုံစံအလိုက် အမြန်ဆုံးဗိုက်ချပ်သွားစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ခုဖော်ပြမယ့်အထဲက သင်ဟာ ဘယ်ဗိုက်အမျိုးအစားထဲမှာပါပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။


(၁) အရက်ကြောင့်ပူတဲ့ဗိုက်



ဘီယာ၊ ဝိုင်နဲ့ တခြားအရက်ပါတဲ့သောက်စရာတွေဟာ အစာချေစနစ်ကို အနှောက်အယှက်ပေးပါတယ်။ ပြီးတော့ အရက်မှာ ကယ်လိုရီများစွာလည်း ပါဝင်နေပါတယ်။ ဒီလိုဗိုက်အမျိုးအစားဟာ အရက်သောက်တာကိုရပ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးပေးရင် ချပ်ရပ်တဲ့ဗိုက်ကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။


(၂) မိခင်ဗိုက်



မီးဖွားပြီးစ ကလေးမေမေတွေရဲ့ ဗိုက်မှာ အဆီတွေ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ လေ့ကျင့်ခန်းများများလုပ်ပြီး ကောင်းမွန်စွာ နှိပ်နယ်ပေးရပါမယ်။ နောက်ပြီး ဆရာဝန်နဲ့လည်း မကြာမကြာ ပြသပေးသင့်ပါတယ်။


(၃) လျော့တွဲနေသောဗိုက်



စိတ်ဖိစီးမှုနဲ့ အိပ်ရေးမဝခြင်းတွေဟာ ဗိုက်သားတွေကို လျော့တွဲစေပြီး အဆီပိုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ရှစ်နာရီပြည့်အောင်အိပ်ပြီး ကျန်းမာရေးနဲ့မကိုက်ညီတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ကော်ဖီလည်းအရမ်းမသောက်ပါနဲ့။


(၄) အောက်ဗိုက်ပူခြင်း



ဒါကတော့ ဟောမုန်းမညီတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အစားအသောက်ပုံစံကို ပြောင်းရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို စားပြီး ဆရာဝန်နဲ့လည်း သေသေချာချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


(၅) တစ်ပြင်လုံးပူနေသောဗိုက်


ဒါကတော့ သင့်ရဲ့အစာချေစနစ် တစ်ခုခု ချို့ယွင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ရေများများသောက်ပြီး ဆေးလည်းသောက်ပေးပါ။


Em Em(Shwemom)



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။